ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ အိမ်ငှားနေတဲ့ CDM ဆရာဝန်တစ်ဦးနဲ့အိမ်ရှင်သားအမိနှစ်ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ဘဲအင်းရပ်ကွက်မှာ အိမ်ငှားနေထိုင်တဲ့ CDMဆရာဝန်တစ်ဦးနဲ့ အိမ်ငှားခဲ့တဲ့ အိမ်ရှင်တွေကို ဇူလိုင် ၂၇ရက်မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေက DNA ကိုပြောပါတယ်။ ” အိမ်ရှင်တွေက ဦးကံမြင့်ရဲ့ညီမ။ သူတို့က ငါးရောင်းတယ်။ သူတို့အိမ်ငှားနေတာက ရှောင်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေးဒရဲမှာ ဒီချုပ်အမတ်ရဲ့သားအပါအဝင် လူငယ် ခုနှစ်ဦး အဖမ်းခံရ

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့အဝင် တံတားစစ်ဆေးရေးဂိတ်မှာ ဇူလိုင် ၂၆ ရက်က ဗုံး နှစ်လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က NLD အမတ်ရဲ့ သားအပါအဝင် မြို့ခံလူငယ် ၇ ဦးကို ဧည့်စာရင်းအကြောင်းပြပြီးဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက DNA ကိုပြောပါတယ်။ “ဧည့်စာရင်းစစ်မလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ အကြမ်းဖက်စစ်တပ်က အင်အားဖြည့်ပြီး စစ်ဆေးမှုတွေလုပ်နေ

အကြမ်းဖက်စစ်တပ်က ရန်ကုန်တိုင်းတွင်းက မြို့နယ်အများအပြားမှာ အင်အားအများအပြားသုံးပြီး တင်းကြပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်နေပြီး တစ်နေရာကို အင်းအားအပြည့်ပါတဲ့ စစ်ကား ၄ စီးလောက်နဲ့ စစ်ဆေးနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ “ကျွန်တော်တွေ့တာဆိုရင် လေး၊ငါးနေရာလောက်ရှိပြီ။ တစ်နေရာကို စစ်ကား လေး၊ငါးစီးလောက်နဲ့ဒီကောင်တွေမပါဘူးဆိုရင် အယောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေကို နှစ်ဆပိုလုပ်မယ်

ကလေးမြို့ပင်မသပိတ်စစ်ကြောင်းအနေနဲ့အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်တဲ့နေရာမှာ အရင်ကထက် နှစ်ဆပိုမိုလုပ်ဆောင်သွားမယ်လို့ သပိတ်ခေါင်းဆောင်အမျိုးသမီးတစ်ဦးက DNA ကို ပြောပါတယ်။ “ကိုဂျင်မီတို့ကိစ္စကပါးစပ်ကနေ ဝမ်းနည်းကြောင်းပြောရတာထက် ရင်ထဲမှာပိုလို့ခံစားရပါတယ်။ စကစဘက်က စိတ်ဓာတ်တွေပြိုလဲအောင် အကြောက်တရားတွေဝင်အောင် အမျိုးမျိုးလုပ်ပြနေတာ။ သူတို့အဲ့လိုလုပ်ပြလေလေ ကျမတို့စိတ်ဓာတ်တွေပိုခိုင်မာလေ၊ ခံယူချက်တွေပြင်ထန်လာလေပါဘဲ။ အရင်ကထက် နှစ်ဆပိုလုပ်သွားမယ်” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို သေဒဏ်စီရင်တဲ့ လုပ်ရပ်အပေါ် ကမ္ဘာက ကန့်ကွက်ရှုတ်ချ

“အကြမ်းဖက်လုပ်ရပ်” တွေကို ကူညီပေးတယ်လို့ စွပ်စွဲခံထားရတဲ့ လွှတ်တော်အမတ်ဟောင်းနဲ့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းတို့အပါအဝင် အခြားနိုင်ငံရေးအကျဉ်းသားဟောင်း ၂ ဦးတို့ကို မြန်မာ့အာဏာသိမ်းစစ်တပ်က ဥပဒေမဲ့ သတ်ဖြတ်ခံရမှုနဲ့ ပတ်သတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုင်းရှင်းဖို့ထွက်လာတဲ့ စစ်တပ်၊ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဆယ်ကျော်သေ

မြင်းမူမြို့၊ ဂွေးပင်တောကျေးရွာ၊ ဘိုးမင်းကြီးကင်းကျေးရွာကြားနဲ့ အလ္လကပ္ပ ကျေးရွာကြားမှာ မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို ဇူလိုင် ၂၅ ရက်မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ ၂၀ ဦးခန့်သေဆုံးနိုင်တယ်လို့ Black Eagel Defense Force – MMU အဖွဲ့တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟင်္သာတမှာ ဗုံးသုံးကြိမ်ပေါက်ကွဲပြီး ပစ်ခတ်သံတွေ ထွက်ပေါ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှာ ဒီနေ့ည ၇ နာရီခွဲဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုတွေ နဲ့အတူ သေနတ်ပစ်ခတ်သံတွေဆူညံပြီး အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “ရုံးကြီးယရက ရုံးနားမှာ ကွဲတာ လိမ္မော်ရောင် မီးတန်းကြီးပါ ထွက်သွားတယ်၊ အဲလိုပေါက်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်မှာ သေဒဏ်ကျနိုင်ငံရေးအကျဥ်းသား သုံးဦး ထပ်မံစီရင်ခံရ

အင်းစိန်အကျဥ်းထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဥ်းသား ၃ဦးကို ထပ်မံစီရင်ခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးထွန်းကြည်က DNA ကို ပြောပါတယ်။ “အခုက သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသားက ရာနဲ့ချီပြီးရှိတယ်။နောက်ဆက်တွဲဘယ်နှစ်ယောက်ကိုစီရင်လဲဆိုတာတော့ အတိအ ကျမသိဘူး။ထောင်ဖရဲသီးတွေဆီက သတင်းစုံစမ်းနေတယ်။အနည်းဆုံး သုံးယောက်ကိုရှင်းလိုက်ပြီလို့တော့ သိရတယ်”လို့ နိုင်ငံရေးအကျဥ်းသားဟောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီည ရန်ကုန်မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ ဗုံးပေါက်ပွဲမှုတွေဆက်တိုက် ဆိုသလိုဖြစ်ပေါ်နေပြီး တချို့မြို့နယ်တွေမှာ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေကDNA ကိုပြောပါတယ်။ ဗုံးပေါက်ကွဲမှုတွေဟာ ဒီနေ့ဇူလိုင် ၂၆ရက် ဒီနေ့ ညနေပိုင်းကနေစတင်ဖြစ်ပွားခဲ့တာပါ။ ရွှေပြည်သာ၊မရမ်းကုန်း၊လှိုင်၊လှိုင်သာယာမှာ ဖြစ်ပွားခဲ့ပြီး တခြားမြို့နယ်တွေမှာတော့ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဆိုပါတယ်။ ရွှေပြည်သာမြို့နယ်မှာတော့ ဒီနေ့ည [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေးဒရဲတံတားစစ်ဆေးရေးဂိတ်မှာ ဗုံးနှစ်လုံးပေါက်

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ တံတားစစ်ဆေးရေးဂိတ်မှာဒီည ၈နာရီခွဲဝန်းကျင်မှာ ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ “နှစ်လုံးပေါက်တာ ၊ တလုံးကို ဆယ်စက္ကန့်လောက်ခြားတယ် ၊ ပေါက်ပြီး ခနနေတော့ သေနတ်တွေနဲ့ ရန်းသမ်းပစ်သံတွေကြားရတယ်”လို့ ဆိုပါတယ်။ ဒေးဒရဲမြို့မှာ မြို့ဝင်ဂိတ် [ဆက်လက်ဖတ်ရှုရန်]