ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်ကန်ရွာကို စစ်ကောင်စီက ဗုံးကြဲလို့ ဒေသခံတွေထွက်ပြေးနေရ၊တိုက်ပွဲလည်းဖြစ်နေ

မတ်၊ ၃၁ မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ကန်ရွာကို ဒီကနေ့ မတ်လ ၃၁ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စီး ၊ MI 35 တစီးနဲ့လေကြောင်းကနေလာရောက်ပစ်ခတ်တဲ့အတွက် ကန်ရွာကဒေသခံတွေ ဘေး လွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကန်ရွာရဲစခန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက ရွှေဆိုင်ဓားပြတိုက်သူတွေထဲက နှစ်ယောက်ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲက ပစ်သတ်ခဲ့ဟုဆို

မတ်၊ ၃၁ မန္တလေးမြို့က စိန်ကျော်မိုး ရွှေသန့်စင်လုပ်ငန်းကို ဓားပြတိုက်ခဲ့သူတွေ ထဲကဖမ်းဆီးရမိသူလေးယောက်အနက် တရားခံ နှစ်ယောက်ကို ထွက်ပြေးရန်ကြိုးစားလို့ဆိုပြီး ရဲကပစ်သတ်ခဲ့တယ်လို့ စစ်အုပ်စုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ မနေ့က ညပိုင်းက ဓားမြတိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ တရားခံ ဆန်းဝင်း(ဓားပြခေါင်းဆောင်)နဲ့တင်စိုး ဆိုသူတို့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ တရက်ကို နှစ်နာရီသာ မီးရတဲ့အတွက် အသေးစားလုပ်ငန်းတွေ ထိခိုက်လာ

မတ် ၊ ၃၀ မန္တလေးမြို့ပေါ်ရှိ တချို့မြို့နယ်တွေမှာ လျှပ်စစ်မီးလာချိန် တရက်မှာ နှစ်နာရီလောက်သာရတဲ့ အတွက် အသေးစားနဲ့ အလတ်စားစီးပွားရေး လုပ်ငန်းတွေမှာ ထိခိုက်မှုတွေရှိလာတယ်လို့ အဲဒီလုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။ စစ်အာဏသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီးပြတ်တောက်မှုက နေ့စဉ်ဆိုသလို ပြန်လည်ဖြစ်ပေါ်ခဲ့ပြီး အလှည့်ကျမီးပေးစနစ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထန်တလန်မြို့နယ်ခွာဖိုကျေးရွာ လေကြောင်းကဗုံးကြဲခံရပြီး အရပ်သား ဆယ်ဦးဝန်းကျင်သေဆုံး

မတ် ၊ ၃၀ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုကျေးရွာ ကို ဒီကနေ့ မတ်လ ၃၀ ရက် မနက်ပိုင်း မှာစစ်ကောင်စီက ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူဆယ်ဦးဝန်းကျင်သေဆုံးပြီး နှစ်ဆယ်ကျော် ဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။ ထန်တလန်မြို့ရဲ့မြောက်ဘက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပန်းတောင်းမှာရေလှူဖို့သွားရောက်တဲ့ ရေသယ်ကားတွေကိုစစ်ကောင်စီတပ်က ငွေကြေးတောင်းခံ

မတ်၊ ၃၀ ပန်းတောင်းမြို့နယ်ကရေရှားပါးမှုကြုံတွေ့နေရတဲ့ကျေးရွာတွေအတွက်ရေလာရောက်လှူဒါန်းတဲ့ရေသယ်ကားတွေအပေါ်စစ်ကောင်စီတပ်က တားဆီးစစ်ဆေးကာကားတစီးကို ငွေငါးသောင်းတောင်းခံနေတာရှိနေတယ်လို့ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရသိရပါတယ်။ ပန်းတောင်းမြို့နယ်က ကုန်းတွင်းကျေးရွာတွေဖြစ်တဲ့သဲဖြူ၊ မြေဝါမှန်ကုန်း၊ ကြာအင်း၊ ကျီးပင်၊ ပေပင်နဲ့ သပြေကုန်းစတဲ့ကျေးရွာတွေမှာ အခုမတ်လ နောက်ဆုံး သီတင်းပတ်ကစပြီး ရေရှားပါးမှုတွေစတင်ကြုံတွေ့နေကြရတာပါ။ အဲဒီရေရှားပါးတဲ့ကျေးရွာတွေကိုရေလာရောက်လှူဒါန်းကြတဲ့ပြည်မြို့ကရေသယ်ကားတွေအပေါ် ပန်းတောင်းမြို့နယ်အဝင် နဝဒေတံတားအဆင်းဂိတ်နဲ့ဒီးဒုတ်တံတား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့က စစ်အုပ်စု ဝန်ထမ်းကိုဖမ်းဆီးတရားစွဲ ၊တရားစွဲထားတဲ့ ဝန်ထမ်းသုံးဦးရှိလာ

မတ်၊ ၂၉ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ရခံ ကလေးမြို့နယ်ပြည်သူရဲတပ်ဖွဲ့က စစ်ကောင်စီဝန်ထမ်းတဦးကို  ဖမ်းဆီးရမိပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) အရ တရားစွဲဆိုထားတယ်လို့ ကလေးမြို့ ပြည်သူရဲတပ်ဖွဲ့ (တောင်ပိုင်း) တာဝန်ခံက DNA ကိုပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU နယ်မြေတွေမှာ စစ်ကောင်စီလက်ချက်နဲ့ နှစ်နှစ်အတွင်း အရပ်သားနှစ်ရာနီးပါးသေဆုံးခဲ့ရ

မတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ထိန်းချုပ်နယ်မြေ (၇) ခုမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၉၂ ဦး သေဆုံးပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ KNU [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။ “ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့မှာပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပြီး ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဆယ်ဝန်း ကျင်ဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က နေရာသုံးခုမှာ ဒီကနေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ နာရီပိုင်းအတွင်းပေါက်ကွဲမှု သုံးကြိမ်ဆက် တိုက် ဖြစ်ကာ လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားတဦး သေ ဆုံးတဲ့အပြင် ဒဏ် ရာ ရသူနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။  ရွှေဘို့မြို့ အဝေး‌ပြေးကားဝန်းအနီးတံတား‌ပေါ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာလူထုသပိတ်တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ သူနာပြုမသဉ္ဇာဟိန်းအတွက် နှစ်နှစ်ပြည့်အောက်မေ့ခြင်းအထိမ်းအမှတ် ကနီမှာပြုလုပ်

မတ်၊ ၂၈ ပြီးခဲ့တဲ့ ၂၀၂၁ မတ်လ  ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရတနာပုံရပ်ကွက်မှာလုပ်ခဲ့တဲ့ စစ်အာဏာသိမ်းဆန့်ကျင်တဲ့လူထုဆန္ဒပြပွဲကို စစ်တပ်ကပစ်ခတ်ရာမှာ သူနာပြုမသဉ္ဇာဟိန်းကျဆုံးခဲ့တာဒီကနေ့ ဆိုရင် ၂နှစ်ပြည့်ခဲ့ပါပြီ။ မသဉ္ဇာဟိန်းဟာ စစ်တပ်ပစ်ခတ်မှုကြား ဒဏ်ရာရသူတွေကို ဝင်ရောက်ဆွဲယူကုသပေးနေချိန်မှာစစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့်ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ရတာဖြစ်ပြီးကွယ်လွန်ချိန်မှာ အသက် [ဆက်လက်ဖတ်ရှုရန်]