
ရခိုင်ပြည်နယ်မှာ ရေဘေးကာလအပြီး မိုးရာသီမှာ လေ့ရှိတဲ့ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ဒေသတချို့မှာ ဖြစ်ပွားနေပါတယ်။
၂၃၊ဩဂုတ်
ရခိုင်ပြည်နယ်အတွင်းမှာတော့ ဒီကနေ့ကနေ ဩဂုတ်လကုန်ထိ မိုး အလွန်များပြီး သည်းတန်စွာရွာဖို့ ရှီနေဆဲပဲဖြစ်ပါတယ်။
မုန်တိုင်းရှိတာကြောင့် မဟုတ်ပဲ မုတ်သုန်လေ အားကောင်းနေတာကြောင့် ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်နိုင်ချေတွေ ရှိနေတယ်လို့ မိုးဇလ ပညာရှင်တွေ ဆိုပါတယ်။
“ရခိုင်မှာ သတိထားရမှာက မိုးဆက်တိုက်များတယ်ဆိုတော့ မြေတွေအိနေမှာ တောင်တွေ၊ လမ်းတွေ ပြိုနိုင်တယ်။ ရေကြီးနေဆဲ ဒေသတွေမှာလည်း ရေကဆက်ရှိနေဦးမယ့် သဘောပဲ။ ကျွန်တော်တို့က သတင်းမရလို့သာကိုး။ အဲ့တော့ သတိပေးချင်တာက ကမ်းပြို၊ မြေပြိုနိုင်ချေတွေကို သတိထားကြဖို့ပါပဲ ” လို့ မိုးဇလဌာနက ဝန်ထမ်းတဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ်မှာ ရေဘေးကာလအပြီး မိုးရာသီမှာ လေ့ရှိတဲ့ ခြင်ကြောင့်ဖြစ်တဲ့ ရောဂါတွေနဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါတွေ ဒေသတချို့မှာ ဖြစ်ပွားနေပါတယ်။ တဖက်မှာလည်း စစ်တပ်က စစ်ရေးအရ အပြင်းအထန် ဖိအားပေးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရပါတယ်။
#ရခိုင်ပြည်နယ် #မိုးသည်းထန် #လေပြင်းတိုက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ #မြစ်ဝကျွန်းပေါ်