နိုင်ငံရေး

အာဏာသိမ်းပြီးနောက် ကရင်နီမှာ အရပ်သားပြည်သူ သုံးရာနီးပါးသေဆုံး

ပြည်တွင်းမှာအာဏာသိမ်းပြီးနောက်ပိုင်း ကယား(ကရင်နီ)ပြည်နယ်ထဲမှာ အရပ်သားပြည်သူ ၃၀၀ နီးပါးသေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဒီကနေ့ ဇန်နဝါရီ ၁ရက်နေ့မှာထုတ်ပြန်လာပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း၂၀၂၁ မေလကတည်းက စစ်ကောင်စီနဲ့ကရင်နီကာကွယ်ရေးတပ်တွေကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ကယားပြည်နယ်ထဲမှာတော့ တိုက်ပွဲမရှိပဲ စစ်ကောင်စီတပ်တွေဘက်ကကျေးရွာတွေဘက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တာတွေ၊ စစ်ကြောင်းထိုးနေချိန်ဖမ်းဆီးသတ်ဖြတ်ခံရတာတွေရှိသလို မြေမြုပ်မိုင်းကြောင့် အရပ်သားတွေလည်းသေဆုံးရတယ်လို့ဆိုပါတယ်။ “အဓိက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းနင်းခံရလို့ ဆယ်တန်းကျောင်းသားတဦး သေဆုံး

ဘူးသီးတောင်မြို့နယ် အထက်ပိုင်း စံညင်းဝေကျေးရွာမှာ ရိတ်သိမ်းထားတဲ့စပါးပုံကို စောင့်အိပ်နေတဲ့ ဆယ်တန်းကျောင်း သားတစ်ဦး တောဆင်ရိုင်းနင်းခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စပါးတွေကို ဆင်တွေ လာစားမှာစိုးလို့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ ညအိမ်စောင့်နေချိန် ဆင်နင်းခံရတာ ဖြစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးအင်အားစုတွေ စုစည်းညီညွတ်မှုရှိဖို့ အရေးတကြီးလိုအပ်ကြောင်း NUG၊NUCC နဲ့ Eros ခေါင်း ဆောင်တွေတိုက်တွန်း

အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ခိုက်ရာမှာ စုစည်းညီညွတ်မှုရှိရှိနဲ့ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြဖို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ တိုင်းရင်းသား လက် နက်ကိုင် ခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။ ၂၀၂၃ခုနှစ်အတွက် နှစ်သစ်မိန့်ခွန်းတွေ၊ ထုတ်ပြန်ချက်တွေကို အဲ့ဒီအဖွဲ့အစည်းတွေက မနေ့က ထုတ်ပြန်ခဲ့ပြီး  စစ် အုပ်စုကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးအလယ်လျိုရွာမှာ စစ်တပ်စစ်ကြောင်းထိုးချိန် ဒေသခံဆယ်ဦးထက်မနည်းသတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက အလယ်လျိုကျေးရွာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ရက်နေ့ကစပြီးဒီကနေ့ ဒီဇင်ဘာ ၁ရက်နေ့အထိစစ်ကြောင်းထိုးနေပြီး  ရွာသား၁၀ဦးထက်မနည်းကိုစစ်ကောင်စီတပ်တွေက ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ အလယ်လျိူရွာကိုစစ်တပ်စစ်ကြောင်းစဝင်ချိန်မှာ ဒေသခံအယောက် ၂၀လောက်ကိုပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဒီကနေ့စစ်ကြောင်းထွက်ချိန်မှာ မီးရှို့ခံထားရတဲ့အလောင်းတချို့တွေ့ရတာဖြစ်တယ်လို့ဆိုပါတယ်။ “အခုဆိုရင် ခန့်မှန်းကတော့ ၁၀ ဦးတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အတုအယောင်ရွေးကောက်ပွဲဖန်တီးပြီး စစ်ကောင်စီထွက်ပေါက်ရှာနေတယ်လို့ NUG ပြော

အာဏာသိမ်းစစ်ကောင်စီဟာ အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးပြီး ထွက်ပေါက်ရှာနေတယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူးဝါလရှီးလက ဒီကနေ့ဇန်နဝါရီလ ၁ရက်နှစ်သစ်ကူးမိန့်ခွန်းမှာထည့်သွင်းပြောသွားပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ နိုင်ငံတကာစာမျက်နှာမှာရော၊ ပြည်တွင်းတော်လှန်မှုတွေကြားမှာပါ ထွက်ပေါက်မရှိတော့လို့ အတုအယောင်ရွေးကောက်ပွဲကိုဖန်တီးနေတာဖြစ်တယ်လို့ ဆိုထားပါတယ်။ တိုင်းရင်းသားပြည်သူလူထုရဲ့ ဆန့်ကျင်လိုစိတ်ပြင်းပြမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေ၊ ကြိုးစားမှုရလဒ်တွေကြောင့် စစ်အုပ်စုဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDMကျောင်းဆရာတဦးကို ဟင်္သာတခရိုင်တရားရုံးက သေဒဏ်ဆုံးဖြတ်ချက်ချ

(အမှားပြင်ဆင်ချက်) DNA မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ရေးထားတဲ့ ‘CDM ကျောင်းဆရာတဦးကို ဟင်္သာတခရိုင် တရားရုံးက သေဒဏ်ဆုံးဖြတ်ချက်ချ” ဆိုတဲ့ သတင်းမှာ (ဟင်္သာတခရိုင် တရားရုံးက တရားသူကြီး ဒေါ်အေးအေးခိုင်က) ဆိုတဲ့နေရာမှာ ( [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးမြို့ခံ လင်မယားနှစ်ဦးပစ်ခတ်ခံရပြီး ရက်သားကလေးငယ်အပါအဝင် သုံးဦးထိခိုက်၊ အသက်အ န္တရာယ်စိုးရိမ်ရ

စစ်ကိုင်းတိုင်း၊ တမူးမြို့  နန်းဖာလုံရပ်ကွက် မီးသတ်ရုံးရှေ့က လက်ဘက်ရည်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦး ဒီကနေ့ ဒီဇင်ဘာ (၃၀)ရက် ညပိုင်းမှာ ပစ်ခတ်ခံရလို့ အဲ့ဒီလင်မယားနှစ်ဦးအပြင် ရက်သားကလေးငယ်ပါ ထိခိုက်ပြီး အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။  တမူးမြို့ခံ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ ဦးချစ်စမ်းမောင်နဲ့ ဇနီးဖြစ်သူတို့ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအသတ်ခံရမှုနဲ့သံသယနဲ့အဖမ်းခံရတဲ့ NLD ပါတီဝင်တွေ ထောင်ဆယ့်ငါးနှစ်အချခံရ

ဧရာဝတီတိုင်း ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းရွာမှာပြီးခဲ့တဲ့နှစ်အောက်တိုဘာလက စစ်ကောင်စီခန့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တဦး အသတ်ခံရမှုမှာ သံသယ နဲ့ အဖမ်းခံ ထားရတဲ့ NLD ပါတီဝင် ၇ ဦး ကို ပုသိမ် ထောင်တွင်း တရားရုံးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။   လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့် လုံးခင်းမှာလက်နက်ကြီးကျလို့ ဒေသခံတဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက လုံးခင်းကျေးရွာအုပ်စုဆန်ခါကျေးရွာထဲကို ဒီကနေ့ဒီဇင်ဘာ ၃၀ရက်နေ့လယ်ပိုင်းမှာ လက်နက်ကြီးကျလာလို့ ဒေသခံတဦးသေဆုံးပြီးဒဏ်ရာရသူတွေရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ နေ့လယ် ၃နာရီလောက်မှာ လက်နက်ကြီးတလုံးကျလာတာဖြစ်ပြီးနေအိမ်တအိမ်နဲ့ ကက်သလစ် ဘုရားရှိခိုးကျောင်းဝင်းအတွင်းက မီးဖိုဆောင်ကိုထိမှန်ခဲ့တာလို့ဆိုပါတယ်။ ဒီအခြေအနေကြောင့် ကက်သလစ်ကျောင်းအတွင်းက မီးဖိုဆောင်အတွင်းမှာရှိတဲ့  လူ၅ဦး လက်နက်ကြီးထိမှန်ပြီး အသက် [ဆက်လက်ဖတ်ရှုရန်]