No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သံတွဲမှာ စစ်တပ် ဗုံးကြဲလို့ စစ်ရှောင်အရပ်သား ၁၄ ဦးသေ၊ ၂၅ ဦးထက်မနည်း ဒဏ်ရာရ၊ ရခိုင်မှာစစ်တပ်လေကြောင်းတိုက်လိုက်လို့သုံးရက်အတွင်း ၁၈ ဦး သေ၃၇ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ၊ ၂၆ အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သံတွဲမြို့ထဲကို စစ်ကောင်စီတပ်က ဒီနေ့မနက်ပိုင်းမှာ လေကြောင်းကဗုံးကြဲခဲ့တာကြောင့် စစ်ဘေးရှောင်ကလေးငယ်တွေအပါ၀င် အရပ်သား ၁၄ ဦးထက်မနည်း သေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ AA နဲ့ ဒေသခံတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ပျူစောထီးနှစ်ဦးက ရဲတပ်သားတဦးကိုပစ်သတ်ပြီး မြိုင်ပကဖဆီလက်နက်ချ

စက်တင်ဘာ၊ ၂၅ မကွေးတိုင်းမြိုင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တဦးကို ပစ်သတ်ခဲ့တဲ့ ပျူစောထီးနှစ်ဦးက မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖဆီ လက်နက်အပ်ပူးပေါင်းလာတယ်လို့ အဲ့ဒီမြို့နယ် ပကဖခေါင်း ဆောင် ဗိုလ်လက်ျာက DNAကိုပြောပါတယ်။ “သူတို့နှစ်ယောက်လုံးက ပျူတွေ ။သူတို့အဖေတွေကလည်းပျူခေါင်းဆောင်တွေ”လို့ ဗိုလ်လက်ျာကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်နှိပ်စက်ဒဏ်ကြောင့် ဗျိုင်းဖြူရွာသားတဦး ထပ်မံသေဆုံး၊ သေဆုံးသူ ဗျိုင်းဖြူရွာသား ၇၉ ဦးထက်မနည်းရှိလာ

စက်တင်ဘာ၊ ၂၄ စစ်ကောင်စီတပ်ရဲ့ စစ်ကြောရေးတွင်း ရိုက်နှက်နှိပ်စက်မှုဒဏ်တွေကြောင့် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားတဦး ထပ်မံသေဆုံးခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေပါမကျန် ဗျိုင်းဖြူတရွာလုံးမှ ပြည်သူတွေကို ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့မှာ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စုဖွဲ့လေ့ကျင့်မှုတွေလုပ်နေတဲ့ ဂန့်ဂေါခရိုင်အခြေစိုက် PDF တပ်ရင်းငါးခု

Photo – Yaw National Revolution Force စက်တင်ဘာ ၊ ၂၃ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာနလက်အောက်ခံ မကွေးတိုင်း၊ ဂန့်ဂေါနဲ့ ထီးလင်းဒေသအခြေစိုက် PDF တပ်ရင်းငါးခုဟာ ပြီးခဲ့တဲ့ဇူလိုင်လကစလို့ စုဖွဲ့လေ့ကျင့်မှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ချဖို့ သတိပေးခံရပြီးနောက် မြိုင်နယ် သရက်ကန်ရွာက စစ်အုပ်စုအင်အားလျော့ချ၊ရွာခံ လေးဆယ် ကျော် တော်လှန်ရေးတပ်ဖွဲ့တွေဆီခိုလှုံ

စက်တင်ဘာ ၂၁  မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲက သရက်ကန်ရွာအခြေစိုက် ပျူစောထီးတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တလ အတွင်း လက်နက်ချဖို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေကသတိပေးပြီးနောက် အဲ့ဒီရွာအခြေပြုထားတဲ့ စစ်အုပ်စုကအင်အားလျော့ချလိုက်သလို ရွာခံလေးဆယ်ကျော်လည်း တော်လှန်ရေးတပ်တွေဆီခိုလှုံလာတယ်လို့သိရပါတယ်။ “အခုထိထွက်လာကြတာတော့ ပြည်သူတွေပါ၊ အခုကတော့ နေစရာစီစဉ်ပေးနေပါတယ်၊ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နောင်ချိုမှာ နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးတဲ့ အရပ်သားတဆယ့်ငါးဦးအထိရှိလာ

စက်တင်ဘာ၊ ၂၁ တမြို့နယ်လုံးနီးပါးကို TNLA ကသိမ်းပိုက်ထားနိုင်ပေမယ့် တောင်ခမ်းဒေသအခြေစိုက်စစ်ကောင်စီတပ်တွေ ကျန်နေသေးတဲ့ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် သေဆုံးသွားတဲ့ ဒေသခံ ၁၅ဦးအထိရှိလာတယ်လို့ တအာင်းတပ် TNLA ကပြောပါတယ်။ စစ်ကောင်စီက ဒီကနေ့မနက် ခုနစ်နာရီခွဲမှာလည်း နောင်ချိုမြို့တွင်းက [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စပါးအုံးမြွေ ရစ်ပတ်မှုဒဏ်ကို နှစ်နာရီလောက် ကြုံတွေ့ခဲ့တဲ့ ထိုင်းအမျိုးသမီး ကျန်းမာရေး ကောင်းမွန်လာ

စက်တင်ဘာ၊ ၁၉ စပါးအုံးမြွေကြီး တကောင်ရဲ့ ရစ်ပတ် ဖျစ်ညှစ်မှုကို ၂ နာရီကျော်လောက် ခံခဲ့ရတဲ့ ထိုင်းအမျိုးသမီး တဦးဟာ အခုတော့ ဆေးရုံမှာ အခြေအနေ တိုးတက်လာနေပြီလို့ သိရပါတယ်။ ဘန်ကောက် ကလေးဆေးရုံမှာ အောက်ခြေသိမ်း ဝန်ထမ်းအဖြစ် [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

သန်းခေါင်စာရင်းကောက်ယူမှု စတင်တော့မှာဖြစ်လို့ ရေဘေးသင့်သူတွေကို အမြန်ဆုံးနေရပ်ပြန်ပို့ဖို့ စစ်ခေါင်းဆောင် တွန်းအားပေး

စက်တင်ဘာ၊ ၁၈ လာမယ့် အောက်တိုဘာ ၁ရက်မှာ လူဦးရေနဲ့သန်းခေါင်စာရင်းကောက်ယူမှုစတင်တော့မှာဖြစ်လို့ ကယ်ဆယ်ရေး စခန်းတွေမှာခိုလှုံနေကြတဲ့ ရေဘေးသင့်ပြည်သူတွေအမြန်ဆုံးနေရပ်ပြန်နိုင်အောင်ဆောင်ရွက်ကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့လက်အောက်ခံတွေကို မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာတွန်းအားပေးလိုက်ပါတယ်။ စစ်ကောင်စီထုတ်ပြန်တဲ့ စာရင်းတွေအရပဲ နိုင်ငံအနှံ့မိသားစုသိန်းချီရေဘေးသင့်နေချိန်မှာ စစ်ခေါင်းဆောင်က သန်းခေါင်စာရင်းကောက်ယူမှုကို ရွေ့ဆိုင်းထားဖို့ပြောဆိုတာမရှိဘဲ ရေဘေးသင့်ပြည်သူတွေကို [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမှာ အမျိုးသမီး၊ ကလေးတွေပါ မချန် လိုက်ဖမ်းနေတဲ့ စစ်ကောင်စီ

စက်တင်ဘာ၊ ၁၅ စစ်ကောင်စီဟာ စစ်တွေမြို့ပေါ်ရပ်ကွက်အချို့မှ အမျိုးသမီး၊ ကလေးငယ်တွေအပါအ၀င် လူခြောက်ဆယ်၀န်းကျင်ကို ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်ကြာတဲ့ ဒီနေ့ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ငါးဆယ်၀န်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစက်တင်ဘာလ ၁၃ ရက် ညနေပိုင်းမှာ စစ်တွေမြို့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

နေအိမ်မျောပါသွားတဲ့ ရုပ်သံထဲက ခေါ်သံကြောင့် လူသိများတဲ့ ဒေါ်ခင်မာဝေနဲ့သမီးဖြစ်သူတို့ ရေစီးနဲ့မျောပါ သေဆုံး

စက်တင်ဘာ၊ ၁၅ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်အတွင်း ရေကြီးနစ်မြုပ်မှုတွေဖြစ်နေချိန် နေ အိမ်တလုံးအလုံးလိုက်မျောပါသွားတဲ့ ရုပ်သံမြင်ကွင်းနဲ့အတူ “ခင်မာဝေရေ”ဆိုတဲ့ခေါ်သံကြောင့် လူသိများခဲ့တဲ့ အ မျိုးသမီးဟာရေစီးနဲ့မျောပါသေဆုံးသွားတယ်လို့ ဆွေးမျိုးနီးစပ်သူတွေကပြောပါတယ်။ “အန်တီခင်မာဝေလည်းဆုံးသွားပါပြီ၊ သူ့သမီးလည်းဆုံးသွားပါပြီ၊သူ့သမီးလေးနာမည်က မိုးမိုးစံ”လို့ ဒေါ်ခင်မာဝေနဲ့ ဆွေမျိုးတော်စပ်တဲ့ အမျိုးသမီးက [ဆက်လက်ဖတ်ရှုရန်]