အားကစားကဏ္ဍ

အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာလို့ ဂုဏ်ယူနေတဲ့ ကိန်း

မတ်၊ ၂၅ အင်္ဂလန်ရဲ့ ဂိုးသွင်းအများဆုံး စံချိန်ရှင် ဖြစ်လာတဲ့အတွက် ပြောမပြတတ်အောင် ဂုဏ်ယူမိကြောင်း ဟယ်ရီကိန်းက ဖွင့်ဟခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟာ အခု သီတင်းပတ်ထဲမှာ အီတလီကို အနိုင်ရခဲ့တဲ့ ဥရောပဖလား ခြေစစ်ပွဲမှာ ပင်နယ်တီကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်နဲ့ နီးစပ်တဲ့ ခရိုနီတွေ၊ လေယာဉ်ဆီ တင်သွင်းဖို့ ကူညီနေတဲ့ ကုမ္ပဏီတွေကို အမေရိကန် ပိတ်ဆို့ အရေးယူ

  မတ်၊ ၂၅   မြန်မာစစ်ခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ ခရိုနီတွေ၊ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ ရရှိအောင် ကူညီပေးနေတဲ့ လုပ်ငန်းတွေကို အမေရိကန် အစိုးရက အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာဏာသိမ်း စစ်တပ် ခေါင်းဆောင်ပိုင်းတွေရယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့တောင်ပိုင်းဘုတ်ကန်ရွာရဲကင်းစခန်းသိမ်းပိုက်ခံရ၊မြောက်ပိုင်းကွန်းတောင်ရွာမှာတိုက်ပွဲဆက်ဖြစ်နေ

မတ် ၊ ၂၄ စစ်ကိုင်းတိုင်း၊တမူးမြို့ တောင်ဘက် ဘုတ်ကန်ရွာက စစ်ကောင်စီရဲကင်းစခန်းတခုကို ဒီကနေ့ မနက် ၇ နာရီကျော်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော်(N.L.A) ကထုတ်ပြန် ပါတယ်။ အဲ့ဒီတိုက်ပွဲအတွင်း အပြန်အလှန်ထိတွေ့ပစ်ခတ်ချိန် ၄၅မိနစ်လောက်ကြာခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးတိုင်း စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်တဲ့နေရာ အနီးဗုံးလေးလုံးကွဲ

မတ် ၊ ၂၄ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တိုင်းအစိုးရ ရုံးထိုင်နေတဲ့နေရာအနီးမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေက အတည်ပြုပြောဆိုပါတယ်။ ဒီကနေ့ မတ်လ ၂၄ ရက်၊ နေ့ခင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်ထောင်အပါအဝင် ရန်ကုန်မှာ ပစ်ခတ်မှုနဲ့ ဗုံးပစ်တိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်

မတ် ၊ ၂၄ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်နဲ့ သန်လျင်မြို့နယ်တွေထဲမှာ ဒီကနေ့မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ ဗုံးပစ်တိုက်ခိုက်မှုနဲ့ သေနတ် ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေဆီကသိရပါတယ်။  အင်းစိန်ဗဟိုအကျဥ်းထောင်ရဲ့ဂိတ်အမှတ် (၂) ဘက်အခြမ်းမှာရှိတဲ့ ဝန်ထမ်းအိမ်ယာအနီးမှာ မတ်လ ၂၄ရက် မနက် (၁၁)နာရီဝန်းကျင်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမှာ ကုန်တင်ကားတစီးမိုင်းနင်းမိလို့ နှစ်ဦးဒဏ်ရာရ

မတ် ၊ ၂၄ မွန်ပြည်နယ်၊ သထုံမြို့နယ် ၊ကမာစိုင်ကျေးရွာမှာ မတ် ၂၃ ရက်၊ ည ၉ နာရီခန့်က ကြက်သွန်နီတွေ တင်ဆောင်လာတဲ့ ကုန်တင်ကားတစီး မိုင်းနင်းမိတာကြောင့် ယာဉ်မောင်းတဦးနဲ့ ယာဉ်နောက်လိုက်တဦးစုစုပေါင်းနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စီးပွားရေးဆိုင်ရာ ဥပဒေကျွမ်းကျင်သူ ဦးမင်းတေဇညွန့်တင်ပစ်ခတ်ခံရပြီးသေဆုံး

မတ် ၊ ၂၄   စီးပွားရေးဆိုင်ရာ ဥပဒေအတိုင်ပင်ခံနဲ့ မူပိုင်ခွင့်ဥပဒေကျွမ်းကျင်သူအဖြစ် လူသိများတဲ့ ဦးမင်းတေဇညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့တခုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။    ဦးမင်းတေဇညွန့်တင်ကို သန်လျင်မြို့နယ်အတွင်း မတ်လ ၂၄ ရက် ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက တပတ်အတွင်း အရပ်သား ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခဲ့

မတ် ၊ ၂၄ အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ရေးပြင်းထန်နေတဲ့ တိုင်းနဲ့ ပြည်နယ် (၃)ခုမှာ တပတ်အတွင်း ဒေသခံအရပ်သား ၁၃၀ ခန့်ကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုုက် လူ့အခွင့်အရေးမှတ်တမ်းပြုစုရေးကွန်ယက်က သိရပါတယ်။  မတ်လ ၁၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘော်လခဲမှာ စစ်ကောင်စီက ပေါင်ငါးရာဗုံးနဲ့ ငါးကြိမ်တိုက်ခိုက်လို့ အရပ်သား သုံးဦးသေ၊ ငါးဦးဒဏ်ရာပြင်းထန်

မတ် ၊ ၂၄ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဘော်လခဲမြို့နယ်၊ ဝမ်ဗလကျေးရွာအနီးမှာ ယမန်နေ့က စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးနဲ့ ၅ ကြိမ်တိုင်တိုင် လေကြောင်းနဲ့ ဗုံကျတိုက်ခိုက်တဲ့အတွက် သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်သူ ၃ ဦး သေဆုံးပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗဟန်းမြို့မှာကားပိုင်ရှင်တဦးလုယက်သတ်ဖြတ်ခံရ ကားလည်းပျောက်ဆုံးနေ

မတ် ၊ ၂၄ ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်မှာနေထိုင်တဲ့ အ မျိုးသားတဦး နေအိမ်ကနေ ကားနဲ့ထွက်သွားရာကလုယက်သတ်ဖြတ်ခံရပြီး ကားလည်းပျောက်ဆုံးနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။ ကြည့်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်၊သိင်္ဂီလမ်းမှာနေထိုင်တဲ့အဲ့ဒီအမျိုးသားဟာ မတ်လ ၂၂ရက်ကနေအိမ်ကနေ ကားနဲ့ထွက်သွားရာကပြန်မရောက် လာဘဲ နောက်တရက်မနက်မှာ ဒဏ်ရာတွေနဲ့ရုပ်အလောင်းကို ဗဟန်းမြို့နယ်ထဲမှာ ပြန်တွေ့ခဲ့တာပါ။ ၊ဗဟန်းမြို့နယ်၊ဗိုလ်ချို [ဆက်လက်ဖတ်ရှုရန်]