နိုင်ငံရေး

ကျိုက်ထိုမြို့နယ်အတွင်းက ဆိုင်ခန်းတွေကို ကျူးကျော်အဖြစ်သတ်မှတ်ပြီး စစ်ကောင်စီဖျက်ခိုင်းနေ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာရှိတဲ့ မြသိန်းတန်ဘုန်းတော်ကြီးကျောင်းရှေ့က ဆိုင်ခန်း ၃၀ ဝန်းကျင်လောက်ကို စစ်ကောင်စီလက်အောက်ခံစည်ပင်သာယာအဖွဲ့ကကျူးကျော်လို့သတ်မှတ်ပြီးဖျက်သိမ်းခိုင်း နေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။  ကျိုက်ထိုမြို့ ဗိုလ်ချုပ်လမ်းမပေါ် က မြသိန်းတန်ဘုန်းကြီးကျောင်းရှေ့စျေးဆိုင်ခန်း (၃၀ )ကျော်နဲ့  ရန်ကုန်-မော်လမြိုင်လမ်းမအနီးစျေးဆိုင်ခန်း (၅)ခု ကိုစည်ပင်နယ်နမိတ်အတွင်းကျရောက်နေတယ်ဆိုပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ စစ်တပ်ဂုဏ်ပြု သီချင်းဆိုခဲ့တဲ့ Space Bar ဗုံးထုခံရ

မန္တလေးမြို့မှာ တပ်မတော်နေ့ ဂုဏ်ပြုဇာတ်လမ်းဖြစ်တဲ့ ကြယ်ညွှန်ရာ သစ္စာဇာတ်လမ်းတွဲမှာ ဇာတ်ဝင်တေး သီဆိုခဲ့တဲ့ Space Bar  ကိုဗုံးထုခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၈ ရက်နေ့ ညပိုင်းက ၆၂လမ်း၊ ၃၆လမ်းx ၃၇လမ်းကြားရှိတဲ့  Space [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြဝတီမှာ ဆိုင်ကယ်ချင်းတိုက်မှုဖြစ်ပြီး စစ်သားနှစ်ဦးနဲ့အရပ်သားတဦးသေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့၊ သစ်တစ်ပင်လမ်းထိပ် ယခင် အဝေးပြေးဂိတ်နေရာဟောင်းမှာ ဒီကနေ့ ဇန်နဝါရီ ၈ရက်ညနေ ၄နာရီက ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပြီး စစ်သားတဦးနဲ့ အ ရပ်သားတဦး သေဆုံးသွားတယ်လို့ မြဝတီမြို့က အလင်းသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြည်ခိုင်ဖြိုး ပါတီက ပရဟိတအသင်းတွေကို ခေါ်တွေ့ပြီး ရွေးကောက်ပွဲမှာ ကူညီပေးဖို့ပြော

စစ်ကောင်စီက အခုနှစ်အတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ပြင်နေတဲ့ စစ်တပ်ကျော ထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီက ရန်ကုန်က ပရဟိတအသင်းတွေကို ခေါ်တွေ့ပြီး ရွေးကောက် ပွဲမှာ ကူညီပေးဖို့ ပြောဆိုခဲ့တယ်လို့ တွေ့ဆုံပွဲ တက်ခဲ့သူတချို့က DNA ကိုပြောပါတယ်။ “ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုမှာ ဒဏ်ရာရသူတွေအသက်အန္တာရာယ်စိုးရိမ်နေရ၊ အကျဥ်းသားတဦးရဲ့ ဇနီးကိုလည်းစစ်ကောင်စီကဖမ်းဆီးထား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်နေ့မှာဖြစ်ခဲ့တဲ့ ပုသိမ်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို  ထောင်အာဏာပိုင်တွေကရိုက်နှက်တဲ့ဖြစ်စဉ်မှာ တဦးသေဆုံးပြီး ဒဏ်ရာရသူ ၉ဦးဟာ အသက်အန္တာရာယ်စိုးရိမ်နေရတယ်လို့  ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။ ဒါ့အပြင် ဒဏ်ရာပြင်းထန်သူတွေထဲကနောက်ထပ်တဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက်(ခ)မဲကြီးဟာလည်း ထပ်မံသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး ဒါကိုတော့အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တမူးမြို့၊ နန်းဖာလုံသုသာန်မှာ မီးသဂြိုလ်စက်တွေအားလုံးအခိုးခံရ

တမူးမြို့၊ နန်းဖာလုံသုသာန်ဇရပ်မှာ အဆောက်အဦကပစ္စည်းတွေနဲ့  မီးသဂြိုလ်စက်တွေအားလုံးအခိုးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဘယ်အချိန်မှာ ပျောက်ဆုံးသွားတယ်ဆိုတာမသိပေမယ့် မနေ့ဇန်နဝါရီ ၇ ရက်နေ့မှာနာရေးတခုပို့ဆောင်ရာမှာ သုသာန်ဇရပ်ဆောင်က တိုင်တွေနဲ့သွပ်တွေအပြင် မီးသဂြိုလ်စက်တွေပါမရှိတော့တာလို့ သိရပါတယ်။ ” အသုဘကို တမူးသုသာန်ပြောင်းချလိုက်ရတော့တာ။ ခေတ်ပျက်နေတော့ လုပ်ချင်ရာလုပ်ကြတော့တာပါပဲ” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သိမ်ဇရပ်မြို့အနီးတဝိုက်ကိုစစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးနောက် စစ်ကြောင်းထိုး

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးတဝိုက်ကို ခမရ (၂၀၇)စစ်ကောင်စီတပ်ရင်းက မနေ့က ညပိုင်းကစလို့ဒီကနေ့ မနက်အထိ လက်နက်ကြီး​ အချက် နှစ်ဆယ်ကျော်ပစ်ခတ်ကာအနီးအနား ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ သိမ်ဇရပ်မြို့အနီးကဝင်းကံ၊ကော့ကရစ်နဲ့ပိန္နဲကုန်းကျေးရွာဘက်တွေကို ခမရ (၂၀၇)တပ်ရင်းက မနေ့ ဇန်နဝါရီ (၅) ရက်ည ၉နာရီခွဲဝန်းကျင်ကနေဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားကလူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံ ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါ တယ်။ ဒီကနေ့ ဇန်နဝါရီ ၆ ရက် ဆားလင်းကြီး ဒေသမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမှာ ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး နှစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာမှာ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီကျော်ဝန်းကျင်ကရန်ကုန်ဘက်ကို မောင်းလာတဲ့ သီဟမင်း ခရီးသည်တင်မှန်လုံယာဉ်တစီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ယာဥ်မောင်းနဲ့ယာဥ်နောက်လိုက်ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ မြိတ်မြို့ကနေ ရန်ကုန်ဘက်ကို ပြေးဆွဲလာတဲ့ သီဟမင်းခရီသည်တင်မှန်လုံကားဟာ ဒုံဝန်းကျေးရွာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုသိမ်မှာလွတ်လပ်ရေးနေ့အလံမထောင်လို့ဆိုကာ အုပ်ချုပ်ရေးအဖွဲ့က တအိမ်ကျပ်နှစ်သောင်း ဒဏ်ရိုက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က နိုင်ငံတော်အလံမထောင်တဲ့ နေအိမ်တွေကို စစ်ကောင်စီ လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဒဏ်ရိုက်တယ်လို့ဆိုကာ တအိမ်ကျပ်နှစ်သောင်း အတင်းအကျပ်လိုက်လံတောင်းခံနေတယ်လို့ မြို့ခံတချို့က DNA ကိုပြောပါတယ်။  ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်မှာကျရောက်ခဲ့တဲ့ (၇၅)နှစ်မြောက်လွတ်လပ်ရေးနေ့ မှာပုသိမ်မြို့ကနေအိမ်တွေ [ဆက်လက်ဖတ်ရှုရန်]