
ရေဆက်တက်လာမယ်ဆိုရင် ရေဘေးရှောင်စခန်းတွေပါ ထပ်မံရွေ့ပြောင်းရနိုင်ခြေရှိနေတယ်လို့ ငါးသိုင်းချောင်းမြို့ ခံတဦးက ပြောပါတယ်။
၂၂၊ ဩဂုတ်။
ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့ပေါ်နဲ့ အနီးဝန်းကျင်တွေမှာ ဒီနေ့ညဦးပိုင်းကစပြီး ရေတရိပ်ရိပ် မြင့်တက်လာနေပြီး တာဘောင်တွေပေါ် ထိ ရေပြည့်နေကာ မြို့လယ်လမ်းမှာ ၃ ပေခန့်အထိ တက်လာနေပါတယ်။
“တမြို့လုံးပဲ၊ မြို့လည်ခေါင်လမ်း ပေါင်အရင်းလောက် ရှိတယ်။ တာဘောင်ပေါ်တွေ ပြည့်နေပြီ။ စခန်းတွေ(တော့) မမြုပ်သေးဘူး။ လှေကားထစ်ထိ ရေတိုးနေပြီ” လို့ ငါးသိုင်းချောင်းမြို့မှာ ရေဘေးကူညီပေးနေသူတဦးက ဒီနေ့ည ၁၁ အချိန်မှာ DNA ကို ပြောပါ တယ်။
ရေဆက်တက်လာမယ်ဆိုရင် ရေဘေးရှောင်စခန်းတွေပါ ထပ်မံရွေ့ပြောင်းရနိုင်ခြေရှိနေတယ်လို့ ငါးသိုင်းချောင်းမြို့ ခံတဦးက ပြောပါတယ်။
“တချို့အိမ်အနိမ့်တွေဆိုရင် အပေါ်ထပ်တွေပါ မြုပ်ကုန်တယ်။ ခေါင်းမိုးနားမှာ ထပ်ခိုးပုံစံ၊ လင့်လေးထိုးပြီးနေသူ နေကြရတယ်” လို့ ဆိုပါတယ်။
တာကျိုးပေါက်ထားတဲ့ လေးမျက်နှာမြို့အနီးတဝိုက် ရေပြန်ကျနေပမယ့် မြစ်ကနေ ကျော် ဝင်ထားပြီးဖြစ်တဲ့ ရေတွေဟာ အနိမ့်ပိုင်းဒေသတွေဖြစ်တဲ့ ငါးသိုင်းချောင်း၊ ရေကြည်မြို့ဘက်ဆီ စီးဆင်းလာတာကြောင့် အခုလို ရေတက် နေတာလို့ ဒေသခံတွေက ပြောကြပါတယ်။
ငါးသိုင်းချောင်းမြို့ခံတွေဟာ မြို့တွင်း ရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေကြသလို အချို့ကတော့ သူတို့ နေအိမ်တွေ မှာပဲ အဆင်ပြေသလိုနေကြကာ ရေသန့်၊ ဆေး၊ အစားအစာတွေ လိုအပ်နေတယ်လို့ ငသိုင်းချောင်းမြို့မှာ ကူညီပေး နေသူတွေက ပြောကြပါတယ်။
ဧရာဝတီတိုင်းမှာ လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ကျိုးကျမှုနောက်ဆက်တွဲ ရေကြီးနေတာဖြစ်ပြီး ၂၂ ကြာတဲ့ထိ တာပေါက်မပိတ်နိုင်သေးဘဲ လေးမျက်နှာ၊ ဟင်္သာတာ၊ ရေကြည်၊ ကျုံပျော်၊ ငသိုင်းချောင်းမြို့နယ် တွေထိပါ ရေကြီးနေတာဖြစ်ပါတယ်။
#ငါးသိုင်းချောင်း #မြစ်ရေတက် #စိုးရိမ်ဖွယ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ