နိုင်ငံရေး

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အရပ်သားတဦးသေ၊ နှစ်ဦးဒဏ်ရာရတယ်လို့ ကေအဲန်ယူထုတ်ပြန်

နိုဝင်ဘာ၊ ၁၄   ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်နဲ့ ကျောက်တံခါးမြို့နယ်တွေမှာ နိုဝင်ဘာလ ၁၃ ရက်က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်လုပ်နေတဲ့ အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ကေအဲန်ယူရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန်မှာ တံဆိပ်ခေါင်းဟောင်း တခုကို စံချိန်တန်စျေး ဒေါ်လာ နှစ်သန်းနဲ့ ရောင်းချ

နိုဝင်ဘာ၊ ၁၄ အမေရိကန်နိုင်ငံမှာ တံဆိပ်ခေါင်း အဟောင်းတခုကို စံချိန်တင်စျေး ဒေါ်လာ ၂ သန်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။ နယူးယောက် လေလံဌာနက သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် ရှိခဲ့ပြီး အကောင်းဆုံး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ကင်မရွန် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံရ

နိုဝင်ဘာ၊ ၁၄ အံ့ဩစရာ အခြေအနေမျိုးနဲ့ ဗြိတိန် အစိုးရ အဖွဲ့ဆီ ပြန်လည် ရောက်ရှိလာတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကင်မရွန်က အခုလို အပြောင်းအလဲမျိုးတွေကို သူကိုယ်တိုင်လည်း ကြိုမျှော်လင့် မထားခဲ့မိကြောင်း ဝန်ခံခဲ့ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ တဒါဇင်ကျော်သေဆုံး၊ နှစ်ဆယ်ကျော်လက်နက်ချ

နိုဝင်ဘာ၊ ၁၃ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွရွာမှာဒီကနေ့ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၄ဦးသေဆုံးပြီး ၂၃ဦး  လက်နက်ချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုညပိုင်းမှာထုတ် ပြန်ပါတယ်။ “သူတို့ လက်နက်ချတယ်၊ သူတို့ကို ဘာမှ မလုပ်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရိဒ်ခေါဒါရ်မှာရှိတဲ့ စခန်းတခုထပ်မံသိမ်းပိုက်ပြီး ဗိုလ်မှူးတဦး အပါအဝင် ခုနှစ်ဦးလက်နက်ချ

နိုဝင်ဘာ၊ ၁၃ အိန္ဒိယ – မြန်မာနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ရိဒ်ခေါဒါရ်က  တီအိုချောင်းစခန်းကို ချင်းကာကွယ်ရေး တပ်တွေက ဒီနေ့ ညနေမှာ ထပ်မံ သိမ်းပိုက်လိုက်နိုင်ပြီလို့ ချင်းအမျိုးသားတပ်မတော်(CAN) ရဲ့ ပြောရေးဆိုခွင့် ရ ဆလိုင်းထက်နီက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ ရဲစခန်းတခုလုံး လက်နက်ချခဲ့တဲ့ရွာထဲ စစ်တပ်က လက်နက်ကြီးပစ်လို့သုံးဦးသေဆုံး

နိုဝင်ဘာ၊ ၁၃ ရခိုင့်တပ်တော် AA က စစ်ကောင်စီကို ဒီကနေ့စတင်တိုက်ခိုက်ပြီးနောက် ရဲစခန်းတခုလုံးလက်နက်ချခဲ့တဲ့ ကျောက်တော်မြို့နယ် အပေါက်၀ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်လို့ ရွာထဲက လူနေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲပြီးရွာခံသုံးဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ ရွာသားတွေက DNAကိုပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ်ကို လက်နက်နဲ့ အတူစွန့်ခွာလာတဲ့ ဒုအရာခံဗိုလ်ကို သိန်းငါးဆယ်ချီးမြှင့်

      နိုဝင်ဘာ၊ ၁၃ မကွေးတိုင်း၊ ကျောက်ထုမြို့အခြေစိုက်အမှတ် ၃၆၈ အမြှောက်တပ်က ဒုအရာခံဗိုလ်တဦးဟာ နိုဝင်ဘာလ ၅ ရက်က လက်နက်ခဲယမ်းတွေနဲ့အတူ စစ်ကောင်စီတပ်ကို စွန့်ခွာလာတဲ့အတွက် ဆုငွေသိန်း ငါးဆယ်ချီးမြှင့်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစု တွေထံက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တွေမြို့မှာ ညမထွက်ရအမိန့်ထုတ်လိုက်ပြီး သံချပ်ကာကားတွေကင်းလှည့်နေ၊ရခိုင်တပြည်နယ်လုံးနီးပါး လမ်းတွေလည်းပိတ်ထား

နိုဝင်ဘာ၊ ၁၃ ရခိုင်က တပ်စခန်းတချို့ ဒီကနေ့မနက်ပိုင်းကတိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် အစိုးရရုံးစိုက်ရာ စစ်တွေ မြို့တွင်းမှာစစ်ကောင်စီက သံချပ်ကာကားတွေနဲ့ကင်းလှည့်နေသလို မြို့ခံတွေကိုလည်း ညကိုးနာရီနောက်ပိုင်း အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ “လူတွေကို လိုက်ခြောက်လှန့်နေသလိုပဲ၊တိုက်ပွဲဖြစ်တာက တနေရာမှာ သံချပ်ကာ သွားနေတာက မြို့ထဲမှာ၊ ရယ်တော့ရယ်ရတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါင်းတည်မှာ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံတချို့ကိုဖမ်းဆီးစစ်ဆေးနေ

နိုဝင်ဘာ၊ ၁၃ ပဲခူးတိုင်းအနောက်ခြမ်း၊ပေါင်းတည်မြို့နယ်မှာကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေ မနေ့က မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံတွေ ခေါ်ယူစစ်ဆေးခံနေရတယ်လို့ ပေါင်းတည်မြို့နယ် PDF ပြန်ကြားရေးတာဝန်ခံက DNAကိုပြောပါတယ်။ “(မိုင်း)ဆွဲပြီးတော့ သူတို့ဘက်ကဒဏ်ရာရတာရှိတယ်၊မနေ့ကတည်းက ဒေသခံတွေကို ခေါ်ယူစစ်ဆေးနေတယ် လို့ အဲ့ဒီကဒေသခံတွေ ကျွန်တော်တို့ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့နယ်၊ ပညစ်ရွာခံတွေ ရွာလုံးကျွတ် တောထဲမှာ ရှောင်တိမ်းနေရ

နိုဝင်ဘာ၊ ၁၃ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး လှုပ်ရှားမှုတွေ ရှိနေတာကြောင့် တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပညစ်ရွာက ရွာခံတွေ နီးစပ်ရာတောတောင်တွေထဲ ရွာလုံးကျွတ်ရှောင်တိမ်းနေကြရတာ  နိုဝင်ဘာ ၁၃ ရက်ဒီကနေ့ဆိုလေးရက်အထိ ရှိလာပြီလို့ ရွာခံတွေကပြောပါတယ်။ “တောထဲမှာ အိပ်နေရာတာက သုံးညရှိသွားပြီ။ [ဆက်လက်ဖတ်ရှုရန်]