နိုင်ငံရေး

ခင်ဦးမှာနေအိမ်မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေဖမ်းဆီးခံရတာတွေဆက်ဖြစ်ပြီး စစ်ရှောင်သောင်းချီအထိဖြစ်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အခုဒီဇင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့တာတွေဆက်လုပ်နေလို့ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်လည်း ခင်ဦးမြို့နယ်၊ ဗျိုင်းကျိုင်ရွာထဲကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံ ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေထဲ  စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံလေးထောင်ကျော်ထွက်ပြေးနေရ 

ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေထဲက ကျိုက်ထိုမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ကျောက်ဖျာကျေးနယ်နဲ့ ဇီးပြောင်းကျေးနယ်ထဲက လက်နက်ကြီးကျပြီး နေအိမ် ၄လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ဒီကနေ့ ဒီဇင်ဘာ ၄ ရက်မှာ ထုတ်ပြန်ပါတယ်။ ” ည၉နာရီကျော်မှာ လက်နက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးပကဖရဲဘော်နှစ်ဦး စစ်ကောင်စီကင်းပုန်းအဖွဲ့ရဲ့ ပစ်ခတ်ခံရပြီးကျဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တချို့ဟာ တမူးမြို့နယ်အတွင်းမှာ စစ်ကောင်စီကင်းပုန်းနဲ့တွေ့ပြီး ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။ တမူးကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Fighter Police CDM ကရဲဘော်တဦးဟာ တမူး Denko ဆီဆိုင်အနီးမှာ ပစ်ခတ်ခံရပြီး ဒဏ်ရာနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးကိစ္စစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ NUGလူ့အခွင့်အရေးဝန်ကြီးပြော

  စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ  အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီသတင်းပေးလို့ ဆိုကာ လူသွားလမ်းမပေါ်မှာအကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်တခုထွက်ပေါ်လာတာနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနဘက်ကပြောဆိုပါတယ်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံနေတဲ့ တမူးမြို့က အဖြစ်အပျက်ဗီဒိယိုနဲ့ ပတ်သက်ပြီး သေချာခိုင်လုံအောင် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထားဝယ်-ထီးခီးကားလမ်းမှာ နှစ်ဖက်တိုက်ပွဲတွေဆက်ဖြစ်နေ

    တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲက ထားဝယ်-ထီးခီးကားလမ်းမပေါ်မှာ စစ်ကောင်စီနဲ့ဒေသကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့  ကာကွယ်ရေးတပ်တွေရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။  အဲဒီလမ်းပိုင်းက စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်တွေကြားမကြာခဏတိုက်ပွဲဖြစ်တဲ့နေရာဖြစ်သလို အခုဒီဇင်ဘာလအစမှာပဲ တိုက်ပွဲ နှစ်ကြိမ်ပြင်းထန်ခဲ့တယ်လို့ဆိုပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နဲ့ ၃ ရက်နေ့တွေမှာလည်း ထားဝယ်-ထီးခီးကားလမ်းပေါ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား လေးဆယ်ဦးထက်မနည်းကို ဖမ်းဆီးထား

  စစ်တပ်က အာဏာသိမ်ပြီးနောက်မတရားတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း သား၊ ကျောင်းသူ လေးဆယ်ဦးထက်မနည်းရှိနေတယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ ကိုမင်းဟန် ထက်က DNAကို ပြောပါတယ်။   “တကယ့်လက်တွေ့မှာ၊တကယ့်မြေပြင်မှာ အဲ့ဒီထက်များကောင်းများနိုင်ပါတယ်၊အယောက် လေးဆယ်ဆိုတာ ကျွန်တော်တို့လက်လှမ်းမှီသလောက် စာရင်းကောက်ယူထားချက်အရ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဇလွန်မှာ ရာအိမ်မှူးအသတ်ခံရမှုနဲ့ စွပ်စွဲခံရသူတွေကို ထောင် နှစ် ၂၀ နဲ့ နှစ်ရှည်ထောင်ဒဏ်တွေချ

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ မဟာသာကျေးရွာအုပ်စုက ရာအိမ်မှူး ဦးအေးထွန်းပစ်ခတ်သတ်ဖြတ်ခံရမှုမှာ စစ်တပ်ကစွပ်စွဲဖမ်းဆီးထားသူ ၇ ဦးကို ထောင်ဒဏ် အနှစ် ၂၀ အပါအဝင်နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စွပ်စွဲဖမ်းဆီးခံထားရသူတွေထဲက အသက်၅၆နှစ်အရွယ် ဦးစိန်သောင်းကို ဦးစိန်သောင်းဆိုသူကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အမေရိကန်၊ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြား ရေးဝန်ကြီးဌာနရုံးဖွင့်

အမေရိကန်ပြည်ထောင်စု အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံ ခြားရေးဝန်ကြီးဌာနရုံးကို ဒေသစံတော်ချိန် နိုဝင်ဘာ ၁၈ ရက်မှာစတင်ဖွင့်လှစ်ခဲ့ပြီး မိတ်ဆက်ပွဲကိုလည်း တပါတည်း ပြုလုပ်ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ နိုင်ငံခြားရေးရုံးခန်း ဖွင့်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ မီးစတဖက်၊ရေမှုတ်တဖက် ဗျူဟာကို သတိထားဖို့ NUG ယာယီ သမ္မတ ဒူဝါလရှီးလပြော

မီးစတဖက် ရေမှုတ်တဖက်နဲ့ ရက်စက်ယုတ်မာမှုစရိုက်အပြည့်ရှိတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ဗျုဟာကို သတိ ထားဖို့လိုတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားနေ့အထိမ်းအမှတ်အဖြစ်ပြောတဲ့ မနေ့က မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ အာဏာသိမ်းစစ်ကောင်စီက အမျိုးသားနေ့ကိုအကြောင်းပြုပြီး နိုင်ငံရေးအကျဥ်းသား အနည်းစုနဲ့ တခြား အကျဥ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လွတ်ငြိမ်းခွင့်ကို မျှော်ကြသူများ

စစ်ကောင်စီက အကျဉ်းသား ၆၀၀၀နီးပါးကို ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့မှာလွှတ်ပေးမယ်လို့ကြေညာပြီးတဲ့နောက် အကျဉ်းကျခံနေရသူတွေရဲ့မိသားစုဝင်တွေဟာ ဒီကနေ့ မနက် ၆နာရီလောက်ကစပြီး ညနေ ၆ နာရီထိုးကာနီး အချိန်အထိ ရန်ကုန်အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။