ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ် တိုက်ပွဲ ပိုပြင်းထန်လာပြီး ဒေသခံရာဂဏန်း ထွက်ပြေးတိမ်းရှောင်နေရ

အောက်တိုဘာ ၊ ၂၈ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တိုက်ပွဲဟာ ဒီကနေ့ပိုမိုပြင်း ထန်လာပြီး ဒေသခံ ရာဂဏန်းလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ “တိုက်ပွဲကတော့ မနက်ကတည်းကဖြစ်တာ၊ စစ်ရေးက မနေ့ကထက်စာရင် ဒီနေ့က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘိုင်ဒန်နဲ့ ရှီ တွေ့ဆုံဆွေးနွေးရေးကိစ္စ သဘောတူညီမှု ရခဲ့ကြောင်း အမေရိကန်ပြော

အောက်တိုဘာ ၊ ၂၈ တရုတ်နဲ့ အမေရိကန် သမ္မတတွေ တွေ့ဆုံဆွေးနွေးရေးကိစ္စ ကြိုတင် သဘောတူညီမှုတွေ ရရှိခဲ့ပြီဖြစ်ကြောင်း အမေရိကန် အစိုးရ အရာရှိ တဦးက ပြောပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ် သမ္မတ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထိုင်းရောက် မြန်မာ MoU အလုပ်သမား ခြောက်ဆယ်နီးပါး အလုပ်လက်မဲ့ဖြစ်နေ၊ အေဂျင်စီက တာဝန်မယူ

အောက်တိုဘာ၊ ၂၆   ထိုင်းနိုင်ငံကို နှစ်နိုင်ငံအစိုးရချင်း သဘောတူညီချက် MoU စနစ်နဲ့ သွားတဲ့ မြန်မာအလုပ်သမား ၅၇ ဦးဟာ အောက်တိုဘာ ၁၂ ရက်မှာ ရောက်ခဲ့ပြီးကတည်းက အလုပ်လက်မဲ့ဖြစ်နေကြပြီး သူတို့ကို တာဝန်ယူပို့ပေးတဲ့ အလုပ်အကိုင်အေဂျင်စီကလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝိုင်းမော်မှာ လမ်းဘေးရပ်ထားတဲ့ ကားကို ဝင်တိုက်မိတဲ့ ဆိုင်ကယ်မောင်းသူ သေဆုံး

အောက်တိုဘာ ၊ ၂၆ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊သာဂရ အမှတ်(၄) ရပ်ကွက်မှာ ဒီကနေ့ မနက် ၂ နာရီခန့်က လမ်းမကြီးဘေးမှာရပ်ထားတဲ့ ငှက်ပျောတင်ကားကို ဝင်တိုုက်မိတဲ့ ဆိုင်ကယ်မောင်းသူ အမျိုးသားနေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇက်ဆိပ်မှာ ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF တိုက်ခိုက်

အောက်တိုဘာ ၊ ၂၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့မနက် ၆ နာရီခွဲလောက်မှာ ချင်းတွင်းမြစ်ဆိပ်ကမ်းကို ဆက်ကြေးကောက်ဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးအင်အားစု တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ (ဓားမဆိုင်းတပ်မတော်)တာဝန်ရှိသူက ဆိုပါတယ်။ “ ဇက်ဆိပ်(လှေဆိပ်) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖားကန့်မြို့အနီး နမ္မဖြစ်ရွာက စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

အောက်တိုဘာ၊၂၆ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး နမ္မဖြစ်ရွာရှိ မြန်မာသူရကျောက်စိမ်းကုမ္ပဏီဝင်းထဲမှာ တပ်စွဲထားတဲ့ စစ် ကောင်စီတပ်ကို KIAပူးပေါင်းအဖွဲ့က မနေ့ညပိုင်းမှာစီးနင်းတိုက်ခိုက်တာကြောင့် စစ်ကောင်စီတပ် သားတွေ သေဆုံးထိခိုက်မှုများသလို ထွက်ပြေးသွားသူတွေလည်းရှိတယ်လို့ တော်လှန်ရေးအင်အားစု နဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေကပြောကြပါတယ်။ အဲ့ဒီနေရာကို မနေ့ကညဆယ်နာရီဝန်းကျင်လောက်မှာ ကချင်လွတ်လပ်ရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီပဲယင်းမှာ စစ်ရှောင်တွေ တုတ်ကွေးအဖြစ်များနေလို့ ဆေးဝါးအကူအညီလိုအပ်

အောက်တိုဘာ ၊ ၂၆ စစ်ကိုင်းတိုင်း ၊ ရေးဦးခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတွေမှာ အမိုးအကာမလုံလောက်မှုတွေဖြစ်ပြီး  မိုးရေထဲ စစ်ရှောင်နေခဲ့ရတာကြောင့် စစ်ရှောင်ကူညီနေသူနဲ့စစ်ရှောင်တချို့  တုပ်ကွေးမိပြီး ဖျားနာနေကြတယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့များအဖွဲ့ထံက သိရပါတယ်။ ” ကျွန်တော် သိသလောက်ဆို လူဦးရေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အပြန်အလှန် ပိတ်ဆို့မှုတွေကြောင့် ကလေးနယ်တောင်ပိုင်း ဒေသခံတွေ စားသောက်ကုန်ပြတ်လပ်မှာ စိုးရိမ်နေရ

အောက်တိုဘာ၊ ၂၅ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းရွာတွေ၊နယ်မြေတဆက်တည်းရှိနေတဲ့ မကွေးတိုင်းဂန့်ဂေါမြောက်ပိုင်း ရွာတွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေရဲ့အပြန်အလှန်ပိတ်ဆို့မှုတွေကြောင့်စားသောက်ကုန် ပြတ် လပ်တာ၊ဈေးနှုန်းမြင့်တက်တာတွေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့နယ်တောင်ပိုင်းနဲ့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက မြောက်ခင်ရန်း၊ဟံ သာဝတီ၊ကြံသာ၊ကုက္ကားစတဲ့ပျူစောထီးရွာတွေကိုဒေသကာကွယ်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် ရိက္ခာ ပြတ်လပ်မှုတွေလချီကြုံတွေ့ရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုတလင်မှာ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးကျဆုံး

အောက်တိုဘာ ၊ ၂၅ စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် မုံရွာ-ရေဦးလမ်းပေါ်က သာရိုးကုန်းအနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာ ကွယ်ရေးတပ်တွေ ဒီကနေ့မနက်ပိုင်းကတိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကျဆုံးသွားတယ်လို့ ဒေသ တွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။  ဘုတလင်မြို့နယ် အနောက်တောင်ဘက် ခုနစ်မိုင်ခွဲလောက်အကွာက ယုန်လှေးကုန်းကျေးရွာကို စစ်ကြောင်းထိုး ခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆိုင်ကလုန်းမုန်တိုင်း သက်ရောက်မှုရှိနိုင်တဲ့ ရခိုင်မှာ အမြန်ရေယာဉ်ခရီးစဉ်တွေ ရပ်နား

အောက်တိုဘာ၊ ၂၄  ဆိုင်ကလုန်းမုန်တိုင်းဟာမွန်းရဲ့သက်ရောက်မှုဒဏ်ခံရနိုင်တဲ့ ရခိုင်ပြည်နယ်မှာ ပင်လယ်ဖြတ်ပြီးပြေးဆွဲပေးနေ တဲ့တခု တည်းသော ခရီးသည်တင်အမြန်ရေယာဉ်လိုင်း ရွှေပြည်တန်က ခရီးစဉ်တွေရပ်နားထား မယ်လို့အသိပေး ထားပါတယ်။  ရခိုင်ပြည်နယ် စစ်တွေကနေ ကျောက်ဖြူ၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်တို့ဆီ ပြေးဆွဲနေတဲ့ အမြန် [ဆက်လက်ဖတ်ရှုရန်]