ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မှာ တက္ကစီယာဥ်မောင်းတဦး လုယက်သတ်ဖြတ်ခံရ

ရန်ကုန်မြို့၊ ထောက်ကြန့်မြို့နယ်မှာ နေထိုင်တဲ့ တက္ကစီယာဥ်မောင်တဦးဟာ ကားအငှားလိုက်သွားရာက လုယက်သတ်ဖြတ်ခံလိုက်ရတယ်လို့ သေဆုံးသူရဲ့ ဇနီးဖြစ်သူက DNA ကိုပြောပါတယ်။ လုယက်သတ်ဖြတ်ခံရသူဟာ တက္ကစီယာဥ်မောင်း ကိုရှိန်းသူစိုးဖြစ်ပြီး နိုဝင်ဘာ (၁) ရက် ညနေပိုင်းမှာ အမျိုးသားနှစ်ဦးနဲ့ ကားအငှားလိုက်သွားပြီးနောက် လုယက်သတ်ဖြတ်ခံရတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေသခံတွေကန့်ကွက်ထားတဲ့ နေပူတောင် စီမံကိန်း ပြန်စဖို့ စစ်ကောင်စီ စီစဉ်နေ

ဒေသခံတွေက လက်မခံနိုင်ကြောင်း အကြိမ်ကြိမ် ဆန္ဒထုတ်ဖော်ထားသလို အရပ်သားအစိုရလက်မှာလည်း ရပ်နားထားခဲ့တဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က နေပူတောင်မာဘယ်ကျောက်ထုတ်လုပ်မှုစီမံကိန်း ပြန်စဖို့ စစ်ကောင်စီကပြင်ဆင်နေပါတယ်။ နေပူတောင်ဒေသမှာရှိတဲ့ အဲဒီမာဘယ်ကျောက်တွေကို ထုတ်လုပ်ဖို့ ဗီယက်နမ်နိုင်ငံက SIMCO Song Da Joint Stock [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အပူပေးစနစ် လုံးဝမရှိဘဲ ဆောင်းတွင်းကို ဖြတ်သန်းရနိုင်ကြောင်း ကိယက်ဗ် မြို့တော်ဝန် သတိပေး 

ဆောင်းတွင်း တစ်တွင်းလုံး အနွေးပေး စနစ်တွေ အသုံးမပြုနိုင်တဲ့ အခြေအနေမျိုးအတွက် ကြိုတင် တွေးတော ပြင်ဆင်ထားကြဖို့ ကိယက်ဗ် မြို့ခံတွေကို မြို့တော်ဝန်က သတိပေး ပြောကြားလိုက်ပါတယ်။  ယူကရိန်းရဲ့ ဆောင်းရာသီဟာ ရေခဲမှတ်လောက်ထိ အလွန်အကျွံ အေးခဲတာကြောင့် နာမည်ဆိုးနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စာအိတ်ဗုံးတွေ ဆက်တိုက် တွေ့နေရလို့ စပိန်မှာ လုံခြုံရေး တင်းကျပ်ထားရ 

စာအိတ်ဗုံးတွေရဲ့ ခြိမ်းခြောက်မှု အန္တရာယ်ကြောင့် စပိန်နိုင်ငံအနှံ့ လုံခြုံရေး အစီအမံတွေကို အရေးပေါ် မြှင့်တင်ထားရကြောင်း သိရပါတယ်။  မြို့ကြီးတချို့မှာ စာအိတ်ဗုံးတွေ ဆက်တိုက် တွေ့ရှိနေသလို ဝန်ကြီးချုပ်ဆီ လိပ်မူပြီး စာအိတ်ဗုံး ပေးပို့တာမျိုးပါ ရှိလာတဲ့နောက် ဒီကိစ္စကို သတိကြီးကြီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ထူးထူးဆန်းဆန်း စံချိန်မှတ်တမ်း တစ်ခုနဲ့အတူ ကမ္ဘာ့ဖလား အုပ်စုဗိုလ် ဖြစ်ခဲ့တဲ့ ဂျပန်အသင်း 

နာမည်ကြီး စပိန်အသင်းကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ ဂျပန်အသင်းဟာ ပြိုင်ပွဲ သမိုင်းတလျှောက်မှာ ထူးထူးခြားခြား စံချိန်တစ်ခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။  ဒီဇင်ဘာ ၁ ရက် ညပိုင်းက ပွဲစဉ်မှာ အာရှအသင်း ဂျပန်က [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားက စောစောစီးစီး ထွက်ခွာရလို့ နာကျင်ခံစားနေရတဲ့ ဂျာမနီ အသင်းသားတွေ  

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကတင် စောစောစီးစီး ထွက်ခွာရခြင်းကြောင့် စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း ဂျာမနီ အသင်းသားတွေက ဝန်ခံ ဖွင့်ဟခဲ့ပါတယ်။  ဂျာမနီ လက်ရွေးစင် အသင်းဟာ အုပ်စု(E) အပိတ်ပွဲစဉ်မှာ ကော်စတာရီကာကို ၄-၂ နဲ့ အနိုင်ရခဲ့ပေမယ့်လည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြို့ပြပြောက်ကျားလူငယ်ကိုးဦး ထပ်မံဖမ်းဆီးခံရပြီး သေဆုံးသူတွေလည်းပါဝင်

ရန်ကုန်မြို့မှာ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ မြို့ပြပြောက်ကျားလူငယ် ၉ ဦးထပ်မနည်းကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း မြို့ပြပြောက်ကျားတွေက ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး မြို့ပြပြောက်ကျားအဖွဲ့က လူငယ်တဦးကတဆင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါ တောင်ယာပြင်ရွာကသားအမိနှစ်ဦး လက်နက်ကြီးထိပြီး ဒဏ်ရာရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ယာပြင်ကျေးရွာအနီး ယာခင်းထဲ ဒီကနေ့ နေ့လယ်ပိုင်းမှာ လက်နက် ကြီးကျည်ကျ ပေါက်ကွဲလို့ ပဲနှုတ်နေတဲ့သားအမိနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ဂန့်ဂေါမြို့အခြေစိုက် ခလရ (၅၀) တပ်ဟာ ဒီကနေ့မနက်ပိုင်းမှာ ဟားခါးမြို့ဘက်ကို စစ်ကြောင်းထွက်လာခဲ့ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တောင်ဥက္ကလာပက စစ်ကောင်စီကင်းတဲ ဗုံးပစ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်က စစ်ကောင်စီကင်းတဲတစ်ခုကို Generation-Y Guerrilla အဖွဲ့က ဒီကနေ့ ဒီဇင်ဘာ (၁) ရက် ၊နေ့လယ်ပိုင်းမှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့တာဝန်ခံက DNA ကိုပြောပါတယ်။ Generation-Y Guerrilla အဖွဲ့နဲ့ မဟာမိတ်အဖွဲ့တွေဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကောင်စီက နှစ်ရက်အတွင်း ဆားလင်းကြီးက ရွာလေးရွာကို မီးရှို့

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းမှာ စစ်ကောင်စီက နှစ်ရက်အတွင်း ရွာလေးရွာကို စစ် ကြောင်းထိုးဝင်ရောက် မီးရှို့ခဲ့ပြီး ဆက်သွယ်ရေး ဖြတ်တောက်ထားလို့ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုအတိအကျမသိရသေးဘူးလို့ အဲ့ဒီမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အားတရာကျော်ဝန်းကျင်နဲ့ နိုဝင်ဘာ (၂၉) ရက်မှာ [ဆက်လက်ဖတ်ရှုရန်]