နိုင်ငံရေး

ပဲခူးတိုင်းအရှေ့ခြမ်း KNU တပ်မဟာ(၃)နယ်မြေထဲ စစ်ရှောင်တွေဆက်တိုက်တိုးနေ

မတ်၊ ၁၈ တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် မဟာ(၃)အခြေစိုက်ရာ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်း စစ်ဘေးရှောင်သူဦးရေ ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေ သတွင်း သတင်းရင်းမြစ်တွေနဲ့ KNU ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ပဲခူးတိုင်း ညောင်းလေးပင်၊ရှေတာရှည်၊ကျောက်ကြီး စတဲ့ ဒေသတွေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကချင်အရပ်ဘက်အဖွဲ့ရဲ့ ကွန်ပျူတာသင်တန်းကျောင်း ဖွင့်ပြီး ရက်ပိုင်းအတွင်း ဖျက်ဆီးခံရ၊ တဦးဖမ်းဆီးခံရ

မတ်၊ ၁၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာရပ်ကွက်မှာ ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ ကွန်ပျူတာသင်တန်းကျောင်းတခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို အဲ့ဒီသင်တန်းကျောင်းမှာ အစောင့်အဖြစ်နေထိုင်သူ တဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  အဲ့ဒီကွန်ပျူတာသင်တန်းကျောင်းဟာ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AAနဲ့ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံထားရသူတွေ ရုံးချိန်းမှာတရားလိုစစ်အရာရှိတွေပျက်ကွက်လို့အမှုတွေ ကြန့်ကြာနေ

မတ်၊ ၁၈ ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး ရခိုင်တိုက်ပွဲကာလအတွင်းက ဖမ်းဆီးတရားစွဲခံခဲ့ရသူတွေရဲ့ အမှု တွေမှာ တရားလိုဖြစ်သူ စစ်ကောင်စီတပ်အရာရှိတွေဟာ ရုံးချိန်းတွေကို ဆက်တိုက်ပျက်ကွက်နေ တဲ့အတွက် အမှု ကြန့်ကြာကာ နစ်နာနေကြရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။ “တရားလိုဘက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းပြည်နယ်ကိုဦးတည်တဲ့ စစ်ယာဉ်တန်း အကြိမ်ကြိမ်တိုက်ခိုက်ခံနေရပြီး ခရီးမတွင်ဖြစ်နေ

မတ်၊ ၁၈ မကွေးတိုင်းအတွင်းကနေ ချင်းပြည်နယ်ဘက်ဦးတည်ထွက်ခွာလာတဲ့ ကားအစီးရှစ်ဆယ်ကျော်ပါ စစ်ကောင်စီ ယာဉ်တန်းဟာ စတင်ထွက်ခွာချိန်ကတည်းက လက်ရှိယောဒေသထဲ ရောက်ချိန်အထိ မိုင်းဆွဲတိုက်ခိုက်မှု တွေ အ ကြိမ်ကြိမ်ရင်ဆိုင်နေရပြီး တပတ်အကြာအထိ မင်းတပ်မြို့ကိုရောက်မလာသေးဘူးလို့ ဒေသတွင်းတော်လှန်ရေး အင်အားစုတွေကပြောပါတယ်။  အဲ့ဒီစစ်ယာဉ်တန်းဟာ မကွေးတိုင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုဒုံမှာအုပ်ချုပ်ရေးမှူးရုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံဆယ်ဦးကျော် ဖမ်းဆီးခံရ

မတ်၊ ၁၈ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာ အုပ် ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရပြီးနောက်အရပ်သား (၁၀)ဦးကျော်ကို စစ်ကောင်စီတပ်ဖွဲ့ တွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျိုက်ရွဲကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာမတ်လ ၁၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။အဲဒီဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးမှူးရုံးအ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တွေကဆယ့်နှစ်နှစ်အရွယ် မိန်းကလေးတဦးသေဆုံးမှုAA နဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ နှစ်ဘက်လုံးက ကိုင်တွယ်နေ

မတ်၊ ၁၇ စစ်တွေမြို့‌ပေါ် မင်းဂံရပ်ကွက်မှာ နေအိမ်က ပျောက်ဆုံးသွားပြီးနောက် ဒဏ်ရာတွေနဲ့ ပြန်တွေ့ရတဲ့ အသက်(၁၂) နှစ်အရွယ် မိန်းကလေးငယ်ဟာ ဆေးရုံမှာသေဆုံးသွားခဲ့ပြီးအဲ့ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရခိုင့်တပ်တော် AAနဲ့ စစ် ကောင်စီ ရဲတပ်ဖွဲ့ နှစ်ဘက်လုံးက ကိုင်တွယ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွေးကောက်ပွဲအသစ်က နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီက ကျင်းပဖို့ ကြိုးစားနေတဲ့ ရွေးကောက်ပွဲအသစ်ဟာ  လက်ရှိမြန်မာ့နိုင်ငံရေးအကျပ်အတည်းကို မဖြေရှင်းနိုင်ဘူးလို့ နိုင်ငံတကာနဲ့ ပြည်တွင်းက နိုင်ငံရေးလေ့လာသူတွေ၊ ပါတီခေါင်းဆောင်တချို့ကပြောဆိုလိုက်ပါတယ်။ အရေးပေါ်ကာလကို ခြောက်လထပ်မံသက်တမ်းတိုးထားတဲ့စစ်ကောင်စီဟာ နိုင်ငံတဝန်းက လက်နက်ကိုင်ဆန့်ကျင်နေတဲ့သူတွေကို အင်းအားပိုသုံးပြီးချေမှုန်းဖို့ကြိုးစားနေသလိုတဖက်ကလည်း နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားနေတာလည်းဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတမှာရဲသုံးဦး ပစ်ခတ်ခံရပြီးနယ်ထိန်းတဦးပွဲချင်းပြီးသေဆုံး

မတ်၊ ၁၇ ရန်ကုန်မြို့၊သာကေတမြို့နယ်၊၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် တဦးနေရာမှာတင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီကသိရပါတယ်။ သာကေတ မြို့နယ်၊(၁၀​)မြောက်ရပ်ကွက်ရဲ့ နယ်ထိန်း စောလေးဖော၊ရဲတပ်ကြပ်ကြီးစာရေး(ဂတ်စာရေး)နဲ့ရဲတပ်သားတဦးတို့ဟာ ဒီကနေ့ မတ်လ ၁၇ရက်၊နေ့လယ်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးမီးရှို့ခံရတဲ့ ထီးလင်း ရွှေခုံတိုင်ရွာက အသက်ရှစ်ဆယ်ကျော်မျက်မမြင်အဖွားအိုမီးလောင် သေဆုံး

မတ်၊ ၁၇  မကွေးတိုင်း၊ယောဒေသ၊ ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာကို မတ်လ ၁၅ ရက်ညနေပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်ဆီး ခဲ့တဲ့အတွက် နေအိမ်ရှစ်လုံးမီးလောင်ကျွမ်းခဲ့ပြီး အသက်ရှစ်ကျော်အရွယ် မျက်မ မြင်အဖွားအိုတဦးလည်း မီးလောင်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ​ဆီကသိရပါတယ်။  မီးလောင်ပြီးအသက်ဆုံးရှုံးခဲ့ရသူဟာ ရွှေခုံတိုင်ရွာခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာ့အရေးညှိနှိုင်းဖို့ မမြင်သေးဘူးလို့ အထူးကိုယ်စားလှယ် ကုလမှာ တင်ပြခဲ့

မတ်၊ ၁၇ အာဏာသိမ်းစစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရNUG နှစ်ဘက်လုံးက တိုက်ခိုက်ရေးအရှိန်မြှင့်နေကြပြီး နှစ်ဘက် ညှိနှိုင်းဖို့ အလားအလာဘယ်လိုမှမဖြစ်နိုင်သေးဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စ နိုလင်းဟေဇာက ဒီကနေ့ပြောပါတယ်။ မြန်မာ့အရေးနဲ့ပတ်သတ်ပြီးလေ့လာတွေ့ချက်တွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတကာသံတမန် တွေကို တင်ပြခဲ့ရာမှာထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ ‘’ကျွန်မမြင်တာကတော့ [ဆက်လက်ဖတ်ရှုရန်]