နိုင်ငံရေး

တိုက်ပွဲပြန် PDF တွေကို ပြည်သူတွေကကြို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တလနီးပါးကြာရက်ရှည်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲက ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အခုလိုကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုက တပ်ဖွဲ့ဝင် တရာလောက် အဲ့ဒီကြိုဆိုပွဲတက်ရောက်ခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ် တိုက်လေယာဉ် အိန္ဒိယလေပိုင်နက်ထဲဝင်ရောက်ဗုံးကျဲမှုအပေါ် ကိုင်တွယ်တားဆီးပေးဖို့ မီဇိုလူငယ်အသင်းက အိန္ဒိယအစိုးရကိုတောင်းဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီး ဗုံးကျဲ ချမှုအတွက် အိန္ဒိယ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်တားဆီးဖို့ မီဇိုလူငယ်အသင်းက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။  ဗုံးကျရောက်ပေါက်ကွဲမူကြောင့် ထိတ်လန့်အံ့အားသင့်ခဲ့ရတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် မီဇိုလူငယ် အသင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

ချင်းအမျိုးသားတပ်ဦး CNA/CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ (၁၁) ရက်မှာ ပိတ်ခဲ့တဲ့ဆိုင်တွေထဲကတချို့ကို စစ်ကောင်စီက မနေ့က စာကပ်ပြီးချိတ်ပိတ်ကာ ဆိုင်ရှင်တချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အဲဒီနေ့က အကုန်နီးပါးပိတ်တယ်၊သူတို့လှည့်အော်တော့ဆိုင်အနည်းငယ်ပဲဖွင့်ယောင်ပြတာပေါ့၊ ခုချိတ်ပိတ်တဲ့ဆိုင်တွေက သူတို့အော်လို့ပြန်မဖွင့်တဲ့ဆိုင်တွေထဲကနေချိတ်ပိတ်တာ” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးရေသန့်စက်ရုံဂတ်စ်ယိုစိမ့်မှု​မှာဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိပြီး ဆေးရုံတင်ပို့ထားရ

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ၁၆ရပ်ကွက်၊တပ်မတော်ချည်မျှင်အရှေ့နဲ့ အုတ်ကျင်းဘူတာရုံလမ်းအနီးက မိုးရေသန့်စက်ရုံမှာ အမိုးနီးယာဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားတာကြောင့် အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ သုံးဆယ်နီးပါးရှိခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ “ဓာတ်ငွေ့သင့်တဲ့သူတွေကတော့အများကြီးပေါ့၊ အဓိကက ဆေးရုံကိုပို့တာကျတော့ သက်ကြီးရွယ်အိုတွေကို ပိုဂရုစိုက်ရတာပေါ့၊ ၂၀ကျော် ၃၀နီးပါးရှိတယ်၊ ဒီမနက်တော့ ဆေးရုံပြန်ဆင်းကြမှာပါ”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာရှိအတွက် မနက်စာထွက်ယူတဲ့ စစ်ကောင်စီတပ်သား လေးဦးမိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ထဲက လယ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းက သံချပ်ကာကွယ်ရေးဌာနချုပ် ၇၂ တပ် (ဒေသအခေါ် ခြေတော်ရာတပ်တွင်း)က စစ်ကောင်စီတပ်သား ၄ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတယ်လို့  Zero ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ စစ်ကောင်စီမဲစာရင်းကောက်တဲ့ နေရာတချို့ ပေါက်ကွဲမှုတွေဖြစ်ခဲ့

မန္တလေးမြို့ပေါ်က ရပ်ကွက်တချို့မှာ စစ်ကောင်စီက မဲစာရင်းအတွက် အိမ်ထောင်စုလူဦးရေ စာရင်းကောက်ယူတာတွေလုပ်ဆောင်နေပြီး အဲဒီနေရာ နေရာတချို့မှာ ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုအတည်ပြုပြောဆိုကြပါတယ်။ မနေ့က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေပိုင်း အချိန်မှာ စစ်ကောင်စီရဲ့ အိမ်ထောင်စုစာရင်းကောက်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမှာ စစ်တပ်ထုတ်ကုန်တွေမသုံးဖို့ လူထုကိုစည်းရုံးလှုပ်ရှားမှုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ကျေးရွာတွေမှာ စစ်တပ်စီးပွါးရေးထောက်တိုင်တွေဖြိုချဖို့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး စည်းရုံးလှုံ့ဆော်တဲ့လှုပ်ရှားမှုတစ်ခုကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို မနေ့ဇန်နဝါရီ ၁၂ ရက်က  ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ( DMSCD) ကဦးဆောင်လှုပ်ရှားခဲ့ပါတယ်။ စစ်တပ်ထုတ်ကုန်တွေကိုဝယ်ယူသုံးစွဲတာမလုပ်ဘဲ သပိတ်မှောက်ကြဖို့ ထုတ်ကုန်စာရင်းပါတဲ့ စာရွက်တွေကို ဖြန့်ဝေတာတွေလည်းလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ DMSCD [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက လက်နက်ကြီးနဲ့ညတိုင်းပစ်ခတ်နေတဲ့ ကြာအင်းဆိပ်ကြီးမှာ လူဦးရေစာရင်းလိုက်ကောက်နေ

နှစ်ဖက်တိုက်ပွဲတွေမကြာခဏဖြစ်သလို လက်နက်ကြီးသံတွေ ညတိုင်းလိုလိုကြားနေရတဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ စစ်ကောင်စီကပြုလုပ်မဲ့ ရွေးကောက်ပွဲအတွက် လူစာရင်းတွေလိုက်ကောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတဲ့အခါတိုင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာတွေ လေယာဉ်နဲ့ဗုံးကြဲတာတွေကို လုပ်ဆောင်တာကြောင့် ကြာအင်းဆိပ်ကြီးမြို့ခံတချို့ကလည်းနေရပ်စွန့်ခွာပြေးတာတွေရှိနေတယ်လို့ဆိုရပါတယ်။ “ အခြေအနေကတော့ နေ့တိုင်းနီးပါး အသံတွေကြားနေရတာပဲ။  အိမ်ထောင်စုစာရင်းကတော့ ထွေအုပ်ရုံးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့တဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသမှာဆုတောင်းပွဲ ပြုလုပ်

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မူကြောင့် ကျဆုံးခဲ့ရတဲ့ CNA/CNF ရဲဘော်တွေအတွက် ယောဒေသ၊ဆောမြို့နယ်မှာ မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ညပိုင်းက ဆုတောင်းပွဲပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ စစ်ကောင်စီတရပ်တွေက ချင်းအမျိုးသားတပ်ဦး ဌာနချုပ်ကို ဇန်နဝါရီ ၁၀ ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် CNA/CNF ရဲဘော်ငါးဦးကျဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘိုကလေးမှာ အဖမ်းခံရတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီထောင်ဒဏ်တွေချ

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ ဘိုကလေးမြို့အနီးမှာ စက်လှေသောင်တင်ပြီး ဖမ်းဆီးခံလိုက်ရတဲ့ ရိုဟင်ဂျာ ၁၁၂ ဦးကို စစ်ကောင်စီက ထောင်ဒဏ်တွေအသီးသီးချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီကသိရပါတယ်။ ရိုဟင်ဂျာ ၁၁၂ ယောက် အနက် အသက် ၁၃ နှစ်အောက် [ဆက်လက်ဖတ်ရှုရန်]