ကုလသံတမန်နဲ့ အ​မေရိကန်ဒုနိုင်ငံခြားဝန်ကြီးတို့ ​မြန်မာ့အ​ရေး​တွေ့ဆုံ​ဆွေးနွေး

၂၃ ၊ ဇွန်လ ၊ ၂၀၂၁ ။

 

မြန်မာနိုင်ငံအ​ရေးနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂ အထူးသံတမန် ခရစ္စတင်း ရှရာနာ ဘာဂနာနဲ့ ဒီ​​နေ့ ဇွန်လ ၂၃ရက်​နေ့မှာ ​တွေ့ဆုံ​​ဆွေး​နွေးခဲ့တယ်လို့ အ​မေရိကန်ဒုတိယနိုင်ငံခြား​ရေးဝန်ကြီး ဝင်ဒီအာရှာမန်းက သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ​ဖော်ပြထားပါတယ်။

စစ်အာဏာရှင်ရဲ့အကြမ်းဖက်ဖိနှိပ်မှုတွေအဆုံးသတ်ရေး၊ မြန်မာပြည်သူလူထုနဲ့သူတို့ရဲ့ဆန္ဒလိုလားမှုဖြစ်တဲ့ ဒီမိုကရေစီရရှိဖို့အားပေးကူညီရေး၊ အဓိကျကတဲ့လူသားချင်းစာနာမှုအကူအညီတွေရရှိရေးအတွက် နိုင်ငံတကာ ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး အကျိုးရှိရှိဆွေးနွေးခဲ့ပါတယ်လို့ ဝင်ဒီ အာ ရှားမန်းက ​ပြောပါတယ်။

 

သူတို့နှစ်ဦး​တွေ့ဆုံမှုကို အ​မေရိကန်သံရုံး​​​ဖေ့ဘုတ်စာမျက်နှာမှာလည်း ​ဖော်ပြခဲ့ပါတယ်။