တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးကို ဆေးခန်းပြဖို့သွားတဲ့ လင်မယား ၂ ဦးကို PDF တွေက သတ်ဖြတ် ခဲ့တယ်ဆိုတဲ့ သတင်းအမှား

တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးကို ဆေးခန်းပြဖို့သွားတဲ့ လင်မယား ၂ ဦးကို PDF တွေက သတ်ဖြတ် ခဲ့တယ်ဆိုတဲ့ သတင်းအမှား

 

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ     ၇    ရက်

(Factcheck/  DNA / The Red Flag )

 

☑️အနှစ်ချုပ်

မန္တလေးတိုင်း၊ တောင်သာမြို့မှာ ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဆေးခန်းလိုက်ပို့တဲ့ ပြည်သူ ဦးပြည့်ဖြိုးမောင် နဲ့ဇနီးတို့ကို ဒလန်လို့ စွပ်စွဲကာ PDF တွေက သတ်ဖြတ်ခဲ့တယ်၊  အမြင်မတူရင် ယောကျ်ားကိုသာသတ်ရန် ဖြစ်ပြီး ကိုယ်ဝန်ဆောင်ဇနီးသည်ကို မသတ်သင့်ဘူးလို့  ရေးသားထားတဲ့ သတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့ နေတာကို တွေ့ရပါတယ်။ ဒီသတင်းကို DNA က စစ်ဆေးကြည့်တဲ့အခါ သတင်းမှားဖြစ်ပါတယ်။

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

“ ၃-၁၁-၂၀၂၆ ရက်နေ့ ယနေ့ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြိုတွင် ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူကို ဆေးခန်းသို လိုက်ပိုသည့် အပြစ်မဲ့ပြည်သူ ဦးပြည့်ဖြိုးမောင်နှင့် ဇနီးဖြစ်သူတိုကို ဒလန်ဟုစွပ်စွဲကာ အကြမ်း ဖက် PDF များက နာရီစင်အနီး၌ ရက်စက်စွာ သတ်ဖြတ်….ဆိုပြီး မှိုင်းဝေတယ်လီဂရန်ချန်နယ်နေ စတင် ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

မှိုင်းဝေ- https://archive.ph/myE7Y  

 

ဒီအကြောင်းအရာကိုView 17,511, Like 609, Share 40 ရှိခဲ့ပြီး အခြားလော်ဘီတယ်လီဂရန်ချန်နယ်တွေ ဖြစ်တဲ့ ဖိုးမောင်၊ ရွှေနေကြာ၊ နောင်ရိုးဟစ်တိုင်၊ Ko Chit (MDY) နဲ့ Ba Nyunt စတဲ့ချန်နယ်တွေက ကူးယူ မျှဝေခဲ့လို့ပျံ့နှံ့နေတာကို  တွေ့ရပါတယ်။ 

ဆက်စပ်လင့်ခ်များ

ဖိုးမောင်- https://archive.ph/LuTrt  

Ko Chit (MDY)- https://archive.ph/odQEL  

နောင်ရိုးဟစ်တိုင်- Telegram: View @naungyoeagency   

Ba Nyunt- https://archive.ph/fVJXy 

ဒါအပြင်”ကိုယ်ဝန်ဆောင်ဇနီးသည်ကို ဆေးခန်းပြသရန်သွားသည့် လင်မယားနှစ်ဦးကို အကြမ်းဖက် PDF များက ရက်ရက်စက်စက် သတ်ဖြတ်”လို့ရေးသားကာ“အမျိုးသားရေးသမားတွေ အထူးသတိရှိကြပါ” ဆိုပြီး

Screenshot နဲ့ Ko Kyaw FB က ရေးသားဖြန့်ဝေခဲ့တာကိုလဲ တွေ့ရပါတယ်။ 

Ko Kyaw FB- https://archive.ph/WIUhj 

 

ဒီအကြောင်းအရာကို Delta News Agency က စစ်ဆေးကြည့်တဲ့အခါ“ တောင်သာမြို့က ပျူစောထီး (ပြည်သူ့စစ်)ခေါင်းဆောင် ပြည့်ဖြိုးမောင်(ခ)ငပြည့်ဟာ စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူကို  နှိပ်စက်ညှင်းပန်း နေလို့ တောင်သာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

 

ပစ်ခတ်ချိန်မှာ ဇနီးဖြစ်သူနဲ့ပါ ရုန်းရင့်ဆန်ခတ်ဖြစ်ခဲ့လို့ ဇနီးကိုပါ ပစ်ခတ်ခဲ့ရခြင်းဖြစ်ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်ကို ဆေးခန်းလိုက်ပို့ချိန်မဟုတ်ဘဲဘီယာဆိုင်ကိုရောက်နေချိန်  ပစ်ခတ်ခံရခြင်းဖြစ်လို့” သတင်းမှား ဆိုတာ  စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

“ပြောက်ကျားစစ်ဆင်ရေးအနေနဲ့တောင်သာမြို့နာရီစဥ်အနီးက ဘီယာဆိုင်မှာထိုင်သောက်နေတဲ့ တောင်သာ မှာ နိုင်ငံရေးလှုပ်ရှားသူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေ၊ PDF ဖမ်းဆီးခံရသူတွေကို လူ့အခွင့်အရေးချိုး ဖောက်မှုပြုလုပ်တာနဲ့ ညှဉ်းပန်းနှိပ်စက်စစ်ဆေးတာတွေမှာ ပါဝင်ခဲ့သလို တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးမှုတွေမှာဦးဆောင်လမ်းပြလုပ်နေတဲ့ပြည့်ဖြိုးမောင်(ခေါ်)ငပြည့်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်” လို့ TTA-PDF က ထုတ်ပြန်ထားတာ ကိုတွေ့ရပါတယ်။ 

Taung Tha People Defense Force (TTA-PDF )-  https://h1.nu/1Bs4a  

“တောင်သာမြို့က အာဏာသိမ်းစစ်တပ် ဆန့်ကျင်သူတွေကို ဖမ်းဆီးနှိပ်စက်ရာမှာ စစ်တပ်နဲ့ပူးပေါင်းပါဝင် ကူညီနေတဲ့ ပြည်သူ့စစ် (ပျူစောထီး)တပ်ဖွဲ့ ခေါင်းဆောင်ပြည့်ဖြိုးမောင် (ခေါ်)ငပြည့်နဲ့ ဇနီးဖြစ်သူတို့ဟာ နိုဝင်ဘာလ ၃ ရက်ညနေပိုင်းမှာ တောင်သာရဲစခန်းနဲ့ပေ ၁၇၀ ခန့်အကွာက ဘီယာဆိုင်မှာ ဘီယာထိုင် သောက်နေချိန် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TTA-PDF)က ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ 

ငပြည့်ရဲ့ ဇနီးဖြစ်သူက လက်နက်လုဖို့ ကြိုးစားခဲ့တာနဲ့ ရဲစခန်းနဲ့နီးကပ်တဲ့နေရာဖြစ်လို့ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအရ ဇနီးဖြစ်သူကိုပါ ပစ်ခတ်ခဲ့ရတယ်”လို့ပြောကြောင်း Myanmar Now က ရေးသားထားတာကို တွေ့ရပါတယ်။

Myanmar Now- https://archive.ph/riZQm 

“ပျူစောထီးခေါင်းဆောင် ပြည့်ဖြိုးမောင်ဟာ တောင်သာမြို့ နာရီစင်အနီးက ဘီယာဆိုင်မှာ ထိုင်သောက်နေ ချိန် ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်ချိန် သူ့ရဲ့ ဇနီးဖြစ်သူက PDF ရဲဘော်တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့အတွက် ပစ်ခတ်လိုက်ရတာဖြစ်ကာ ပြည့်ဖြိုးမောင်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း တောင်သာ မြို့နယ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဖမ်းဆီးခံရသူတွေကို  စစ်ကြောရေးမှာ အရက်စက်ဆုံး စစ်ဆေးခဲ့သူ ဖြစ်လို့ ရှင်းလင်းခဲ့တာဖြစ်တယ်” ဆိုပြီး TTA-PDF ရဲ့ပြောဆိုချက်ကို ဖက်ဒရယ် FM, PVTV နဲ့ မြေလတ် အသံတို့က ရေးသားထားတာကို တွေ့ရပါတယ်။

ဖက်ဒရယ် FM- https://archive.ph/4KKsY 

PVTV –       တောင်သာမြို့မှ… – Public Voice Television | Facebook     

မြေလတ်အသံ- https://archive.ph/YYxI3 

☑️သုံးသပ်ချက် 

သေဆုံးသွားတဲ့ ပြည့်ဖြိုးအောင်ဟာ အရပ်သားပြည်သူတဦး မဟုတ်ဘဲ စစ်အုပ်စုရဲ့ လက်နက်ကိုင်ခွင့်ရ တောင်သာမြို့နယ်ပြည်သူ့စစ်(ပျူစောထီး) ခေါင်းဆောင်တဦးသာ ဖြစ်တယ်ဆိုတာကို  သူ့ရဲ့လူမှုကွန်ရက် အကောင့်က ရေးသားထားချက်တွေနဲ့ပြည်သူ့စစ်ယူနီဖောင်းဝတ်ဆင်ကာ လက်နက်ကိုင်ပြီး ဓါတ်ပုံရိုက်ထား မှုတွေအရ တွေ့ရှိရမှာဖြစ်ပါတယ်။

Pyae Phyo Maung FB- https://www.facebook.com/kopyae1991 

တောင်သာမြို့နယ် ပြည်သူစစ်(ပျူစောထီး) အဖွဲ့ခေါင်းဆောင် အသက် ၄၀ ကျော်အရွယ် ပြည့်ဖြိုးမောင်နဲ့ ဇနီးဖြစ်သူ မရွှေယမင်းဦးတို့ဟာ နာရီစင်အနီးရှိ ဘီယာဆိုင်မှာ ရှိနေစဥ် PDF အဖွဲ့ဝင်တွေက ဝင်ရောက် ပစ်ခတ်ခဲ့လို့ သေဆုံးသွားတာဖြစ်ပြီး ကိုယ်ဝန်ဆောင်သည်မဟုတ်ဘဲ ၎င်းတို့မှာ  ၄ လအရွယ်ကလေးတဦး ကျန်ခဲ့တယ်လို့ စစ်အုပ်စုလော်ဘီ VOM နဲ့ People Media တို့ရေးသားချက်အရ သိရပါတယ်။  

ဒါကြောင့် စစ်အုပ်စုက သူတို့ရဲ့လက်အောက်ခံပြည်သူ့စစ်(ပျူစောထီး)  ခေါင်းဆောင်သေဆုံးမှုကို ဖုံးကွယ် ဖို့အတွက် ကိုယ်ဝန်ဆောင်ဇနီးကို ဆေးခန်းလိုက်ပို့တဲ့ “အပြစ်မဲ့ပြည်သူ” အဖြစ် ပုံဖျက်ကာ PDF များက ဒလန်လို့စွပ်စွဲကာ သတ်ဖြတ်သွားတယ်ဆိုကာ ပုံဖျက်သတင်းမှားရေးသားပြီး ဝါဒဖြန့်နေတာဖြစ်ပါတယ်။ 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြလို့ အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့နဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။