နိုင်ငံရေး

မင်းလှမြို့နယ်မှာ စောင့်ကြိုတိုက်ခိုက်ခံရလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံး

မေ၊ ၃၁   မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ မြေသယ်ကား (FAW)ကို စစ်ကောင်စီတပ်က စောင့်ကြိုတိုက်ခိုက်တာကြောင့် မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရှစ်ဦးကျ ဆုံးခဲ့ပြီး တဦးကတော့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။   ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက မုံရွာ-ယာကြီး လမ်းပေါ်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ်တလုံးပျက်စီး

မေ၊ ၃၁   စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲ့ အနောက်မြောက်ဘက် ၂၈ မိုင်အကွာက ပေါက်အင်းမြိုင်ကျေးရွာ ကို စစ်ကောင်စီက မေလ ၃၁ ရက် ဒီကနေ့ မနက် ၁၁ နာရီခွဲအချိန်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ဂိတ် တိုက်ခိုက်ခံရလို့ နှစ်ဦးသေဆုံး၊ လက်နက်ကြီးနဲ့ပြန်ပစ်လို့ အရပ်သားခြောက်ဦးဒဏ်ရာရ

မေ၊ ၃၁   မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သဲဖြူချောင်းကျေးရွာ သံတံတားတပ် ကင်းစခန်း စစ်ဆေးရေးဂိတ်ကို မေလ ၃၁ ရက် ဒီကနေ့ နံနက်အစောပိုင်းက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ PDF တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ နှစ်ဖက်အထိအခိုက်ရှိခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့သူတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခံရ၊ နှစ်ဖက်တိုက်ပွဲအတွင်း အရပ်သားတဦးသေဆုံး

မေ၊ ၃၁   မွန်ပြည်နယ်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ် အဝေးပြေးလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းကို တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုအတွင်း အရပ်သားတဦး သေဆုံးခဲ့တဲ့ဖြစ်စဉ် မေလ ၃၀ ရက် မနေ့က ဖြစ်ပွားခဲ့ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့ နန်းရှေ့က ရဲစခန်း ၄၀ မမနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

မေ၊ ၃၁   မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ့ရှိ အမှတ် (၁ ) ရဲစခန်းကို မေလ ၃၁ ရက် ဒီကနေ့ မနက်ပိုင်းက ၄၀ မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ အဲဒီပစ်ခတ်မှုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သီးမစ်လွင်ပြင်မှာ လေကြောင်းက အတိုက်ခံရတဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ အကျအဆုံး ထပ်မံတိုးလာ

မေ၊ ၃၁ ချင်းပြည်နယ် ၊ဟားခါးမြို့နဲ့ထန်တလန်မြို့ကြားသီးမစ်လွင်ပြင်တိုက်ပွဲမှာ စစ်ကောင်စီကလေကြောင်းကတိုက်လို့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်အကျအဆုံးထပ်မံတိုးလာပြီးတပ်ဖွဲ့ဝင်  ၂ဝကနေ  ၃၀ ကြား ကျဆုံးခဲ့တယ်လို့ CNDF တပ်မဟာ ( ၁ )တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ မြန်မာကိုရောက်လာ

မေ၊ ၃၁ တရုတ်နိင်ငံဗဟိုစစ်ကော်မရှင်၊ပူးတွဲစစ်ဦးစီးဌာန၊ခေတ္တ စစ်ဘက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ်ဦး ဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေပြည်တော်ကို ရောက်လာပြီး အာဏာသိမ်းစစ်တပ် ဒုတိယအကြီး အကဲနဲ့ တွေ့ဆုံခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲ့ဒီတွေ့ဆုံမှုအတွင်း နှစ်နိုင်ငံ စစ်တပ်တွေပူးပေါင်းဆောင်ရွက်ဖို့၊နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မေ၊ ၃၀ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ မိုင်းလား လက်နက်ကိုင်တပ် ဖြစ်တဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရခိုင့်တပ်တော် AA တို့ ပါဝင်ပါတယ်။ စစ်ကောင်စီနဲ့ အဲဒီမဟာမိတ်သုံးဖွဲ့ဟာ ဇွန်လ ၁ ရက်မှာ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်ပြီး မဟာမိတ်အဖွဲ့တွေက ကိုယ်စားလှယ်တွေ မိုင်းလားမြို့ကို ဒီကနေ့ရောက်ရှိလာကြတယ်လို့ MNDAA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အဲဒီဆွေးနွေးပွဲမှာ စစ်ကောင်စီဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ က လာရောက်တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဒီဆွေးနွေးပွဲကို တရုက်နိုင်ငံ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန်လည်း တရုတ်နိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်မှာဖြစ်ပြီး လက်ရှိမှာ မိုင်းလားမြို့ကို ရောက်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ နွေဦးတော်လှန်ရေးကာလမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်သင်တန်းပေးတာ၊ လက်နက်ထောက်ပံ့မှုပေးတာတွေ လုပ်နေတဲ့ အဖွဲ့တွေဖြစ်ပြီး အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့ပါသေးတယ်။

မေ၊ ၃၀   တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုတွေအရ စစ်ကောင်စီနဲ့ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ တို့ ရှမ်းပြည်နယ်၊ မိုင်းလားမြို့မှာ တွေ့ဆုံကြမှာဖြစ်တယ်လို့ မိုင်းလားက လက်နက်ကိုင်တပ်ဖွဲ့ (MNDAA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။   မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လို့ လူသိများတဲ့ တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့ထဲမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာ – မန္တလေး လမ်းပိုင်းမှာ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

မေ၊ ၃၀   မုံရွာ – မန္တလေး လမ်းပိုင်းက ဖြန်သန်းသွားတဲ့ စစ်ကောင်စီ ယာဥ်တန်းကို မေလ၂၉ ရက်မနေ့ညက ပဒေသာမိုင်း နဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ Black Eagle Defence Force [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်မှာ ဆိုင်ကယ်တွေကို နေအိမ်ရှေ့အထိ စီမံချက်နဲ့ ဆက်တိုက်ဖမ်းဆီးနေ

မေ၊ ၃၀   ရန်ကုန်တိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်၊ ဘေးတွဲနဲ့ ဘထ္ထရီစက်ဘီး တွေကို နေအိမ်တွေအရှေ့အထိ စီမံချက်နဲ့ လိုက်လံဖမ်ဆီးမှုတွေ လုပ်နေတယ်လို့ ရန်ကုန်မြို့ခံတွေနဲ့ ယာဉ်အသုံးပြုသူတွေက ပြောပါတယ်။   ” နေတိုင်း ဖမ်းနေတာ [ဆက်လက်ဖတ်ရှုရန်]