ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါတောင်ပိုင်း လယ်မရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ရွာခံတချို့ကို ဓားစာခံအဖြစ်ဖမ်းထား

ဂန့်ဂေါမြို့နယ်တောင်ပိုင်းကလယ်မရွာကို စစ်ကောင်စီစစ်ကြောင်းက ဒီကနေ့ စက်တင်ဘာ (၁၃)ရက် ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရွာခံတချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ PDF ဂန့်ဂေါတောင်ပိုင်းအဖွဲ့ခေါင်းဆောင်ကိုဝေလေးက DNAကိုပြောပါတယ်။ “အိမ်ဘယ်နှလုံးလောင်တယ်ဆိုတာ ကျနော်တို့မသိနိုင်သေးဘူး၊ရွာထဲမှာလည်း ရွာသူရွာသားတချို့ကို ဓားစာခံအဖြစ်ဖမ်းထားတာရှိတယ်” လို့ ကိုဝေလေးကပြောပါတယ်။ စစ်ကောင်စီဟာ ယောဒေသ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU နယ်မြေထဲမှာ လပေါင်း နှစ်ဆယ်အတွင်း တိုက်ပွဲ ခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုက ငါးထောင်ကျော်သေ

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ အခုနှစ်ဩဂုတ်လအထိ လပေါင်းနှစ်ဆယ်အတွင်း တိုက်ပွဲခြောက်ထောင်ကျော်ဖြစ်ပြီး စစ်အုပ်စုဘက်က ငါးထောင်ကျော် သေဆုံးခဲ့တယ်လို့ KNU က ဒီကနေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ အာဏာမသိမ်းမီကတည်းက KNU လက်နက်ကိုင်တပ်တွေနဲ့ စစ်အုပ်စုကြားတိုက်ပွဲတွေရှိနေခဲ့တာဖြစ်ပြီး အာ ဏာသိမ်းဖို့တလအလို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီး နေအိမ်တချို့ လော့ဒေါင်းချခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေ ပြန်တွေ့နေပြီးစည်းကမ်းမလိုက်နာတဲ့ အိမ်တွေ ကို ကြိုးနီတား လော့ဒေါင်းချတာပြန်လုပ်နေတယ်လို့ ဘားအံမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။ “အဲဒီ့အိမ်မှာက စိတ်မနှံ့တဲ့ လူနာရှိနေပြီး အပြင်မထွက်ရ စည်းကမ်းချက်ကို မလိုက်နာတဲ့အတွက်ကြိုးတားပြီ lockdown [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့အနီးက မြစ်ကမ်းနားတလျှောက်ရွာတွေကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေ

ဒီကနေ့ မနက် ၅ နာရီလောက်ကစတင်ပြီး စစ်ကိုင်းမြို့နယ် စဉ့်ကိုင်ကျေးရွာနဲ့ အုတ်ဖိုကျေးရွာ၊ မြစ်ကမ်းနားတလျောက်ကို မတ္တရာမြို့နယ် အေးကျွန်းမှာ တပ်ထိုင်ထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူက DNA ကိုပြောပါတယ်။ “ရွာထဲမှာတော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့မြောက်ဘက် စိန်ဒူးကျေးရွာကနေအိမ်တွေကို စစ်ကောင်စီကမွှေနှောက်ပြီး ပစ္စည်းတွေခိုးယူ

ဂန့်ဂေါမြို့မြောက်ဘက် မြစ်သာမြစ်သာခြားတဲ့ စိန်ဒူးကျေးရွာကနေအိမ်တွေကို စစ်ကောင်စီစစ်ကြောင်းက မွေ နှောက်ပြီး ပစ္စည်းတွေခိုးယူသွားကြတယ်လို့ ဒေသခံတွေနဲ့ဒေသကာကွယ်ရေးတပ်တွေက DNA ကိုပြောပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ (၁၁)ရက်နေ့က စိန်ဒူးကျေးရွာကိုဝင်ရောက်ခဲ့တာ ဖြစ်ပြီးနှစ်ည အိပ်ပြီးနောက် ဒီကနေ့ (၁၃)ရက်နေ့မနက်မှာ ကျေးရွာကနေ ထွက်ခွာသွားကြပြီဖြစ်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရဲနှစ်ယောက်ပစ်သတ်ခံခဲ့ရတဲ့ ညောင်ဖြူပင် ရဲကင်းစခန်းအနီးကရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးနေ

ဈေးထွက်ဝယ်တဲ့ ရဲနှစ်ယောက် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ ညောင်ဖြူပင်ရွာ ရဲကင်းစခန်း အနီး တဝိုက်ကျေးရွာတွေကို စစ်တပ်က စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ကထုတ်ပြန်ပါတယ်။ မုံရွာမြို့၊ ညောင်ဖြူပင် ရဲကင်းစခန်းကို ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုန်းမြို့က ကျေးရွာတချို့ ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ စစ်တပ်ကခြိမ်းခြောက်လို့ လူရာနဲ့ချီ နေအိမ်တွေ စွန့်ခွာခဲ့ရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့က ကျေးရွာတချို့မှာ စစ်တပ်က ရွာထဲကမထွက်ရင် မီးရှို့မယ်လို့ခြိမ်းခြောက်တာကြောင့် ဒေသခံရာနဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်လာရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNUက ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။ မုန်းမြို့နယ် KNU စီမံအုပ်ချုပ်မှုနယ်မြေထဲကတမောခေါနဲ့ထောင်စု ကျေးရွာတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်သူ့ခုခံတော်လှန်စစ် (၁၁) လအတွင်း စစ်ကိုင်းတိုင်းမှာတိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့

ပြည်သူ့ခုခံတော်လှန်စစ်စတင်ကြောင်း ကြေညာပြီးနောက် (၁၁)လအတွင်း စစ်ကိုင်းတိုင်းအတွင်းမှာ တိုက်ပွဲ အများဆုံးဖြစ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရက ပြီးခဲ့တဲ့နှစ်စက်တင်ဘာ ၇ရက်မှာ ပြည်သူ့ခုခံတော်လှန်စစ် စတင်တယ်လို့ ကြေ ညာခဲ့တာဖြစ်ပြီး တနှစ်တာကာလအတွင်း ပြီးခဲ့တဲ့ ဩဂုတ်လအထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သပိတ်လုပ်ခဲ့တဲ့နေရာတွေမှာ စစ်တပ်က ဖမ်းဆီးစစ်ဆေးတာတွေရှိလို့ မန္တလေးသပိတ်အင်အားစုက ပြည်သူကိုတောင်းပန်

မန္တလေးမြို့က ပြောက်ကျားသပိတ်ပြုလုပ်ခဲ့တဲ့ နေရာတွေမှာ သပိတ်ပြီးတာနဲ့ စစ်တပ်က အနီးဝန်းကျင်က သပိတ်နဲ့မဆိုင်တဲ့ ပြည်သူတွေကို စစ်ဆေးဖမ်းဆီးတာတွေလုပ်တဲ့အတွက် ပြည်သူတွေကို တောင်းပန်တယ်လို့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက သပိတ်စစ်ကြောင်းတွေကို အကြမ်းဖက်ဖြိုခွင်းတဲ့အပြင် သပိတ်လှုပ်ရှားမှုတွေ စုဆုံ နေရာယူတဲ့ ပတ်ဝန်းကျင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံစစ်အင်ဂျင်နီယာတပ် အဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခံရ

မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းမပေါ် ခရေပင်လမ်းခွဲ မင်္ဂလာဒုံဈေးအနီးက စစ်အင်ဂျင်နီယာတပ်ကို Blood Debt For 21 (BD – 21) အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့ဖြ၀်တဲ့ Yangon Special Guerrilla Force ( YSGF [ဆက်လက်ဖတ်ရှုရန်]