တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးဘုရားသုံးဆူလမ်းပိုင်းကို တပတ်ကြာအသုံးမပြုဖို့ KNU ဒူးပလာယာခရိုင်တာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။ အဲ့ဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ခရီးသွားပြည်သူတွေအတွက် အလွန်အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်နေပြီး ဒီကနေ့ ဇန်နဝါရီ (၁၆) ရက်စလို့ တပတ်ကြာအသုံးမပြုဖို့တားမြစ်တယ်လို့ ဒူးပလာယာခရိုင်က ထုတ်ပြန်တဲ့အသိပေးစာမှာဖော်ပြထားပါတယ်။ အခုလိုလမ်းအသုံးပြုခွင့်ပိတ်ပင်ကြောင်းစာထုတ်လိုက်ပေမယ့်ခရီးသွားကားတွေနဲ့ကုန်တင်ယာဥ်တွေကိုတော့နှစ်ဖက်ဂိတ်တွေကစိစစ်ပြီးသွားခိုင်းတာမျိုးတွေတော့ရှိနေတယ်လို့လမ်းပိုင်းအသုံးပြုသူတဦးကပြောပါတယ်။ “မနေ့ကဘုရားသုံးဆူနဲ့သံဖြူဇရပ်လမ်းမှာစကစရဲ့ရိက္ခာတင်ယာဥ်မိတယ်၊ကျည်တွေလဲပါတယ်၊ခုကြာအင်းဘုရားသုံးဆူလဲအဲ့အတိုင်းပဲသူတို့ကလူအင် [ဆက်လက်ဖတ်ရှုရန်]