နိုင်ငံတကာရေးရာ

စစ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ အောင်မြင်ခဲ့တယ်လို့ ကင်ဂျုံအန်း ကြွေးကြော်

မြောက်ကိုရီးယားဟာ စီးပွားရေးနဲ့ စစ်ရေး မူဝါဒတွေမှာ အကြီးအကျယ် အောင်မြင်မှုတွေ ရရှိခဲ့တယ်လို့ အာဏာရ ပါတီရဲ့ နှစ်ပတ်လည် ညီလာခံမှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းက ကြွေးကြော်သွားခဲ့ပါတယ်။   ပြီးခဲ့တဲ့ တစ်နှစ်တာအတွင်း မြောက်ကိုရီးယား အစိုးရဟာ မူဝါဒရေးရာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလား ကာလမှာ မက်ဆီ နေထိုင်သွားတဲ့ ဟိုတယ်အခန်းကို ပြတိုက်ငယ် တစ်ခုအဖြစ် ပြောင်းလဲ

ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားရဲ့ အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီ တည်းခိုသွားရာ ဟိုတယ်ခန်းကို ပြတိုက်ငယ် တစ်ခုအဖြစ် ပြောင်းလဲသွားမယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံး ကမ္ဘာ့ဖလားမှာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အသင်းလူစာရင်းထဲက ကစားသမားသစ် နာမည်ကြောင့် ခေါင်းခြောက်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ

အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ဝက်ဘ်ဆိုက်က မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်းမှာ ကစားသမားသစ် တစ်ဦးရဲ့ နာမည်ကို မှားယွင်း ဖော်ပြမိရာက ပရိသတ်တွေ ခေါင်းရှုပ်စရာ ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၇ ရက်က ပရီးမီးယားလိဂ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ် ညပိုင်းတိုက်ပွဲမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက တိုက်ပွဲမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်ညပိုင်းကစပြီးစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေ ဆက်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကော့ကရိတ်မြိုနယ်ထဲမှာတော့ စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားနေတာရက်သတ္တပတ်ကျော်အထိ ရှိနေပြီဖြစ်ပြီး စစ်ကောင်စီဘက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာ စစ်တပ်နဲ့ KIA ပူးပေါင်းတပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်အထိနာလို့ လေကြောင်းက တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အလယ်ဆိပ်ကျေးရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက မဲဇာကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာက နှစ်ဘက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ Indaw Revolution -IR အဖွဲ့ တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ ဒေသတွေထဲက အများစုဟာ စစ်ကိုင်းတိုင်းက ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်၊ လွယ်တမူရွာမှာ လက်နက်ကြီးကျလို့ နေအိမ်တလုံးပျက်စီးပြီး အမျိုးသားတဦး ဗုံးစထိမှန် ဒဏ်ရာရ

ကရင်နီ (ကယား) ပြည်နယ်၊ လွိုင်ကော်မြို့၊ လွယ်တမူရွာထဲကို ဒီဇင်ဘာ (၂၆) ရက် မနေ့ကညပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ နေအိမ်တလုံးပျက်စီးသွားသလို အဲ့ဒီအိမ်က သက်ကြီး အမျိုးသားတဦးလည်း ဗုံးစထိမှန် ဒဏ်ရာရသွားတယ်လို့ ရွှေလွိုင်ကော် ပရဟိတအသင်းက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကို ကိုင်လှုပ်နိုင်မယ့် ထိုးစစ်တွေလုပ်ဖို့ ယာယီသမ္မတ ဒူဝါလရှီးလ တိုက်တွန်း

လာမယ့်နှစ်အတွင်း ပီပြင်ပြတ်သားတဲ့ နိုင်ငံရေးရလဒ်တခု ပေါ်ထွက်လာအောင် ကြိုးစားဖို့လိုသလို စစ်ရေးအရလည်း စစ်ကောင်စီကို အရှိုက်ကိုင်လှုပ်နိုင်မယ့် ထိုးစစ်လုပ်ဖို့လိုတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအစည်းအဝေးမှာ သမ္မတဒူဝါလရှီးလက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၄၄ လမ်းဖြစ်စဉ်မှာ ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်တပ်က ထောင်ဆယ့်နှစ်နှစ်ချ

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းမှာ ၂၀၂၁ ခုနှစ် သြဂုတ်လက လူငယ်တစုကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံလိုက်ရတဲ့လူငယ်တွေကို တနှစ်ကျော်အကြာမှာ ထောင် ၁၂ အထိ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။ အဲဒီနေ့က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့် ကျောက်စိမ်းလုပ်ကွက်မှာ စစ်တပ်ဖမ်းထားသူတွေထဲက ဆယ်ဦးပြန်လွတ်လာ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်စီဆာ ကျေးရွာက ခိုင်လုံကုန်း ကျောက်စိမ်း လုပ် ကွက်ထဲ စစ်တပ်က စီးနင်းပြီး ဖမ်းဆီးထားသူတွေထဲက ဆယ်ဦးကို ဒီဇင်ဘာ (၂၆)ရက် မနေ့က ပြန် လွှတ် ပေး လိုက်တယ်လို့ [ဆက်လက်ဖတ်ရှုရန်]