
“အစောပိုင်းက ကြောက်လို့ တအိမ်လုံးမစားဘူး။ အခုက ရောဂါသတင်းတွေ ပြန်ငြိမ်သွားတော့ ပြန်ချက်ဖြစ်တာ”
၂၁၊ဩဂုတ်
ရန်ကုန်မြို့နယ်အချို့မှာ ဝမ်းရောဂါဖြစ်ပွားမှုကို ပြန်လည်ထိန်းချုပ်လာနိုင်ချိန်မှာ ဝက်သားဈေးလည်း ပုံမှန်အတိုင်း သုံးသောင်းခွဲနဲ့ လေးသောင်းကျပ်ဝန်းကျင်အထိ ပြန်တက်လာနေပါတယ်။
ဝမ်းရောဂါ ဖြစ်ပွားမှုနှူန်း များပြားချိန်မှာ မွေးမြူရေးဝက်တွေ သေဆုံးတဲ့ သတင်းနဲ့ဆက်စပ်ပြီး ဈေးကွက်ထဲမှာ ဝက်သားကို လူတွေကို ရှောင်လာကြချိန်မှာ ဝက်သားဈေးတွေ နှစ်သောင်းဝန်းကျင်အထိ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
“နဂိုစျေး ပြန်ရောက်တာ တရက်၊နှစ်ရက်ပဲ ရှိသေးတယ်။ ဒီလိုပဲ တခုခုဆို အထိတ်တလန့်ဖြစ်ပြီး အရောင်းကျတာလို့ ” လို့ သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်စံပြစျေးမှဝက်သားသည်တဦးက ပြောပါတယ်။
ရန်ကုန်မြို့က ဝက်မွေးမြူရေးခြံတွေမှာ အာဖရိက ဝက်တုပ်ကွေးနဲ့ ဝက်တွေအစုလိုက် အပြုံ လိုက်သေနေသလို ဝမ်းပျက်၊ဝမ်းလျှောဖြစ်တာ ရောဂါနဲ့သေတဲ့ ဝက်သားစားမိလို့ဆိုတဲ့ သတင်းတွေနဲ့အတူ ဝက်သားစားတာ ရပ်ထားဖို့ လူံ့ဆော်တာတွေရှိခဲ့တာကြောင့် ဝယ်သူနည်းပြီးအရောင်းကျခဲ့တာ ဖြစ်ပါတယ်။
“အစောပိုင်းက ကြောက်လို့ တအိမ်လုံးမစားဘူး။ အခုက ရောဂါသတင်းတွေ ပြန်ငြိမ်သွားတော့ ပြန်ချက်ဖြစ်တာ”လို့ အင်းစိန်မြို့နယ်မှာနေတဲ့ အိမ်ရှင်မတဦးက ပြောပါတယ်။
စစ်အစိုးရက ဝက်သေဆုံးတာနဲ့ပတ်သက်ပြီး တိတိပပ အသိပေး ထုတ်ပြန်ထားတာ မရှိပေမယ့် ဝမ်းပျက်၊ဝမ်းလျှော ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ထားနိုင်ပြီး လူနာအရေအတွက်လည်း လျော့နည်းသွားပြီလို့ ကြေညာထားပါတယ်။
#ဝမ်းရောဂါ #ဝက်သား #ဈေးပြန်တက်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ