ဒေသအလိုက် သတင်းကဏ္ဍ

ဗူးဘုရား မိုးကြိုးခပေမယ့် ထိခိုက်ပျက်စီးမှု မကြီးမား၊ တပတ်အတွင်းပြုပြင်မယ်

ဇွန်၊ ၇   မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသမှာ မနေ့ကညပိုင်းက မိုးရွာသွန်းခဲ့ပြီး ဗူးဘုရားကို မိုးကြိုးခခဲ့ပေမယ့် တပတ်အတွင်းပြုပြင်မယ်လို့ ရှေးဟောင်းသုတေသပညာရှင်အချို့က ပြောပါတယ်။   ” မနေ့က တနေ့ကုန် မိုးရွာမယ်ထင်တာတောင် မိုးမရွာဘူး။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာနဲ့ အိန္ဒိယဆီ တင်ပို့ထားတဲ့ လက်နက် အစိတ်အပိုင်းတွေကို ရုရှား ပြန်လည် မှာယူတင်သွင်းနေရ

ဇွန်၊ ၇ ရုရှားဟာ အိန္ဒိယနဲ့ မြန်မာတို့အပြင် ပြည်ပကို တင်ပို့ထားတဲ့ စစ်လက်နက် အစိတ်အပိုင်းတွေကို ပြန်လည် မှာယူ တင်သွင်းပြီး ယူကရိန်း စစ်ပွဲအတွက် အသုံးချနေရတယ်လို့ သိရပါတယ်။ Nikkei သတင်းဌာနရဲ့ ဆောင်းပါးတခုမှာ ရုရှား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန်ရဲ့ လက်နက်တိုင်းကို ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဆို

ဇွန်၊ ၇ ဟိုက်ပါဆောနစ် ဒုံးကျည် အပါအဝင် အီရန်ရဲ့ ဘယ်လို စစ်လက်နက်ကိုမဆို အနိုင်မယူနိုင်စရာ အကြောင်းမရှိဘူးလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။ အခုသီတင်းပတ်မှာ အီရန်က နည်းပညာသစ် ဟိုက်ပါဆောနစ် ဒုံးကျည်တမျိုးကို တီထွင် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်နဲ့ စာချုပ်လိုက်တဲ့ ဘန်ဇီးမား

ဇွန်၊ ၇ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (Ballon d’Or)ရဲ့ ပိုင်ရှင် ကာရင် ဘန်ဇီးမားဟာ ဆော်ဒီ အာရေးဘီးယား ပရိုလိဂ် ပြိုင်ပွဲကို တရားဝင် ကူးပြောင်း ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းစိန်ထောင်အနီး ဗုံးသုံးလုံးပေါက်ကွဲမှု ဖြစ်ပွါး

ဇွန် ၆ ရန်ကုန်မြို့၊  အင်းစိန်ဗဟိုအကျဥ်းထောင်၊မင်းစေတီဝင်ပေါက်အနီးမှာဗုံးသုံးလုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးလှိုင်မြို့နယ်အတွင်းမှာ လည်းသေနတ်ပစ်ခတ်သံအချို့ကြားရတယ်လို့ဒေသခံတွေကDNAကိုပြောပါတယ်။ “ပထမပေါက်တာက ၈နာရီခွဲလောက်မှာပေါက်တာ။ပေါက်တော့ စစ်ကားတွေရောက်လာပြီး ဗုံးပေါက်တဲ့နေရာကို စစ်ဆေးနေတဲ့အချိန်မှာ ထပ်ပေါက်တာ၊အဲ့ဒါပြီးတော့ သိပ်မကြာထပ်ပေါက်တာ။လူထိမထိတော့ ကျွန်တော်တို့လည်း အခြေအနေကြည့်နေတယ်။လက်ရှိမှာတော့ အရိပ်အရောင်မတွေ့သေးဘူး”လို့ အင်းစိန်မြို့နယ်အတွင်းနေထိုင်တဲ့ ဒေသခံတဦးကပြောပါတယ်။ အင်းစိန်ဗဟိုအကျဥ်းထောင်နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်ကတော့ ပေါက်ကွဲမှုကြောင့်ပျက်စီးမှုအချို့ရှိခဲ့ပေမယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နတ်သံကွင်းတံတားတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက်သုံးဆယ်ဝန်းကျင်ကျပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်လေးဦးကျဆုံး

ဇွန်၊ ၆ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်ထဲက  စစ်ကောင်စီတပ်တွေအတွက် အရေးပါတဲ့ တံတားနှစ်စင်းကို ဒီကနေ့ ဇွန်လ ၆ ရက်မနက်ပိုင်းကကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်ဖြစ်ခဲ့တဲ့ဖြစ်စဉ်မှာနှစ်ဖက်ကျဆုံးမှုတွေရှိတယ်လို့ မြေပြင်စစ်ရေးဖော်ဆောင်တဲ့အဖွဲ့တွေဆီကသိရပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU )ပူးပေါင်းတပ်ဖွဲ့တွေကစစ်ရေးပစ်မှတ် ငါးခုကိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံမှာစစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရ၊ယာဉ်တန်းနောက်က ကပ်ပါလာတဲ့ ဒေသခံအမျိုးသားနှစ်ဦးဒဏ်ရာရ

ဇွန်၊ ၆ မွန်ပြည်နယ်၊ သထုံမြို့နယ်ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီ ယာဉ် တန်း ကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီးအဲ့ဒီယာဉ်တန်းနောက်မှာ ကပ်ပါလာတဲ့ ဆိုင်ကယ်စီးအရပ်သားနှစ်ဦးမိုင်းစထိမှန် ဒဏ် ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “သူတို့နှစ်ယောက်က ဆိုင်ကယ်စီးလာတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန် PDF တပ်ရင်းက တပ်ဖွဲ့ဝင်တွေရဲ့ လေ့ကျင့်ရေးပုံရိပ်တွေထုတ်ပြန်လာ

ဇွန်၊ ၆ အခုလဆန်းမှာ စတင် ဖွဲ့စည်းတယ်လို့ ကြေညာခဲ့တဲ့ ရန်ကုန်တိုင်း PDF တပ်ရင်း (၅၁၀၁)က တပ်ဖွဲ့ဝင်တွေ လေ့ ကျင့်နေကြတဲ့ ပုံရိပ်တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲဌာနချုပ်က ဒီကနေ့ညပိုင်း မှာ ထုတ်ပြန်လာပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံဃာတပါးကို ကားနဲ့တိုက်ပြီးနောက် ဆေးရုံပို့မယ်ဆိုကာ လမ်းဘေးမှာစွန့်ပစ်ခဲ့လို့ပျံလွန်တော်မူ

ဇွန်၊ ၆ မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေမှာ သံဃာတော်တပါးကိုကားနဲ့တိုက်မိခဲ့သူတွေကဆေးရုံပို့ပေးမယ်ဆိုက ခေါ်သွားပြီးနောက် လမ်းဘေးတနေရာမှာစွန့်ပစ်ခဲ့ပြီး ကားတိုက်မိတဲ့သံဃာလည်း ပျံလွန်တော် မူသွားတယ်လို့ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူတွေနဲ့ မြို့ခံတွေဆီကသိရပါတယ်။ “ဆရာတော်ကြီးက ဆွမ်းခံကြွတာကို Light Truck နဲ့ တိုက်မိတာတာပေါ့နော်၊ဆွမ်းခံအတူတူကြွတဲ့ ဆရာတော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အာဏာရှင်ကျဆုံးရေးနဲ့ တော်လှန်ရေးဦးတည်ချက်တွေကို အာရုံစိုက်ဖို့ ထောင်တွင်းက နိုင်ကျဉ်းတွေ တိုက်တွန်း

  ဇွန်၊ ၆ အကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေကို စစ်ဆင်ရေးပြုလုပ်ကာ အကြမ်းဖက်ဖိနှိပ်မှုတွေ ပြုလုပ်နေ ပေမယ့် စစ်အာဏာရှင်ကျဆုံးရေးနဲ့ တော်လှန်ရေး ဦးတည်ချက်ကို အာရုံစိုက်ပြီး ဆန်ကျင့်တော်လှန်ကြဖို့ ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေဒီလပထမပတ်အတွင်းက ဆန္ဒပြခဲ့ကြတယ်လို့ တကသများ-ရန်ကုန်က ထုတ်ပြန်ပါတယ်။  “ပြည်သူလူထုအနေနဲ့လည်း [ဆက်လက်ဖတ်ရှုရန်]