နေရာကွက်ပြီး မိုးကြီးဖို့ရှိနေတဲ့ ပဲခူးတိုင်း တောင်ငူဧရိယာထဲမှာ တောင်ကျရေ သတိထားဖို့လို

တောင်ငူအပိုင်ထဲက ဒေသတချို့မှာ မိုးများဖို့ရှိတယ်။ ဒါဆိုရင် တောင်ကျရေတွေ ဝေါကနဲ ဆင်းလာတာမျိုး ရှိနိုင်တယ်။ ဒါကို ဂရုစိုက်ဖို့လိုတယ် ”

၂၃၊ဩဂုတ်

ပဲခူးတိုင်းအတွင်းမှာတော့ ယခင်ရက်သတ္တပတ်တွေနဲ့ နှိုင်းယှဉ်ရင် မိုးနည်းလာဖို့ ရှိနေပေမယ့် နောက်ကျရေ ထိုးစိုက်ဆင်းနိုင်တဲ့ ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့တော့ မိုးလေဝသ သတင်းတွေကို ဂရုတစိုက် နားစွန့်လေ့လာနေဖို့ လိုတယ်လို့ မိုးဇလ ပညာရှင်တွေက ပြောပါတယ်။

“အဲ့ဘက်မှာက မိုးများလို့ မြစ်ရေတက်လို့ဆိုပြီး ရေထပ်ကြီးလာနိုင်တာမျိုးတော့ မရှိနိုင်ဘူး။ ဒါပေမယ့် တောင်ငူအပိုင်ထဲက ဒေသတချို့မှာ မိုးများဖို့ရှိတယ်။ ဒါဆိုရင် တောင်ကျရေတွေ ဝေါကနဲ ဆင်းလာတာမျိုး ရှိနိုင်တယ်။ ဒါကို ဂရုစိုက်ဖို့လိုတယ် ” လို့ မြန်မာနိုင်ငံ မိုးဇလဌာနက ဝန်ထမ်းတဦးက ပြောပါတယ်။

မြန်မာနိုင်ငံ မိုးဇလဌာနကနေ ထုတ်ပြန်ထားချက် အရလည်း ပဲခူးတိုင်းအတွင်းကို မိုးတိမ်တောင်တွေ ဝင်လာနေပြီး မိုးတိမ်တောင် ရွေ့လျားရာတလျှောက် မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး နေရာကွက်ပြီး မိုးကြီးမယ်လို့ ဆိုထားပါတယ်။

မိုးဇလ ပညာရှင် ဦးဝင်းနိုင်ကတော့ ယခုရက်သတ္တအတွင်း ပဲခူးတိုင်းမှာ မိုးရေချိန် ၂၀၀ မီလီမီတာအထိ ရရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#ပဲခူး #တောင်ငူ #တောင်ကျရေ #မိုးလေဝသ
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်