
အိမ်ဖြူတော်မှာ ရဟတ်ယာဉ်ဆင်းတဲ့ နေရာသစ်ကို လှည့်လည်ကြည့်ရှုနေချိန် ၂၀၂၆ နှစ်နှောင်းပိုင်းမှာ ကင်မ်နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ ထရမ့်က “ဟုတ်ပါတယ်၊ တွေ့မှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
၂၀ ၊ ဩဂုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သူရဲ့ ပထမ သမ္မတသက်တမ်းတုန်းက နျူကလီးယားလက်နက်ကိုင် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ သိကျွမ်းခဲ့တဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့အတွက် ဒီနှစ်နှောင်းပိုင်းမှာ ကင်မ်ဂျုံအန်းနဲ့ တွေ့ဆုံသွားမယ်လို့ ဩဂုတ် ၁၉ရက်နေ့က ပြောခဲ့ပါတယ်။
အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောရာမှာ ထရမ့်က ကင်မ်နဲ့ “သင့်သင့်မြတ်မြတ် နေဖို့” အရေးကြီးကြောင်း၊ ဒါ့အပြင် ပြုံယမ်းမှာ အခုချိန်မှာ အရမ်းအင်အားကြီးတဲ့ နျူကလီးယားလက်နက် ၅၇ ခု ရှိနေပြီဆိုပြီး အတည်မပြုနိုင်တဲ့ ခန့်မှန်းတွက်ချက်မှုတခုကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ ကင်မ်အပေါ် ရုတ်တရက် အာရုံစိုက်လာမှုနဲ့ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချလိုက်မှုတို့ဟာ အာရှမဟာမိတ်တွေကို စိုးရိမ်စေခဲ့သလို၊ အီရန်စစ်ပွဲ အဟန့်အတားဖြစ်နေချိန်မှာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အောင်ပွဲတစ်ခုကို ရယူဖို့ ကြိုးစားနေတာလားဆိုပြီး်မှန်းဆချက်တွေကိုပါ ထွက်ပေါ်လာစေခဲ့ပါတယ်။
အိမ်ဖြူတော်မှာ ရဟတ်ယာဉ်ဆင်းတဲ့ နေရာသစ်ကို လှည့်လည်ကြည့်ရှုနေချိန် ၂၀၂၆ နှစ်နှောင်းပိုင်းမှာ ကင်မ်နဲ့တွေ့ဆုံဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ ထရမ့်က “ဟုတ်ပါတယ်၊ တွေ့မှာပါ” လို့ ပြန်ဖြေခဲ့ပါတယ်။
အီရန်မှာ နျူကလီးယားဗုံး မရရှိစေရေးဆိုတဲ့ အကြောင်းပြချက်နဲ့ အီရန်ကို စစ်မက်ဆင်နွှဲနေချိန်မှာပဲ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ စီစဉ်နေတာကို ထရန့်က ကာကွယ်ပြောဆိုခဲ့ပါတယ်။
“သူ့မှာ အရမ်းအင်အားကြီးတဲ့ နျူကလီးယားလက်နက် ၅၇ ခု ရှိတယ်။ ဒါမျိုး ဖြစ်ခွင့် မပေးခဲ့သင့်ဘူး… ကျွန်တော်သာ သမ္မတ ဖြစ်ခဲ့ရင် ဒါမျိုး ဖြစ်ခွင့် ပေးမှာမဟုတ်ဘူး” လို့ ကင်မ်ကို ရည်ညွှန်းပြီး ထရန့်က ပြောခဲ့ပါတယ်။
“ဒါပေမဲ့ သူ့မှာ ဒါတွေရှိနေပြီ၊ ကျွန်တော်က သူ့နဲ့ အရမ်း အဆင်ပြေပါတယ်။ အီရန်ကိုတော့ နျူကလီးယားလက်နက် လက်ဝယ်ရှိခွင့် မပေးနိုင်ဘူး။ ကျွန်တော် ကင်မ်ဂျုံအန်းကို အရမ်းသိတာမို့လို့ သူကတော့ အဆင်ပြေမှာပါ” လို့ ဆိုပါတယ်။
ထရန့်က အသေးစိတ်အချက်အလက်တွေကို မပြောပေမယ့် လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးအတွက် တရုတ်နိုင်ငံ၊ ရှန်ဇန်းကို သွားရောက်ချိန်မှာ တွေ့ဆုံဖို့ ချိန်ရွယ်ထားကြောင်း Wall Street Journal က ဖော်ပြခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ နျူကလီးယားလက်နက် ၈၀ ကနေ ၁၂၀ ဝန်းကျင်အထိ ရှိနိုင်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ခန့်မှန်းပြောကြားခဲ့ပါတယ်။
“ကျနော်တို့ကတော့ ပုံမှန်အားဖြင့် အခု ၈၀ ကနေ ၁၂၀ ဝန်းကျင်လို့ ခန့်မှန်းထားပါတယ်” လို့ အန်ဂျူဘက် က လွှတ်တော်အမတ်တွေကို ပြောကြားခဲ့ပြီး တိကျတဲ့ ကိန်းဂဏန်း ပြောဆိုကိုတော့ ငြင်းဆန်ခဲ့ပါတယ်။
ဆိုးလ်အနေနဲ့ မြောက်ကိုရီးယားကို နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုဖို့ ကန့်ကွက်ထားဆဲဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
ဝါရှင်တန်အနေနဲ့ မြောက်ကိုရီးယားရဲ့ နျူကလီးယားဖျက်သိမ်းရေးကို “လက်လျှော့လိုက်ပြီလား” လို့ မေးမြန်းရာမှာတော့ ဝန်ကြီးက အဲ့ဒီလို မထင်ပါဘူးလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အမေရိကန်အပေါ် မှီခိုနေရမှုကို လျှော့ချဖို့အတွက် သီးသန့် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းအားတွေကို ပိုမိုအားကောင်းလာစေဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယားသမ္မတ လီဂျေမြောင် က မြောက်ကိုရီးယားနဲ့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းချက်တွေကို ကူညီထောက်ပံ့ပေးဖို့နဲ့ ပါဝင်ကူညီဖို့ အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
#အမေရိကန် #မြောက်ကိုရီးယား #ဒေါ်နယ်ထရမ့် #ကင်မ်ဂျုံအန်း
#DeltaNewsAgency #DNA
#နိုင်ငံတကာသတင်း