ကျိုက်ထီးရိုးဖွင့်ပွဲ ဘုရားဖူးနည်း

၂၁၊ အောက်တိုဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်၊ကျိုက်ထိုမြို့က ကျိုက်ထီးရိုးစေတီ စတင်ဖွင့်လှစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားဖူး အနည်းငယ်သာရှိတယ်လို့သိရပါတယ်။

ပုံမှန်အနေနဲ့ သီတင်းကျွတ်လပြည့်နေ့တိုင်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ ကျိုက်ထီးရိုးရင်ပြင် ထက် မှာ ခြေချစရာမရှိအောင်စည်ကားခဲ့တယ်လို့ ကျိုက်ထိုမြို့၊မင်းလမ်းမှာနေသူတစ်ဦးကပြောပါတယ်။

‘မနေ့ကကျွန်မတို့ကျိုက်ထီးရိုးတက်ကြတာ ကိုယ့်မြို့သားတွေလောက်တွေ့ရတယ်။မွန်ပြည်နယ်ထဲက လူ တွေတောင် လာတာသိပ်မရှိဘူးထင်တယ်’လို့ သူကပြောပါတယ်။

၂၀၂၀ပြည့်နှစ်ကစတင်ပြီး ကိုဗစ်ရောဂါကြောင့် ဘုရားဖူးမရှိသလောက်ဖြစ်သွားခဲ့ပြီး ဒီနှစ်မှာလည်း အကြမ်း ဖက်စစ်အုပ်စုက အာဏာသိမ်းခဲ့တဲ့အတွက် ဘုရားဖူးသိပ်ရှိမယ်မထင်ဘူးလို့ သူကပြောပါတယ်။

‘အရင်တုန်းက ဒီနေ့လိုဆို ဘုရားဖူးကားတွေ ပြန်ဆင်းလာကြတာ တနေကုန် ကားတန်းကြီးကို ကျွန်မတို့ ကျိုက်ထိုမြို့ပေါ်မှာ မြင်ရတယ်။ဒီနေ့ကတော့ ကျိုက်ထီးရိုးကနေ ပြန်ဆင်းလာတဲ့ကားကို မတွေ့ရတာ။တစ် နိုင်ငံလုံး စိတ်တွေလည်းဆင်းရဲ၊သူဌေးတွေတောင်စီးပွားပျက်နေကြတော့ ဒီနှစ်လည်း ဘုရားဖူးသိပ်ရှိမယ်မ ထင်ဘူး’လို့ သူကဆက်ပြောပါတယ်။

ကျိုက်ထိုမြို့မှာ ဘုရားဖူးတွေကို အမှီပြုစီးပွားရှာနေသူများစွာရှိပြီး ဒီနှစ်အတွက်မျှော်လင့်ချက်မထားဘဲ အလုပ် ပြောင်းလုပ်နေကြတယ်လို့ သိရပါတယ်။

‘လက်လုပ်လက်စားတွေ၊တောင်ပေါ်က ဆိုင်တွေမှာ လုပ်တဲ့သူတွေ တခြားကျပန်းအလုပ်လုပ်ပေါ့။ကျပန်းအ လုပ်ကလည်း ခပ်ရှားရှားဆိုတော့ ရှမ်းပြည်(ထိုင်း)တက်ဖို့ပဲ စဉ်းစားကြတာတယ်’လို့ သူကဆက်ပြောပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို နှစ်စဉ်သီတင်းကျွတ်လပြည့်နေ့ကနေ ကဆုန်လပြည့်နေ့အထိဖွင့်ပြီး မြန်မာနိုင် ငံအတွင်း ဘုရားဖူးအလာဆုံးစေတီထဲကတစ်ဆူဖြစ်ပါတယ်။