ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့နယ်မှာ စစ်တပ်လက်ချက်ကြောင့် အရပ်သား သုံးဦးထပ်မံ သေဆုံး

မတ် ၊ ၂၁ ကလေးမြို့နယ်ပျဉ်းခုံလေးရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို အရပ်သားသုံးဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့တောင်ဖက်နဲ့ မြောက်ဖက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကတည်းက ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ ကလေးမြို့အခြေစိုက်အမြောက်တပ်ကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်လေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား ခြောက်ဦး ထပ်မံသေဆုံး ၊ တပတ်အတွင်း သေဆုံးသူ ၃၃ ဦးနဲ့ ဒဏ်ရာရသူ ၆၆ ဦးရှိ

မတ် ၊ ၂၁ ရခိုင်ပြည်နယ်မှာ စစ်ရေးရှုံးနိမ့်နေတဲ့စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး ဒီနေ့မှာလည်း မြောက်ဦးမြို့နယ် အထက်လေညှင်းတောင်ရွာကိုလေကြောင်းကဗုံးကြဲခဲ့လို့ကလေးငယ်တွေအပါအဝင် အရပ်သား ခြောက်ဦး သေဆုံးကာ ရှစ်ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့ မတ်လ ၂၁ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အလှူပွဲအတွက်ပစ္စည်းသွားဝယ်တဲ့ သံဖြူဇရပ်ဒေသခံလေးဦး နှစ်ပတ်ကြာအထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေ

မတ်၊ ၂၀ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်က ဒေသခံအမျိုးသားလေးဦးဟာ ရဟန်းခံရှင်ပြုပွဲမှာ လိုအပ်တဲ့အလှူပစ္စည်းတွေ ဝယ်ယူဖို့ မြို့တက်သွားတဲ့နောက် နှစ်ပတ်ကြာအထိ ပျောက်ဆုံးနေပြီးအဆက်အသွယ်မရတော့တာကြောင့် မိ သားစုဝင်တွေစိုးရိမ်နေကြရတယ်လို့ ပျောက်ဆုံးသူတွေထဲကတဦးနဲ့ ဆွေမျိုးတော်စပ်တဲ့ဒေသခံကDNAကို ပြော ပါတယ်။  “ခုထိတော့ ရှာနေတုန်းပဲ၊ သွားနိုင်တဲ့နေရာ၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို AA စတင်သိမ်းပိုက်

မတ် ၂၀ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ခုရှိတဲ့အထဲက ထက်ဝက်လောက်ဖြစ်တဲ့ ရှစ်မြို့နယ်ကိုသိမ်းပိုက်ထားပြီးတဲ့ ရခိုင့် တပ်တော် AA ဟာ  ဘူးသီးတောင်မြို့နယ် တောင်ဘဇားအခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၅၅၂ ကို မနေ့က သိမ်းပိုက် လိုက်ပြီလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကရင်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံး၊ လက်နက်မျိုးစုံ သုံးရာ့ ခြောက်ဆယ်ကျော်ရ

မတ် ၊ ၂၀ အခုလအတွင်း ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KNLA နဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ် စခန်းသိမ်းတိုက်ပွဲ ငါးခုမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်ကိုးဦးကျဆုံးကာ စစ်ကောင်စီဘက်ကတော့ လေးဆယ်ကျော်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကသိရပါတယ်။ KNLAနဲ့ပူးပေါင်းတပ်တွေဟာ အခုလ ၇ရက်ကနေမနေ့ကအထိ မြဝတီမြို့နယ်ထဲက သင်္ဃန်းညီနောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းနှစ်ခုဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမှာပြစ်ဒဏ်ချမှတ်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ထောင်မပို့ဘဲရဲစခန်းအချုပ်မှာပဲချုပ်နှောင်ထား

မတ် ၊ ၂၀ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ တရားစွဲဆို ထောင်ချထားတဲ့ အကျဉ်းသား ၊ အကျဉ်းသူ စုစု ပေါင်း လေးဆယ်ကို သက်ဆိုင်ရာ ထောင်တွေဆီကိုမပို့ဘဲ ရဲစခန်း အချူပ်ခန်းမှာပဲ ဖမ်းဆီးထားတာကြောင့်  အကျဉ်းသားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို စစ်ကောင်စီက ခရီးသွားလာခွင့်ပိတ်ပင်

မတ် ၁၉ ရခိုင်ပြည်နယ်မှတ်ပုံတင် (၁၁မျဉ်းစောင်း)ကိုင်ဆောင်သူတွေကို အဝေးပြေးခရီးသည်တင်ယာဉ် လိုင်းတွေအနေနဲ့ လက်မှတ်မရောင်းချဖို့ စစ်ကောင်စီကတားမြစ်ပိတ်ပင်ထားတယ်လို့ ယာဉ်လိုင်းတွေဆီကစုံစမ်းသိရှိရပါတယ်။ “ကားစီးမယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့ မိတ္တူုလိုမယ်၊ ၁၁ မျဉ်းစောင်းတွေဆိုရင်တော့ ကားစီးခွင့်မရဘူးနော်” လို့ ရန်ကုန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းတခုကDNAကို ပြောပါတယ်။ ၁၁မျဉ်းစောင်းမှတ်ပုံတင်ကိုင်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်မှုထမ်းမယ့် လူစာရင်းကောက်ခိုင်းနေလို့ သံတွဲက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထွက်စာတင်

မတ်၊ ၁၉ ကျေးရွာအလိုက် စစ်မှုထမ်းရမယ့် လူစာရင်းတွေ အ တင်းအဓမ္မကောက်ယူခိုင်းနေတာကြောင့် သံတွဲမြို့န ယ်အတွင်းကကျေးရွာအုပ်ချုပ်ရေးမှူးအားလုံးဟာ မတ်လ၁၈ရက်မှာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆီ ထွက်စာတင်ခဲ့ကြတယ်လို့ သိရပါတယ်။ “အုပ်ချုပ်ရေးမှူးတွေအကုန်လုံး နုတ်ထွက်ကြတာ၊ ပေါင်းပြီးထွက်စာတင်လိုက်တာပေ့ါ၊ ပြည်သူ့စစ် လူစာရင်းကောက်တော့ ရွာသားတွေက အမြင်မကြည်ကြဘူးလေ၊ အဲဒါကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးရက်အတွင်း အချိန်အခါမဟုတ် မိုးရွာနိုင်ပြီး လေပြင်းတိုက်ခတ်မှုလည်း ရှိနိုင်

မတ်၊ ၁၇   မြန်မာနိုင်ငံတဝှမ်းရှိ တိုင်းနဲ့ပြည်နယ်အားလုံးမှာ လာမယ့်ရက်ပိုင်း မတ်လ ၂၀၊ ၂၁ နဲ့ ၂၂ ရက်တွေမှာ လေပြင်းတိုက်ခတ်နိုင်ပြီး မိုးရွာသွန်းနိုင်ချေလည်း ရှိတယ်လို့ မိုးလေဝသစောင့်ကြည့်သူတွေက ပြောသလို မိုးလေဝသနဲ့ ဇလဗေဒဌာနကလည်း ထုတ်ပြန်အသိပေးထားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့ကိုသိမ်းနိုင်ခဲ့ပေမဲ့ စစ်ကူတွေထပ်ပို့တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်ဆုတ်ခဲ့တယ်လို့ထုတ်ပြန်

မတ် ၊ ၁၆ စစ်ကိုင်းတိုင်း၊ယင်းမာပင် ခရိုင် ချင်းတွင်းမြစ်အနောက်ဘက်ကမ်းပေါ်က ကနီမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေ မယ့် စစ်ကောင်စီဘက်က စစ်ကူအများအပြားထပ်ပို့တာ၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြန်ဆုတ်ခွာခဲ့ရ တယ်လို့ အမှတ်(၁)စစ်ဒေသက ဒီကနေ့ထုတ်ပြန်အသိပေးပါတယ်။ တော်လှန်ရေးအင်အားစုတွေဘက်က အခုလ ၂ရက်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် အာဏာသိမ်းပြီးနောက် [ဆက်လက်ဖတ်ရှုရန်]