နိုင်ငံရေး

ရွှေဘိုမြို့ကျေးရွာတရွာက ကလေးငယ်တွေအပါအဝင် အရပ်သားငါးဆယ်ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီး

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ကံသာကုန်းရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်လင်းအားကြီးချိန်မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကို မီးရှို့ကာ ကလေးငယ်တွေအပါအဝင် ဒေသခံငါးဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ မိုးကြိုးပစ်ခံရလို့ စစ်ရှောင်တဦးသေဆုံး၊ နှစ်ဦးမြွေကိုက်ခံရ

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကြီးကျေးရွာက စစ်ရှောင်အမျိုးသားတဦးဟာ မေ ၁၆ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သလို အခြားစစ်ရှောင်နှစ်ဦးလည်း မြွေကိုက်ခံခဲ့ရတယ်လို့ အဲဒီဒေသက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီသံအမတ်ကို လက်နက်ပြပွဲဖိတ်ပြီး စစ်ရေးပြတင့်ကားပေါ်စီးနင်းခွင့်ပေးလို့ တောင်ကိုရီးယားအစိုးရ ဆန္ဒပြဝေဖန်ခံရ

မေ၊ ၁၈ တောင်ကိုရီးယားအစိုးရ၊နိုင်ငံခြားရေးဌာနရဲ့လက်နက်ပြပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြု သံအမတ်ဦးသန့်စင် ကို ဖိတ်ကြားခဲ့တဲ့အပြင် စစ်ရေးပြတင့်ကားပေါ်လိုက်ပါစီးနင်းခွင့်ပြုခဲ့တဲ့အပေါ် ကိုရီးယားပြည်သူတွေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံတဲ့အဲဒီနိုင်ငံကလူမှုအဖွဲ့တွေကကန့်ကွက်ကြောင်းဒီကနေ့ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီ နိုင်ငံရောက်မြန်မာ အသိုင်းဝိုင်းဆီကသိရပါတယ်။ ကိုရီးယားလူမှုအဖွဲ့အစည်း(၁၀၀)ကျော်ပါဝင်တဲ့ မြန် မာ့ဒီမိုကရေစီအရေးကိုထောက်ခံတဲ့ကိုရီးယားအဖွဲ့ချုပ်က အဲ့ဒီကိစ္စကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဆိုလ်းမြို့ရှိ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းသင့်ဒေသတွေအတွက် NUGကကျပ်သိန်းခြောက်ရာကျော်ကနဦးထောက်ပံ့၊ NUG၊KIOနဲ့MNDAAတို့က AAအဖွဲ့ကတဆင့် စုစုပေါင်းကျပ်သိန်းငါးထောင်လှူ

မေ၊ ၁၈ ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့် ပြည်နဲ့တိုင်း ခြောက်ခုအတွက် ကနဦးထောက်ပံ့ငွေအဖြစ် ကျပ် သိန်း(၆၄၀)ကျော် သုံးစွဲထားတယ်လို့ NUGက ထုတ်ပြန်ထားပြီး AA တပ်ဖွဲ့ကိုလည်း ရခိုင်ဒေသကူညီကယ်ဆယ် ရေး လုပ်ငန်းတွေအတွက် ကျပ်သိန်းတထောင်လှူထားတယ်လို့ သိရပါတယ်။ မုန်တိုင်းသင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းကြောင့် ရိက္ခာနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်နေချိန်မှာ စစ်ကောင်စီက စစ်တွေကို လာတဲ့ကုန်တင်ယာဉ်တွေကို ပိတ်ဆို့ထား

မေ၊ ၁၇ မုန်တိုင်းကြောင့် စားနပ်ရိက္ခာနဲ့ တခြားအိမ်သုံးပစ္စည်းတွေ၊ဆောက်လုပ်ရေးပစ္စည်းတွေလိုအပ်မှုမြင့်မားနေချိန်မှာ စစ်ကောင်စီက အဲ့ဒီပစ္စည်းတွေပါလာတဲ့ကုန်တင်ကားတွေနဲ့ မုန်တိုင်းသင့်ပြည်သူတွေကို ကူညီပေးဖို့လာတဲ့ ကုန်တင် ယာဉ်တွေကိုစစ်တွေမြို့အဝင် ကျောက်တန်းဂိတ်မှာ ပိတ်ဆို့ထားလို့ သီတင်းပတ်တခုကြာအထိပိတ်မိ နေ တယ်လို့ အဲ့ဒီနေရာမှာ ပိတ်မိနေသူတွေနဲ့ ဒေသခံတွေက DNAကိုပြော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘော်လခဲမှာတိုက်ပွဲမရှိဘဲ လေကြောင်းကတိုက်လို့ အမျိုးသမီးငယ်တဦးသေဆုံး၊ လေးဦးဒဏ်ရာရ

မေ၊ ၁၇   ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ စောလုံကျေးရွာကို ဒီကနေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၁၇ နှစ်အရွယ် အမျိုးသမီး (၁) ဦး သေဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကရင်ပြည်နယ်က ဒီချုပ်ရုံးတွေဆိုင်းဘုတ်ဖြုတ်သိမ်းတာတွေလုပ်ဖို့ စစ်ကောင်စီလျှို့ဝှက်ညွှန်ကြားထားတယ်ဆို

မေ၊ ၁၇   ကရင်ပြည်နယ်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)ပါတီရုံးဆိုင်းဘုတ် ဖြုတ်သိမ်းဖျက်ဆီးတာတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်းမှာ လျှို့ဝှက်ညွှန်ကြားထားတယ်လို့ ဒီချုပ်ပါတီဝင်တွေထံမှ သိရပါတယ်။   “ အခု ရက်ပိုင်းထဲမှာပဲ၊ ပါတီရုံးအားလုံးကို ဖျက်သိမ်းမယ်လို့တော့၊ အကိုတို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ရေး ထိရောက်တဲ့အရေးယူမှုတွေလုပ်ဖို့ G-7နိုင်ငံတွေကို အိတ်ဖွင့်ပေးစာပေးပို့တောင်းဆို

မေ၊ ၁၆   အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေဆက်မလုပ်နိုင်တော့အောင် ထိရောက်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ပေးဖို့နဲ့ စစ်ကောင်စီဟာ မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင်မှုမရရေး သေချာအောင်ဆောင်ရွက်ပေးဖို့ မြန်မာတော်လှန်ရေးအင်အားစုတွေက G-7 အဖွဲ့ဝင် နိုင်ငံတွေဆီ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းကြောင့် ချင်းပြည်မှာ နေအိမ်တထောင်ကျော်ပျက်စီးခဲ့

မေ၊ ၁၆   ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ချင်းပြည်နယ်ရဲ့ မြို့နယ် (၅)ခုမှာ နေအိမ်ပေါင်း ၁၀၀၀ နီးပါး ပျက်စီးခဲ့ပြီး မင်းတပ်မြို့နယ်ထဲက နေအိမ်တွေ အများဆုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   “ ချင်းပြည်နယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေပျက်စီး၊ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးမှုရှိ

မေ၊ ၁၆   ဖျက်အားပြင်း ဆိုင်ကလုံးမုန်တိုင်း မိုခါ ဂယက်ကြောင့် စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေလည်း ထိခိုက်ပျက်စီးမှုတွေရှိကာ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေ ဆုံးရှုံးမှုရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။   “ တောင်ပေါ်ကနေ ရေစီးလာတယ်၊ [ဆက်လက်ဖတ်ရှုရန်]