
“ဆည်းဆာရိပ်မှာပဲ ဆုံးတယ်ပြောတယ်။ အဖိုးလေးကအးနဂိုကမှ သိုသိုသိပ်သိပ်နေတတ်တဲ့သူမျိုး။ ဘာထင်ပေါ်လိုစိတ်မှ ရှိတဲ့သူမဟုတ်ဘူး”
၂၇၊နိုဝင်ဘာ
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျချိန်က ခြံဝင်းထဲ ရှိနေသူတွေရဲ့ စားသောက်ရေးကို တာဝန်ယူပေးခဲ့တဲ့ အဖိုးလေး(ခ)ဦးမြင့်စိုးမှာ နိုဝင်ဘာ၂၇ ရက် ဒီနေ့ မနက်ပိုင်းက ကွယ်လွန်သွားတယ်လို့ သူနဲ့ရင်းနှီးသူတွေက ပြောပါတယ်။
အာဏာသိမ်းဖြစ်စဥ် မတိုင်ခင်ကတည်းက ဦးနှောက်သွေးခဲဝေဒနာ ခံစားနေခဲ့ရတဲ့ အဖိုးလေးကို ဒေါ်သန်းမြင့်အောင်ရဲ့ ဆည်းဆာရိပ်ဘိုး၊ ဘွားစောင့်ရှောက်ဂေဟာကနေ ခေါ်ယူပြုစု ထားခဲ့တာဖြစ်ပြီး အသက် ၇၄ နှစ်အရွယ် ဒီနေ့မနက် ၆ နာရီကျော်မှာ ကွယ်လွန်သွားခဲ့တာလို့ သိရပါတယ်။
“ဆည်းဆာရိပ်မှာပဲ ဆုံးတယ်ပြောတယ်။ အဖိုးလေးကအးနဂိုကမှ သိုသိုသိပ်သိပ်နေတတ်တဲ့သူမျိုး။ ဘာထင်ပေါ်လိုစိတ်မှ ရှိတဲ့သူမဟုတ်ဘူး” လို့ သူနဲ့ရင်းနှီးတဲ့ NLDပါတီလူငယ်အဖွဲ့ဝင်တဦးက ပြောပါတယ်။
အရင် စစ်အစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ အတွင်း နေအိမ်အကျယ်ချုပ် ချခံရချိန်မှာ စားသောက်ရေးအတွက် အဖိုးလေးကချက်ပြုတ်၊စီမံ ပေးခဲ့သူတယောက်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
မိုးဃ်းလင်း(ခ)ဖိုးလေးဆိုတဲ့ ကလောင်နာမည်နဲ့ သူရဲ့အတွေ့အကြုံ ဖြစ်ရပ်တွေကို ရေးသားခဲ့သူ ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်အပေါ် လေးစားပြီး သစ္စာရှိသူ တဦးအဖြစ် နိုင်ငံရေးလောကသားတွေရဲ့ အသိအမှတ်ပြု ခံထားရသူ လည်းဖြစ်ပါတယ်။