နိုင်ငံတကာရေးရာ

ယူကရိန်းမှာ နေတိုးမဟာမိတ်ရဲ့ လက်နက်အင်အား ၁ရာခိုင်နှုန်းကို ချထားပေးဖို့ ဇေလန်စကီးတောင်းဆို

နေတိုးအဖွဲ့ရဲ့ စစ်လေယာဉ်တွေ ၊ တင့်ကားတွေနဲ့ လက်နက်တွေအားလုံးရဲ့ ၁ရာခိုင်နှုန်းကို  ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် ချထားပေးဖို့ ယူကရိန်းသမ္မတ ဇေလန်စကီးက မတ်လ ၂၆ရက်နေ့ နှောင်းပိုင်းမှာ တောင်းဆိုလိုက်ပါတယ်။ ဥရောပနိုင်ငံတွေအားလုံးအတွက် ဘုံလုံခြုံရေးကို မြင့်တင်ဖို့နဲ့ လေယာဉ် ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်မှာ ကျောင်းတွေပြန်ဖွင့်ပေးဖို့ အမျိုးသမီးတွေ ဆန္ဒပြတောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေအတွက် ကျောင်းတွေ ပြန်ပိတ်လိုက်တဲ့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး မြို့တော် ကဘူးမှာ မတ်လ ၂၆ရက်နေ့က အမျိုးသမီးတွေစုဝေး  ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။   အမျိုးသမီးနဲ့ မိန်းကလေး အယောက် ၂၀ ကျော်လောက်ဟာ ကျောင်းတွေပြန်ဖွင့်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အက်စတာဒမ်မြို့မှာ မြန်မာနဲ့ ယူကရိန်း ပူးပေါင်းဆန္ဒပြ

မတ်လ ၂၆ ရက်နေ့က နယ်သာလန်နိုင်ငံ အက်စတာဒမ်နိုင်ငံ Dam Square ရင်ပြင်မှာ မြန်မာနိုင်ငံသားတွေနဲ့ ယူကရိန်းနိုင်ငံသားတွေ ပူးပေါင်းဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ခဲ့ကြသလို ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့ ရုရှားသမ္မတပူတင်ကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။

နိုင်ငံတကာရေးရာ

ဖိလစ်ပိုင် မြို့တော်မနီလာအနီးမှာ မီးတောင်ပေါက်ကွဲ

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီးက အသေးစားမီးတောင်တခု ပေါက်ကွဲမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားပြီး အနီးက ဒေသခံထောင်ချီကိုလည်း ဘေးလွတ်ရာရွေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။  ၃၁၁ မီတာ အမြင့်ရှိတဲ့ Taal  မီးတောင်ဟာ ဒီနေ့ မတ်လ ၂၆ရက်နေ့ မနက်ပိုင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်က ရုရှားနဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်တွေချမှတ်

အမေရိကန်က ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားအဖွဲ့အစည်းတခုကို အရေးယူဒဏ်ခတ်မှု စာရင်းသွင်းလိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၂၄ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်.  Ardis Groupနဲ့ PFK Profpodshipnik LLC စတဲ့ရုရှားကုမ္ပဏီနှစ်ခုနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပရိုဂရမ်အတွက် ပစ္စည်းတွေပေးပို့ပေးတဲ့  Second Academy [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်နိုင်ငံခြားရေးဝန်ကြီး အာဖဂန်နစ္စတန်ကို သွားရောက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ မတ်လ ၂၄ရက်နေ့က အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့ကို ရောက်ရှိလာခဲ့ပြီး ဒါဟာ သူ့ရဲ့ ပထမဆုံး အာဖဂန်ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဝမ်ယီဟာ ကဘူးလ်မြို့မှာ Organisation of Islamic Cooperation (OIC)နဲ့ နှစ်ရက်ကြာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်မှာ မိန်းကလေးတွေ ကျောင်းတက်ခွင့်ကို တာလီဘန်တွေ ပြန်ပိတ်ပင်

အာဖဂန်စ္စတန်မှာ ဆောင်းရာသီ ပိတ်ရက်ပြီးနောက် မတ်လ ၂၃ ရက်နေ့မှာ ကျောင်းတွေပြန်ဖွင့်ပေမယ့်၊ မိန်းကလေးတွေကို ၇ တန်းကနေ ၁၂ တန်းအထိ အထက်တန်းအဆင့်ကို တက်ခွင့်မပေးဘဲ တာလီဘန်တွေက ဆက်လက် ပိတ်ပင်ထားပါတယ်။   အာဖဂန်စ္စတန်မှာ မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗြိတိန်က ယူကရိန်းကို ဒုံးကျည်လက်နက်တွေ ထောင်နဲ့ချီ ပေးပို့သွားမယ်

ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုကို ခုခံနေတဲ့ ယူကရိန်းစစ်တပ်အတွက် ဒုံးကျည် ၆၀၀၀ နဲ့ ကန်ဒေါ်လာ ၃၃ သန်း ထောက်ပံ့သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က မတ်လ ၂၃ ရက်နေ့နှောင်းပိုင်းက ပြောပါတယ်။   ရုရှားရဲ့ ကျူးကျော်မှုကိစ္စ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်ကိုရီးယားမှာ ကိုဗစ်ကူးစက်သူ ၁၀သန်းကျော်ရှိလာ

တောင်ကိုရီးယားနိုင်ငံမှာ  ကိုရိုနာဗိုင်းရပ်ကူးစက်မှုအရေအတွက် စုစုပေါင်း ၁၀ ​​သန်းကျော် ရှိလာပြီး ဒါဟာ နိုင်ငံလူဦးရေရဲ့ ၂၀ရာခိုင်နှုန်းရှိတယ်လို့ အာဏာပိုင်တွေက မတ်လ ၂၃ရက်နေ့မှာ ပြောပါတယ်။ ပြင်းထန်တဲ့ ရောဂါကူးစက်မှုတွေကြောင့် အသေအဆုံးလည်းများပြီး  နိုင်ငံတစ်ဝန်းမှာ ဈာပနအခမ်းအနားပြုလုပ်နေတဲ့ နေအိမ်တွေလည်း တွေ့မြင်ကြရတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

၂၀၂၁ ခုနှစ်အတွင်း ဘယ်နိုင်ငံမှ WHO ရဲ့ လေထုအရည်အသွေးစံနှုန်းနဲ့ မကိုက်ညီ

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ လေထုအရည်အသွေးစံနှုန်းကို ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့နိုင်ငံ တနိုင်ငံမှ မရှိဘူးလို့ ကမ္ဘာ့မြို့ပေါင်း ၆,၄၇၅ခုကနေ ကောက်ယူထားတဲ့ လေထုညစ်ညမ်းမှုဆိုင်ရာ အစီရင်ခံစာတခုက ဆိုပါတယ်။  PM2.5 လို့ သိကြတဲ့ လေထုအတွင်း အန္တရာယ်ရှိတဲ့ [ဆက်လက်ဖတ်ရှုရန်]