နိုင်ငံရေး

အိန္ဒိယ- မြန်မာနယ်စပ် မိုးရေးမြို့တွင် တရုတ်ဆိုင်ကယ် 125 တွေ စီးနင်းခွင့်ပိတ်

မတ်၊ ၁၉ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အိန္ဒိယနိုင်ငံနယ်စပ် မိုးရေးမြို့တွင် ၁၉ရက် (တနင်္ဂနွေ)နေ့ နံနက်ပိုင်းက တရုတ်ဘီး-125 များ စီးနင်းခွင့်မပြုတော့ကြောင်း မိုးရေးမြို့ ရဲတွေက တမြို့လုံးကို ကားနဲ့လိုက်ကြေငြာနေတယ်လို့ မိုးရေးမြို့နေ ပြည်သူတဦးက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။ ” ကျွန်တော်တို့နေတာက ဒီဘက်ကမ်း။ သူတို့က ဟိုဘက်ကမ်း။ တံတားပဲခြားတာ။ အဲ့ဒါကို စစ်ကောင်စီတပ်ဘက်က ဟိုဘက်အခြမ်း ပွန်ချောင်းအနောက်ဖက်ကမ်း၊ ရေနီပေါက်ကျေးရွာဘဲ။ ကားလမ်းပေါ်က အမျိုးသမီးတစ်ဦး၊ ကျောင်းသားလူငယ်နှစ်ဦးနဲ့ အရပ်သားသုံးဦးကို ဖမ်းသွားတာ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဖမ်းဆီးခံရသူ ခုနှစ်ဦးကို လက်ရှိအချိန်အထိ စစ်ကောင်စီက ပြန်မလွှတ်သေးဘူးလို့လည်း ဆိုပါတယ်။ မတ်လ ၁၆ရက်က အင်အား ၁၂၀ခန့်ပါတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းဟာ ပွန်းချောင်းအနောက်ဘက်ကမ်းကနေ ရောက်ရှိလာပြီး ရေနီပေါက်ကြိုးတံတားဘက်ကနေ စစ်ကြောင်းထိုးလာချိန်မှာ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ကင်းထောက်ရဲဘော်နှစ်ဦးက တွေ့ရှိပြီး စတင်ပစ်ခတ်ခဲ့တာကြောင့် နာရီဝက်ခန့်ကြာ နှစ်ဖက်ထိတွေ့မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ဆယ်ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဟာ ရေနီပေါက်ကျေးရွာရဲ့ဒေသကာကွယ်ရေးအဖွဲ့တွေ ရှိတဲ့ဘက်ကို လက်နက် ကြီးနဲ့ လေးချက်ပြန်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်တချို့လည်း ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ” ပစ်တဲ့အထဲမှာ မီးလောင်ဗုံးတလုံးလည်းပါတော့ ဒဏ်ရာက ပြင်းတယ်။ လက်ရှိမှာ လေးဦးကို တနေရာမှာ ဆေးကုသပေးနေပါတယ် ” လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ နှစ်ဖက်ထိတွေ့မှုတိုက်ပွဲမှာ အလယ်ပိုင်းတိုင်း အမှတ်(၁၁၀၇)၊ အမှတ်(၁၁၀၁)၊ အမှတ်(၁၁၀၂)၊ အမှတ်(၁၁၀၄)၊ အမှတ်(၁၁၀၅)၊ အမှတ်(၁၁၀၆)၊ အမှတ်(၁၁၀၈)တပ်ရင်းနဲ့ KNDFတပ်ရင်း-၂၁ စတဲ့ တဲ့ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး DNA သတင်းဌာနက ဒေသခံတွေကိုမေးမြန်းနိုင်ဖို့အတွက် ဆက်သွယ်ဖို့ကြိုးခဲ့ပေမယ့် ဒေသခံတွေရဲ့လုံခြုံရေးအရ မေးမြန်းခွင့်မရခဲ့ပါဘူး။

မတ်၊ ၁၉   ကယားပြည်နယ်၊ ဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ဒေသခံအမျိုးသမီးတဦးအပါအဝင် ခုနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ၁၁၀၇တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်နဲ့ကရင်မှာလက်နက်က်ခဲယမ်းတွေဖမ်းဆီးရမိခဲ့လို့ကားဂိ​တ်တွေကိုစစ်ဆေးရေးတင်းကြပ်ထား

မတ်၊ ၁၉ ရန်ကုန်တိုင်းနဲ့ ကရင်ပြည်နယ်မှာ ငွေကျပ်သိန်းထောင်ချီတန်ဖိုးရှိ​ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့လို့ ကားဂိတ်တွေကို စစ်ကောင်စီက စစ်ဆေးရေးတင်းကြပ်ထားတယ်လို့ ခရီးသွားယာဥ်လက်မှတ်ရောင်းချသူတွေက ပြောပါတယ်။   ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်တရက်ထဲမှာ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အောင်မင်္ဂလာယာဥ်ရပ်နားဝန်းရှိဝင်းကားဂိတ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သာကေတရဲစခန်းမှာ ပစ်ခတ်ခံရတဲ့ ရဲတပ်သားတွေဓါတ်ပုံဖြန့်တယ်ဆိုပြီး ပရဟိတအသင်းနဲ့ ဒေသခံတချို့ကို ဆက်တိုက်ဖမ်းဆီး

မတ်၊ ၁၉ ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်က ရဲတပ်သားတချို့ ပစ်ခတ်ခံရပြီး သေဆုံးဒဏ်ရာရတဲ့ဓါတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတယ်ဆိုပြီး သာကေတ မြို့နယ်တွင်း ပရိဟိတအသင်းတခုနဲ့ ဒေသခံတချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်လှုပ်ရှားမှုများ

မတ်၊ ၁၈ အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသလို တချိန် တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှားမှု တွေလည်း ဆက်ရှိနေပါတယ်။ ပြည်တွင်းမှာ လက်ရှိအချိန်အထိ အဆက်မပြတ် သပိတ်စစ်ကြောင်း လှုပ်ရှားမှုရှိနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကြောင်းထိုးခံရတဲ့ စစ်ကိုင်းမြို့နယ် ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့်သတ်ဖြတ် ခံထားရတဲ့ အမျိုးသမီးအလောင်းတွေ့

မတ်၊ ၁၈ စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တဲ့ စစ်ကိုင်းမြို့နယ် ရွှေဂဲပြန်ရွာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရတဲ့ လက္ခဏာတွေနဲ့ ရွာခံအမျိုးသမီးတဦးရဲ့အလောင်းကို ပြန်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ရွှေဂဲပြန်ကျေးရွာကို စစ်အုပ်စုက မနေ့က မတ်လ ၁၇ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်မှာ ဘုရားနဲ့ ဘုရားသိမ်ဆောက်လုပ်ဖို့လှူထားတဲ့ သံခြောက်တန်ကျော်ကို စစ်သားတွေက ခိုးယူရောင်း စားတယ်လို့ဆို

မတ်၊ ၁၈ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊နွားရုံတောင်ကျေးရွာမှာ ဘုရားနဲ့ဘုရားသိမ်ဆောက်ဖို့ အလှူရှင်တဦးကလှူ ထားတဲ့ သံခြောက်တန်ကျော်ကို အဲ့ဒီရွာအနီးမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေက ခိုးယူရောင်းစား လိုက်ကြတယ်လို့ မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။ “(စစ်ဘေးရှောင်)မပြေးရခင်က သိမ်ဆောက်ဖို့အတွက် ရန်ကုန်က အလှူရှင်တယောက်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပဲခူးတိုင်းအရှေ့ခြမ်း KNU တပ်မဟာ(၃)နယ်မြေထဲ စစ်ရှောင်တွေဆက်တိုက်တိုးနေ

မတ်၊ ၁၈ တိုက်ပွဲတွေနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် မဟာ(၃)အခြေစိုက်ရာ ပဲခူးတိုင်းအရှေ့ခြမ်းအတွင်း စစ်ဘေးရှောင်သူဦးရေ ဆက်တိုက်မြင့်တက်နေတယ်လို့ ဒေ သတွင်း သတင်းရင်းမြစ်တွေနဲ့ KNU ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ပဲခူးတိုင်း ညောင်းလေးပင်၊ရှေတာရှည်၊ကျောက်ကြီး စတဲ့ ဒေသတွေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကချင်အရပ်ဘက်အဖွဲ့ရဲ့ ကွန်ပျူတာသင်တန်းကျောင်း ဖွင့်ပြီး ရက်ပိုင်းအတွင်း ဖျက်ဆီးခံရ၊ တဦးဖမ်းဆီးခံရ

မတ်၊ ၁၈ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီဇာရပ်ကွက်မှာ ဖွင့်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ ကွန်ပျူတာသင်တန်းကျောင်းတခုကို စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သလို အဲ့ဒီသင်တန်းကျောင်းမှာ အစောင့်အဖြစ်နေထိုင်သူ တဦးကို လည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  အဲ့ဒီကွန်ပျူတာသင်တန်းကျောင်းဟာ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AAနဲ့ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံထားရသူတွေ ရုံးချိန်းမှာတရားလိုစစ်အရာရှိတွေပျက်ကွက်လို့အမှုတွေ ကြန့်ကြာနေ

မတ်၊ ၁၈ ရခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့စွပ်စွဲပြီး ရခိုင်တိုက်ပွဲကာလအတွင်းက ဖမ်းဆီးတရားစွဲခံခဲ့ရသူတွေရဲ့ အမှု တွေမှာ တရားလိုဖြစ်သူ စစ်ကောင်စီတပ်အရာရှိတွေဟာ ရုံးချိန်းတွေကို ဆက်တိုက်ပျက်ကွက်နေ တဲ့အတွက် အမှု ကြန့်ကြာကာ နစ်နာနေကြရတယ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောကြပါတယ်။ “တရားလိုဘက်က [ဆက်လက်ဖတ်ရှုရန်]