နိုင်ငံရေး

၂၀၂၁ မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့်ပြည်သူသေဆုံးမှု နှစ်၃၀ကျော်အတွင်း အများဆုံးစံချိန်တင်

အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ခုနှစ်မှာနိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခကြောင့် အ ရပ်သားပြည်သူသေဆုံးမှုဟာ နှစ်ပေါင်း၃၀ကျော်အတွင်း အများဆုံးအဖြစ်စံချိန်တင်ခဲ့တယ်လို့ ISP-Myanmar ကဖော်ပြပါတယ်။ ၂၀၂၁ခုနှစ်အတွင်း နိုင်ငံရေးနဲ့စစ်ရေးပဋိပက္ခတွေကြောင့် အရပ်သား၃၅၉၈ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မီဒီယာနဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေရဲ့ ဖော်ပြချက်တွေကို အခြေပြုပြီး ISP-Myanmar က မှတ်တမ်းပြုစုခဲ့မှုအရ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းမြို့ပေါ်က CDM ရဲတပ်ကြပ်ကြီးရဲ့ နေအိမ်ကို ချိပ်ပိတ်

စစ်ကိုင်းမြို့ပေါ်က CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီးရဲ့အိမ်ကို အကြမ်းဖက်စစ်အုပ်စုက ချိတ်ပိတ် လိုက်တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်၊ လေးကျွန်းမြေရပ်မှာရှိတဲ့ CDM ယာဉ်ထိန်းရဲတပ်ကြပ်ကြီး မျိုးဝင်းရဲ့ နေအိမ်နဲ့ခြံကို ယမန်နေ့က စစ်အုပ်စုဝင်တွေ လာရောက်ချိပ်ပိတ်ခြင်းဖြစ်တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီကနေ့ လွိုင်ကော်တိုက်ပွဲအတွင်း စစ်အုပ်စုကအထိနာပြီးနောက် လေယာဉ်တွေနဲ့ ဗုံးကြဲ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့နယ် ကျောင်းကုန်းကျေးရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးမှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုကို လွိုင်ကော်PDFနဲ့ KNDFတို့က ခုခံတိုက်ခိုက်ခဲ့ကြပြီး စစ်အုပ်စုက သေဆုံးသူတွေ များပြားခဲ့တယ်လို့ လွိုင်ကော်PDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။             ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုရဲ့ သတင်းပေးလို့ နာမည်ကြီးနေသူတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။    မန္တလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုကို သတင်းပေးလုပ်ကိုင်နေတယ်လို့ နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ သုံးချက်အပစ်ခံရပြီး ဆေးရုံပို့ဆောင်လိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။             ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့ ညနေပိုင်းမှာ မဟာအောင်မြေမြိုကနယ် ၉၂လမ်းနဲ့ ၄၁လမ်းအနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်ရစ်ရဲစခန်းကထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦးသေ ၂၀ကျော် ဒဏ်ရာရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။   စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကနေထွက်လာပြီး စစ်ကြောင်းထိုးတဲ့ စစ်အုပ်စု မိုင်းထိပြီး ၄ဦး ပွဲချင်းပြီး သေဆုံးကာ ၂၀ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့က ဒီကနေ ဇန်နဝါရီလ ၂၈ရက်​နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကျောက်ရစ်ရဲစခန်းကနေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ သွားလာနေထိုင်ကြဖို့ အရာတော်တော်လှန်ရေးအင်အား သတိပေး

၂၈၊ ဇန်နဝါရီလ၊၂၀၂၂။   ပြည်သူတွေအနေနဲ့ စစ်ဖြစ်နေပြီဆိုတဲ့ အသိသတိနဲ့ နေထိုင်သွားလာကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စု ဖြတ်သန်းသွားလာတဲ့ လမ်းမကြီးတွေဘေးမှာ နေထိုင်ခြင်းတွေ မလုပ်ဆောင်ဖို့ အရာတော်မြို့နယ် တော်လှန်ရေးအင်အားစုက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးလိုက်ပါတယ်။ စစ်ဆင်ရေးတွေမှ​ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အသံတိတ်သပိတ်မလုပ်ဖို့ နတ်တလင်းမှာ ကြေညာနေသူ အပစ်ခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ အသံတိတ်သပိတ်နေ့မှာဆိုင်တွေဖွင့်ဖို့ နတ်တလင်းမြို့နယ်အတွင်း လိုက်လံကြေညာနေသူတစ်ဦး သေနတ်နဲ့ပစ် ခတ်ခံရတယ်လို့ သိရပါတယ်။ ဒီကနေ့မနက်ပိုင်းက ပဲခူးတိုင်း နတ်တလင်းမြို့နယ်၊တံခွန်တိုင်ရွာမှာ ဖေဖေါ်ဝါရီ၁ရက်နေ့ ဆိုင်မဖွင့်ပါက အရေးယူခံရမှာဖြစ်ကြောင်း လိုက်လံကြေညာနေသူကို ဒေသတွင်း ပြောက်ကျားတပ်ဖွဲ့ နတ်စစ်သည်က ကျည်၃တောင့် နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကလေးတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတာကို လုံခြုံရေးကောင်စီ နည်းလမ်းရှာကာကွယ်ဖို့ တိုက်တွန်း

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ မြန်မာကလေးတွေအကြမ်းဖက် တိုက်ခိုက်ခံနေရတာနဲ့ပတ်သက်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီက နည်းလမ်းရှာကာကွယ်ဖို့ Save the Children ကတိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက် ကလေး ၁သိန်းခွဲလောက်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့အကြောင်းSave the Children အဖွဲ့ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ အဲဒီလို ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAAတို့ တိုက်ပွဲဆက်လက်ပြင်းထန်နေ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ အကြမ်းဖက်စစ်အုပ်စုနဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNDAA(ကိုးကန့်)တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုက မန်ရန်တပ်စခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေခဲ့တယ်လို့ MNDAAက ဒီကနေ့ ဇန်နဝါရီလ ၂၈ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ ၂၇ရက်နေ့ မနက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နွေဦးတော်လှန်ရေးအတွင်း ကျဆုံးဂန့်ဂေါပြည်သူ ၇၆ဦးထက်မနည်းရှိ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ဂန့်ဂေါပြည်သူ ၇၆ဦးထက်မနည်းရှိပြီလို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံး၇၆ဦးအနက် ၄၄ဦးမှာ ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျ ဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေထဲမှာ မိုင်းစမ်းသပ်စဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့်ကျဆုံးသွားသူ ၁၁ ဦးထက်မနည်းရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ ‘ကျန်တာတွေကတော့ [ဆက်လက်ဖတ်ရှုရန်]