နိုင်ငံရေး

ဒေသခံမဟုတ်သူတွေ ချင်းပြည်နယ်ကို မလာဖို့ CNA/CNF ပိတ်ပင်၊ စစ်ကောင်စီက အရပ်သားအသွင်နဲ့ စစ်အင် အားဖြည့်တင်းနေတယ်လို့ဆို

ဇွန်၊ ၉   စစ်ကောင်စီတပ်ဟာ အများပြည်သူခရီးသွားယာဉ်တွေကို အသုံးပြုကာ ချင်းပြည်နယ်အတွင်းကို အရပ်ဝတ်တွေနဲ့ စစ်အင်အားဖြည့်တင်းနေတာကြောင့် ဒေသခံမဟုတ်တဲ့ ပြင်ပခရီးသည်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့သာ ဝင်ခွင့်ပြုတော့မယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။   “ တော်လှန်ရေးက နှစ်နှစ်ကြာလာတာနဲ့အမျှ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ၆၈ ရာခိုင်နှုန်းနီးပါးရှိ

ဇွန်၊ ၉   တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၂ /၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူပေါင်း ၁၆၁၈၅၀ ဦး အနက် အောင်မြင်သူ ၁၀၈၉၅၁ ဦးရှိခဲ့ပြီး အောင်ချက်အနေနဲ့ ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဝက်စ်ဟမ်းအသင်း လန်ဒန်မှာ ဆုဖလားနဲ့ လှည့်လည်အောင်ပွဲခံ၊ ပရိသတ် ထောင်သောင်းချီ တက်ရောက်အားပေး

ဇွန်၊ ၉ ယူရိုပါ ကွန်ဖရင့် ဆုဖလားကို ဝက်စ်ဟမ်း ယူနိုက်တက် အသင်းက လန်ဒန်မြို့ထဲ လှည့်လည်ပြသခဲ့တဲ့ အစီအစဉ်ကို ပရိသတ်တွေ ထောင်သောင်းချီပြီး စုဝေး အားပေးခဲ့ကြပါတယ်။ ဝက်စ်ဟမ်းဟာ ယူရိုပါ ကွန်ဖရင့် ဗိုလ်လုပွဲစဉ်မှာ အီတလီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တောင်တရုတ်ပင်လယ်မှာ အာဆီယံက ပထမဆုံးအကြိမ် စစ်ရေးလေ့ကျင့်မယ်လို့ ကြေညာ

ဇွန်၊ ၉ တောင်တရုတ်ပင်လယ် ရေပြင်မှာ အရှေ့တောင်အာရှ နိုင်ငံတွေ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်မှုတွေ ပထမဆုံးအကြိမ် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အင်ဒိုနီးရှား အာဏာပိုင်တွေက အရှေ့တောင် အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် နိုင်ငံတွေဟာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘရိုက်တန် ကွင်းလယ်လူ မက် အယ်လစ္စတာကို လီဗာပူး ခေါ်ယူ

ဇွန်၊ ၉ ဘောလုံးရာသီ ပြီးဆုံးပြီး မကြာခင်မှာပဲ လီဗာပူး အသင်းဟာ ခြေသွက်လက်သွက် လှုပ်ရှားပြီး ဘရိုက်တန် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာကို ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် အာဂျင်တီးနား [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

NUG လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေးဦးအောင်ကျော်မိုးရဲ့ အကို ဓားထိုးခံရလို့သေဆုံး

ဇွန်၊ ၈ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့အကြံပေးဖြစ်သူ ဦးအောင်ကျော်မိုးရဲ့ အကိုတော်စပ်သူ ဦးသန်းမြင့်ဟာ မနေ့ဇွန်လ ၇ ရက် ညပိုင်းမှာ သာကေတမြို့နယ်က နေအိမ်အနီးမှာ အမည်မသိလူတစုရဲ့တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဦးအောင်ကျော်မိုးကပြောပါတယ်။  သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ရွှေနှင်းဆီလမ်း အတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်း မြို့နယ်သုံးခုကမြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေကို စစ်ကောင်စီဖြုတ်သိမ်း

ဇွန်၊ ၈ ဧရာဝတီတိုင်းအတွင်း  မအူပင်၊ဟင်္သာတနဲ့ဘိုကလေးစတဲ့မြို့နယ်သုံးခုက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ် တွေကို အခုရက်ပိုင်းစစ်ကောင်စီတပ်ကဖြုတ်သိမ်းသွားခဲ့တယ်လို့မြို့ခံတွေနဲ့ ရဲတပ်ဖွဲ့ သတင်းအရင်း အမြစ်တွေ ဆီကသိရပါတယ်။ မအူပင်မြို့နယ်ရှိလုံခြုံရေးအရရှာဖွေမှုတွေပြုလုပ်နေတဲ့မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မအူပင်တံ တား စစ်ဆေးရေးဂိတ်၊ မအူပင်-ဖျာပုံ-ဘိုကေလး ကားလမ်းမပေါ်ရှိစစ်ဆေးရေးဂိတ်နဲ့ တွံတေး-မအူပင်-ညောင် တုန်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆားလင်းကြီးမှာ စစ်ကောင်စီတပ်က အရပ်သားငါးဆယ်ကျော်ကို လူသားဒိုင်းအဖြစ် ထပ်မံဖမ်းဆီး

ဇွန် ၊ ၈ စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာအချို့က အရပ်သား ငါးဆယ်ကျော်ကို စစ်ကောင်စီစစ်ကြောင်းက လူသားဒိုင်းအဖြစ် ဒီကနေ့မှာထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆားလင်းကြီးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။ “ ဓားစာခံ၅ဝလောက်ပါတယ်လို့သိရတယ် ။ဘယ်ရွာတွေလဲတော့မသိရဘူး။ (ဓားစာခံတွေကို)စစ်ကြောင်းနဲ့ အတူ ခေါ်သွားတယ် ” [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ကအထိုင်ချမယ့်သတင်းကြောင့် ကလေးနယ်တောင်ပိုင်း ဒေသခံငါးထောင်ဝန်း ကျင်တိမ်းရှောင်

ဇွန် ၊ ၈ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက် သုံးမိုင်ဝန်းကျင်အကွာ ကလေး – ဂန့်ဂေါ လမ်းမကြီးပေါ်က ချင်းဆိုင် ရွာနဲ့ဇင်းကလင်းရွာကြားမှာ စစ်တပ်က အထိုင်းစခန်းတခုလုပ်ဖို့ပြင်ဆင်နေတာကြောင့် အဲ့ဒီအနီးအနား ရွာသုံးရွာ လောက်က ဒေသခံ ငါးထောင်ကျော် ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းပြည်နယ်မှာ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရတဲ့ ထိုင်းအမျိုးသမီးတွေကို ကယ်ဆယ်ဖို့ ဖောင်ဒေးရှင်းတခု ကြိုးစားနေ

ဇွန် ၊ ၈ ထိုင်းနိုင်ငံက လူမှုကယ်ဆယ်ရေး အသင်းတခုဟာ မြန်မာနိုင်ငံမှာရှိတဲ့ ရှမ်းပြည်နယ်ထဲကို လိမ်လည်သွေးဆောင် ခေါ်ယူခံရပြီး ပြည့်တန်ဆာအဖြစ် ခိုင်းစေခံနေရတဲ့ ထိုင်းအမျိုးသမီး ၁၄၀ ကို ကယ်ဆယ်ဖို့ ကြိုးစားနေကြောင်း ပြောပါတယ်။  အဲဒီလိုမျိုး လူကုန်ကူးမှု [ဆက်လက်ဖတ်ရှုရန်]