ဧရာဝတီတိုင်း အစိုးရရုံးတွေမှာ နှစ်သစ်ကူးပါဆယ်ဗုံးလက်မခံဖို့ သတိပေးတင်းကျပ်နေ
နှစ်သစ်ကူးကာလမှာ အစိုးရုံးတွေအနေနဲ့ ပါဆယ်ဗုံးတွေနဲ့ပတ်သက်ပြီး သတိရှိကြဖို့ စစ်ကောင်စီကလျို့ဝှက်ညွှန်ကြားချက်တစောင်ထွက်လာပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲက အစိုးရရုံးတွေအားလုံးမှာ လုံခြုံရေးတင်းကျပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ လာမယ့်နှစ်သစ်ကူးကာလမှာ နေပြည်တော်အပါအဝင် နိုင်ငံတဝန်းကအစိုးရရုံးတွေမှာစစ်ကောင်စီလက်အောက်ခံရုံးတွေကို ပါဆယ်ဗုံးနဲ့တိုက်ခိုက်လာနိုင်တယ်လို့ ပြီးခဲ့တဲ့ ၂၅ရက်ကစပြီးလျို့ဝှက်ညွှန်ကြားချက်တွေ စစ်ကောင်စီကထုတ်ပြန်နေတာလို့ဆိုပါတယ်။ ဒီညွှန်ကြားချက်ထွက်ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းထဲမှာ [ဆက်လက်ဖတ်ရှုရန်]