နိုင်ငံတကာရေးရာ

 ဗြိတိန်ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနကို လာမယ့်သီတင်းပတ်မှာ ကျင်းပမယ်

ဒုတိယမြောက် အဲလစ်ဇဘတ် ဘုရင်မကြီးရဲ့ နိုင်ငံတော်ဈာပနကို လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်တယ်လို့ တော်ဝင်မိသားစုက ထုတ်ပြန်ပါတယ်။  စျာပနမတိုင်ခင်အထိ ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဝက်မင်န်စတာ ခန်းမမှာ လေးရက်ကြာ ထားရှိမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ခေါင်းတလားကို လာရောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆောနဲ့ ကျောက်ထုက လူငယ်အဖွဲ့ရဲ့ စခန်းအမှတ်(၂) မီးရှို့ဖျက်ဆီးခံရ

ယောဒေသက၊ The Youth Force (Saw&Kyaukhtu)ရဲ့ စခန်း (၂) ကို စက်တင်ဘာလ (၁၀) ရက် ညနေ (၃) နာရီဝန်းကျင်မှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးသွားတယ်လို့ The Youth Force တာဝန်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူထောင်က နိုင်ငံရေးအကျဉ်းသား ငါးဦးထွက်ပြေးလွတ်မြောက်

မကွေးတိုင်း၊ ပခုက္ကူခရိုင် အကျဉ်းထောင်ကနေ မနေ့က ထွက်ပြေးခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသား ငါးဦးကို လုံခြုံရာရောက်အောင် ကယ်ထုတ်ထားနိုင်ပြီလို့ Young Force -UG အဖွဲ့က ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့ပါတယ် ။ လွတ်မြောက်လာသူတွေဟာ အကျဉ်းထောင်ထဲကနေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကြိုးစားလွတ်မြောက်လာခဲ့ကြတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဆက်တိုက်ရွာနေလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ အခက်တွေ့

စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာနေတဲ့အတွက် နေထိုင်စားသောက်ရေးအတွက် အခက်တွေ့နေတယ်လို့ South Monywa PDF အဖွဲ့က DNA ကိုပြောပါတယ်။ “နေရေးထိုင်ရေးကော စားရေးသောက်တာ ချက်ပြုတ်ရတာကစပေါ့၊ မိုးဆက်တိုက်ရွာတာ နှစ်ညရှိပြီ အခုကောပဲ လက်ရှိနေ့ဘက်ပါ ရွာနေတာ” လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက ဂန့်ဂေါမြို့နယ် လာပို့ရွာကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ ဒီနေ့မနက်မှာ လာပို့ရွာကို မီးရိူ့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ” မနက်ပိုင်းကရှို့တာ။ တချို့က ရွာကထွက်သွားကြပြီလို့ပြောတယ်။ ကျန်နေတဲ့ကောင်တွေက ဆက်ရှို့နေကြတုန်း။ ဘယ်လောက်ထိလောင်မလဲ မသိသေးဘူး” လို့ ဆိုပါတယ် ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းမှာ စစ်ကောင်စီက သက်သာချောင်ချိရေး ဈေးရောင်းပြီး ဝါဒဖြန့်နေ

အကြမ်းဖက်စစ်ကောင်စီဟာ ဧရာဝတီတိုင်း အတွင်းမှာ သက်သာချောင်ချိရေး ခေါင်းစဥ်တပ်ပြီး ဝါဒဖြန့်ပြီး ဆန်ဆီ နဲ့ စားသောက်ကုန်တွေကို ရောင်းချနေပေမယ့် မြို့ပေါ်နေရာတချို့မှာ ဟန်ပြလုပ်နေပြီး ကျေးလက်တွေမှာ စားဝတ်နေရေး ကြပ်တည်းမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ် ။ “ကုန်စျေးနှုန်းတက်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ညောင်တုန်းမြို့မှာ လုပ်ခဲ့တဲ့ ပိုစတာကမ်းပိန်း

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကို UN က ဆက်လက် လက်ခံ ထားရှိဖို့ ပိုစတာ လှုပ်ရှားမှုကို ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့ခံတွေက စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း ကပြုလုပ်ခဲ့ကြတယ်လို့ ညောင်တုန်းမြို့ခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုးဗြဲတိုက်ပွဲမှာ ကာကွယ်ရေးမဟာမိတ်တပ်ဘက်က ဆယ်ဦးဒဏ်ရာရပြီး သုံးဦးစိုးရိမ်ရ

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ်က သုံးရက်ဆက်တိုက်ပွဲမှာ ဒေသတွင်း ကာကွယ်ရေးတပ်တွေဘက်က ဆယ်ဦးဒဏ်ရာရပြီး သုံးဦးစိုးရိမ်ရတယ်လို့ စစ်မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ Mobye PDF Rescue Team-MPRTက ဒီနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မိုးဗြဲမြို့နယ်မှာ ဒေသတွင်းကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်နေတာ ဒီနေ့အပါ အဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မောင်တောက စစ်ကောင်စီစခန်းကုန်းတခုကို AA တိုက်ခိုက်သိမ်းပိုက်

မောင်တောမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီတပ် ခမရ(၃၅၂)တပ်ရင်း စခန်းကုန်းတခုကို ဒီနေ့ စက်တင်ဘာ ၁၀ရက် မနက် ၇နာရီကျော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ ရခိုင့်တပ်တော် AA က ဒီနေ့ညပိုင်းမှာ သတင်း ထုတ်ပြန်ပါတယ်။ မောင်တာမြို့နယ် လောင်းဒုံရွာ(ခ)ဂြိတ်ချောင်းကျေးရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ ဂုတ်ပီကျော်လမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးရက်ဆက် တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ ကျည်ဆံအရေးပါ်လိုအပ်နေတယ်လို့ မိုးဗြဲ PDFဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊မိုးဗြဲမြို့နယ်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ကောင်စီတပ်တွေသုံးရက်ဆက် တိုက်ပွဲတွေပြင်းထန်နေပြီး ကျည်ဆံအရေးပေါ်လိုအပ်နေတယ်လို့ မိုးဗြဲ PDFက ထုတ်ပြန်အသိပေးပါတယ်။ “သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ စခများကို အပြတ်သတ်ချေမှုန်းနိုင်ရန်အတွက် နှုတ်ခမ်းနီ တောင့်များ အရေးတကြီးလိုအပ်နေပါသဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီပေးကြဖို့ အထူးမေတ္တာရပ်ခံ တောင်း ခံအပ်ပါသည်”လို့ မိုးဗြဲ [ဆက်လက်ဖတ်ရှုရန်]