မိုးတက်တိုက်ရွာသွန်းနေဦးမယ့် ဧရာဝတီတိုင်းမှာ ရေလွှမ်းမိုးမှု အန္တရာယ်ဆက်ရှိနေဦးမယ်


မြန်မာနိုင်ငံ မိုးဇလဌာနကတော့ ဧရာဝတီတိုင်းအတွင်း နေရာကွက်ပြီး မိုးကြီးမယ်၊ မိုးတိမ်တောင်တွေ ဝင်လာနေတာကြောင့် မိုးကြိုး၊ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေတာမျိုးတွေကို ဂရုစိုက်ဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၃၊ဩဂုတ်

ဒီနေ့ကစပြီး ဩဂုတ်လ လကုန်အထိ ဧရာဝတီတိုင်းအတွင်းမှာ နေရာကွက်ပြီး မိုးကြီးနေဦးမှာ ဖြစ်ပါတယ်။

နေရာကွက်ပြီး မိုးကြီးမယ်ဆိုပေမယ့် မိုးရေချိန်များများရွာ ဖို့ရှိနေသလို ဧရာဝတီမြစ် အထက်ပိုင်းမှာလည်း မိုးဆက်တိုက်များနေတဲ့ အနေအထားကြောင့် ဧရာဝတီတိုင်းဟာ ဒီလကုန်အထိ မြစ်ရေကို တောင့်ခံထားရမယ့် အခြေအနေ ဖြစ်ပါတယ်။

“ ငဝန်မြစ် တာကျိုးတဲ့ ဒေသတွေမှာ ဒေသတွင်း မိုးဆက်လက် ရွာသွန်းနိုင်မှာဖြစ်တဲ့အပြင်၊ အထက်ပိုင်း (စစ်ကိုင်းအထက်ပိုင်း/ကချင်)က အထက်မြစ်ရေဆင်းလှိုင်း (upperstream flood wave) များ စီးဝင်နေဆဲ ဖြစ်လို့ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းဖို့ အလွန်နှေးကွေးမှာပါ။ ဒါကြောင့် ရေလွှမ်းမိုးမှု အန္တရာယ်ဆက်လက်၍ ရှိနေနိုင်တာကို သတိပြုရပါမယ် ” လို့ မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ ဆိုထားပါတယ်။

မြန်မာနိုင်ငံ မိုးဇလဌာနကတော့ ဧရာဝတီတိုင်းအတွင်း နေရာကွက်ပြီး မိုးကြီးမယ်၊ မိုးတိမ်တောင်တွေ ဝင်လာနေတာကြောင့် မိုးကြိုး၊ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေတာမျိုးတွေကို ဂရုစိုက်ဖို့လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုးလေဝသဆိုင်ရာ အချက်အလက်ပြ မော်ဒယ်တွေမှာတော့ ဒီရက်သတ္တပတ်အတွင်း ဧရာဝတီတိုင်း တတိုင်းလုံးနီးပါး မိုးဆက်လက် ရွာသွန်းဖို့ ရှိနေပြီး မိုးအသင့်အတင့်ကနေ မိုးများနိုင်တယ်လို့ ဖော်ပြထားတာကိုတွေ့ရပါတယ်။

#ဧရာဝတီတိုင်း #ရေကြီး #မိုးဆက်တိုက်ရွာ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်