နိုင်ငံတကာရေးရာ

ထိုင်းနယ်စပ်ကတစ်ဆင့် မြန်မာပြည်သူတွေကိုကူညီနိုင်ရေး အမေရိကန်နဲ့ထိုင်းဆွေးနွေး

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ ထိုင်းနဲ့အမေရိကန် ပူးပေါင်းပြီး မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် အလားအလာကို နှစ်နိုင်ငံဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ထိုင်းနိုင်ငံကို အောက်တိုဘာ ၁၈ ရက်ကနေ၁၉ ရက်နေ့အထိရောက်ရှိခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်သားတွေ အဓမ္မသိမ်းလာတဲ့ ဆိုင်ကယ်နဲ့ဟန်းဆက် ဈေးပေါပေါနဲ့ ပြန်ရောင်းချ

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းရှိ ဒေသခံတွေဆီက အဓမ္မသိမ်းယူထားတဲ့ ဆိုင်ကယ်နဲ့ ဖုန်း ဟန်းဆက်တို့ကို နယ်မြေခံရဲတချို့က ဈေးနှုန်းသက်သာစွာနဲ့ ပြန်လည်ရောင်းချနေတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ယင်းမာပင်၊ပုလဲ၊ဂန့်ဂေါအစရှိတဲ့ မြို့နယ်တွေက ဒေသခံတွေရဲ့ ဖုန်းနဲ့ ဆိုင်ကယ်တို့ကို အဓမ္မသိမ်းလာပြီးနောက် နယ်မြေခံရဲတပ်ဖွဲ့ဝင်တချို့ကနေတစ်ဆင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကိုယ်ပိုင်ဆိုရှယ်မီဒီယာတစ်ခုထောင်မယ့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ သူ့ကိုယ်ပိုင် ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုထောင်ပြီး လက်ရှိနာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်ဖို့ ခြေလှမ်းစတင်လိုက်ပါပြီ။ ဒေါ်နယ်ထရမ့်ဟာ ကိုယ်ပိုင်ဆိုင်ရှယ်မီဒီယာပလက်ဖောင်းရဲ့ နာမည်ကို TRUTH Social လို့ နာမည်ပေးထားပြီး သူ့ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ကျန်းမာရေး

ကိုဗစ်အကျပ်အတည်းဟာ ၂၀၂၂ ခုနှစ် ကာလတွေအထိ ဆက်ရှိဦးမယ်လို့ WHO သတိပေး

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က‌ ကိုဗစ်အကျပ်အတည်းဟာ လာမယ့် ၂၀၂၂ ခုနှစ်အထိ ဆက်လက် ရှိနေဦးမှာဖြစ်တယ်လို့ ခန့်မှန်းလိုက်ပြီး သတိပေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ ကိုဗစ်ဗိုင်းရပ်စ်ဟာ WHO က အသိပေးထားတဲ့အတိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်ထီးရိုးဖွင့်ပွဲ ဘုရားဖူးနည်း

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ မွန်ပြည်နယ်၊ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီ စတင်ဖွင့်လှစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားဖူး အနည်းငယ်သာရှိတယ်လို့သိရပါတယ်။ ပုံမှန်အနေနဲ့ သီတင်းကျွတ်လပြည့်နေ့တိုင်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ ကျိုက်ထီးရိုးရင်ပြင် ထက် မှာ ခြေချစရာမရှိအောင်စည်ကားခဲ့တယ်လို့ ကျိုက်ထိုမြို့၊မင်းလမ်းမှာနေသူတစ်ဦးကပြောပါတယ်။ ‘မနေ့ကကျွန်မတို့ကျိုက်ထီးရိုးတက်ကြတာ ကိုယ့်မြို့သားတွေလောက်တွေ့ရတယ်။မွန်ပြည်နယ်ထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံး ဗုံးကွဲ၊၂ဦးသေ

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ သီတင်းကျွတ်လပြည့်နေ့ညမှာ မုံရွာမြို့ပေါ်ကရဲစခန်း၂ခုနဲ့ အကောက်ခွန်ရုံးတို့ကို ဗုံးနဲ့တိုက်ခိုက်ခဲ့ရာ အစောင့်စစ်သား၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ စစ်ကိုင်းတိုင်း၊မုံရွာမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ အမှတ်(၁)ရဲစခန်းနဲ့ နန္ဒဝန်ရပ်ကွက်ရှိအမှတ်(၂)ရဲစခန်းတို့ကို မုံရွာ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ PDF-South Monywa နဲ့ Monywa Heroes Group [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

မန်ယူအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဂိုးသမားဒီဂီယာက အဓိက သော့ချက်ဖြစ်ခဲ့တယ်လို့ အတ္တလန္တာနည်းပြပြော

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။ အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီက မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ ဦးဆောင်ဂိုး ၂ ဂိုး နဲ့ မန်ယူအသင်းကို အသာရခဲ့ပေမယ့် နောက်ကျ ချေပဂိုးတွေအပြင် အနိုင်ဂိုးပါ ခွင့်ပြုလုပ်လိုက်ရတဲ့အတွက် မချင့်မရဲဖြစ်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါး-ဖလမ်းလမ်းပိုင်းမှာ ပိတ်မိနေတဲ့စစ်အုပ်စု ၇ရက်အတွင်း ၂၀ကျော်သေ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် ဟားခါးမြို့ကို အင်အားဖြည့်တင်းဖို့ ဖလမ်းမြို့ကထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို ချင်းလက်နက်ကိုင်ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်အုပ်စုက သေဆုံးထိခိုက်မှု များပြားခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။ ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သတင်းထောက်တွေနဲ့ နာမည်ကြီး နိုင်ငံရေးလှုပ်ရှားသူတွေ ပါဝင်လာခြင်းမရှိတဲ့ ဧရာဝတီ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအရ မတရားဖမ်းဆီးထားတဲ့သူတွေကို ပြန်လည်လွှတ်ပေးခဲ့ရာမှာ အောက်တိုဘာလ ၁၈ရက်နေ့နဲ့ ၁၉ရက်နေ့ နှစ်ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၇ဦး ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ အခုလိုလွှတ်ပေးခဲ့တဲ့ ၂၀၇ဦးအတွင်းမှာ မတရားဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေနဲ့ နာမည်ကြီး နိုင်ငံရေးသမားတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာအောင်ရှင်နဲ့ ပတ်သတ်တဲ့ သတင်းအတု လူမှုကွန်ရက်ပေါ် မှာ ပျံ့နှံနေ

၁၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီနေ့ လူမှုကွန်ရက်ပေါ်မှာ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကဗျာဆရာမုံရွာအောင်ရှင်ကို နိုင်ငံရေး လုပ်ကြံထားတဲ့ သတင်းအမှားတစ်ခုကို  အွန်လိုင်းတွေမှာ ပျံ့နှံလာခဲ့ပါတယ်။ အဲဒီလုပ်ကြံထားတဲ့ သတင်းမှာ ဆရာမုံရွာအောင်ရှင်ဟာ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းတဲ့လုပ်ရပ်အပေါ် ထောက်ခံသလိုရေးသားထားတာတွေ့ရပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]