နိုင်ငံရေး

အရပ်သားသေဆုံးမှုနဲ့ တော်လှန်ရေးအင်အားစုတွေ အကျအဆုံး နည်းနိုင်သမျှနည်းအောင်လုပ်ဖို့ ယာယီသမ္မတတိုက်တွန်း

အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ အရပ်သားသေကြေမှုတွေနဲ့ မဟာမိတ်တော်လှန်ရေး အင်အားစု တပ်ဖွဲ့ဝင်တွေ အကျအဆုံးနည်းနိုင်သမျှနည်းရေးကို အဓိက လုပ်ဆောင်ကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းကို ဒီဇင်ဘာ (၁၃) ရက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကြောင်းထိုးခံခဲ့ရတဲ့ ကလေးမြို့တောင်ပိုင်းကျေးရွာတွေမှာ စပါးအထွက်နှုန်းလျော့ပြီး စိုက်ခင်းတွေပိုးကျ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေမှာ အခုနှစ်ထဲ စပါးအထွက်နှုန်းတွေ အလွန်လျော့ကျနေတဲ့အပြင် ပဲခင်းတွေလည်း ပိုးကျနေတာကြောင့် ဒေသခံတွေ ဆုံးရှုံးမှုတွေများပြီးကျပ်တည်းနေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။ ကလေးမြို့တောင်ပိုင်းက ကျေးရွာတွေဖြစ်တဲ့ တင်သားကျေးရွာ၊ မှန်တောရွာ၊ ရှားဖိုရွာ၊ ကျောက်ဖူးရွာနဲ့ အရှေ့စည်း စတဲ့ရွာတွေမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးက zeus ဘားကို မြို့ပြပြောက်ကျားတွေ ဖောက်ခွဲ

မန္တလေးမြို့ ၅၅ လမ်းနဲ့ လမ်း ၃၀ ထောင့်မှာရှိတဲ့ zeus Bar ကို ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းက မြို့ပြပြောက်ကျားအဖွဲ့တွေက ဖောက်ခွဲခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။ စစ်ကောင်စီကို အခွန်ပေးဆောင်ပြီး မူးယစ်ဆေးဝါးအသုံးပြုခွင့်ပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းကလာတဲ့ စစ်တပ်က ရေဦးမှာသုံးရက်အတွင်း ငါးရွာ မီးရှို့ခဲ့ပြီး ဆက်ရှို့နေ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ ဆယ်ရက်အတွင်း ရွာနှစ်ဆယ်ဝန်းကျင်ကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်း တွေဟာ နယ်မြေချင်းဆက်စပ်နေတဲ့ ရေဦးနယ်ထဲဝင်လာပြီးနောက် သုံးရက်အတွင်း ရွာခြောက်ရွာ မီးရှို့ခဲ့ကာ ဆက်လက်မီးရှို့ဖျက်ဆီးနေဆဲဖြစ်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။   ဒီပဲယင်းအရှေ့ခြမ်းရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့ စစ်ကြောင်းနှစ်ခုဟာ ဒီဇင်ဘာ(၁၀)ရက်ကစပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဘားအံမြောက်ပိုင်းက၊မီးပုန်းကျေးရွာကို BGF က စစ်ကြောင်းထိုးဝင်ကာ လူနေအိမ်တလုံးမီးရှို့

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် မြောက်ပိုင်းက မီးပုန်းကျေးရွာကို စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် BGF က ဒီဇင်ဘာ(၁၀)ရက်မှာ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး နောက်တရက်မှာ ရွာထဲက အိမ်တလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတဦးက DNA ကိုပြော [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နမ့်ဆန်တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်လို့ ကုန်းသာရွာတရွာလုံးကျွတ်ပျက်စီး

  ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အနီးမှာ တအောင်းလွတ်မြောက်ရေးတပ်မတော်(TNLA) စခန်းကို စစ်ကောင်စီတပ်ရဲ့ တစ်ပတ်ကြာ ပြင်းပြင်ထန်ထန် ထိုးစစ်ဆင်နေမှုကြောင့် အနီးကကုန်းသာကျေးရွာ တရွာလုံးနီးပါးပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီဇင်ဘာလ ၇ ရက်က စခဲ့တဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်က ဖျက်အားပြင်းတဲ့ ပေါင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ရေးတင်းမာနေလို့ ကလေး – လက်ပန်ချောင်း – ရာဇဂြိုလ်လမ်း အသုံးပြုခွင့်ပိတ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းမှာ စစ်ရေး တင်းမာနေတာကြောင့် ကလေးမြို့နယ်မြောက်ပိုင်းက ကလေး- ရာဇဂြိုလ်လမ်းမကြီးကို လတ်တလော အသုံးမပြုကြဖို့   PDF Kalay ကဒီဇင်ဘာ(၁၃) ရက် ဒီကနေ့မှာထုတ်ပြန်လိုက်ပါတယ်။  “မြို့ပတ်ဝန်းကျင်အကုန်လုံးနီးပါး အခြေအနေ ဆိုးနေတယ်၊လက်ပန်ချောင်းလမ်းဘက်မှာလည်း သူတို့ (စကစ)တွေရှိနေတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးက LGBT အရေးဆောင်ရွက်သူ စူးရှရှင်းသန့်ကို စစ်အုပ်စုတရားရုံးက ထောင် ၂၅ နှစ်ချ

မန္တလေးမြို့မှာ လိင်စိတ်ခံယူမှုကွဲပြားသူတွေဖြစ်တဲ့ LGBT အခွင့်အရေးလှုပ်ရှားနေတဲ့ မစူးရှရှင်းသန့်ကိုစစ်ကောင်စီလက်အောက်ခံတရားရုံးက မနေ့ဒီဇင်ဘာ ၁၂ ရက်နေ့က ထောင်ဒဏ်၂၂ နှစ်ချမှတ်လိုက်တယ်လို့တရားရုံးနဲ့ နီးစပ်သူတွေက DNA ကိုအတည်ပြုပြောပါတယ်။   အခုနှစ်အစောပိုင်းမှာလည်း မန္တလေးအိုးလိုထောင်တွင်းတရားရုံးက မစူးရှရှင့်သန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆန္ဒပြသူ တစ်ဦးကို လူမြင်ကွင်းမှာ အီရန် ကြိုးပေးကွပ်မျက်

ပြည်တွင်းက ဆန္ဒပြမှုတွေမှာ ဦးဆောင်ပါဝင်ခဲ့သူ လူငယ်တစ်ဦးကို အီရန် အစိုးရက လူမြင်ကွင်းမှာ ကြိုးပေး ကွပ်မျက်ခဲ့ကြောင်း သိရပါတယ်။   အီရန် အာဏာပိုင်တွေက သူတို့ဟာ အသက် ၂၃ နှစ်အရွယ် မာဂျစ်ရက်ဇာ ရာနာဗက်ဒ်ကို မက်ရှ်ဟက်ဒ်မြို့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကဘူးလ်မှာ တရုတ်နိုင်ငံသားတွေ အသုံးများတဲ့ဟိုတယ် တိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းသေ

အာဖဂန် နစ္စတန်နိုင်ငံ၊ ကဘူးလ် မြို့တော်မှာ တရုတ် နိုင်ငံသားတွေ အသုံးများတဲ့ ဟိုတယ်တစ်ခုကို သေနတ်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် ၃ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။   ဒီဇင်ဘာ ၁၂ ရက် အကြမ်းဖက် [ဆက်လက်ဖတ်ရှုရန်]