
ကျန်းမာရေးဌာနတွေက ပြည်သူတွေကို စိုးရိမ်တကြီး မဖြစ်ကြဖို့ တိုက်တွန်းထားပြီး ရောဂါဖြစ်နေတဲ့ ဒေသတွေကို သွားမယ့်သူတွေအနေနဲ့ အစားအသောက်နဲ့ ရေကို အထူးဂရုစိုက်ကြဖို့၊ ဖြစ်နိုင်ရင် ဝမ်းရောဂါကာကွယ်ဆေး ကြိုထိုးထားကြဖို့ အကြံပြုထားပါတယ်။
၂၀ ၊ ဩဂုတ်
ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေ များလာတာကြောင့် ထိုင်းကျန်းမာရေးဝန်ကြီးဌာနက နယ်စပ်ဂိတ်တွေ၊ ဆေးရုံတွေနဲ့ နယ်စပ်ဒေသတွေမှာ ဝမ်းရောဂါစောင့်ကြည့်ရေးတွေကို ပိုတင်းကြပ်ဖို့ အမိန့်ထုတ်လိုက်ပါတယ်။
ရောဂါထိန်းချုပ်ရေးဦးစီးဌာန (DDC) ကိုလည်း ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်ဖို့၊ ရောဂါရှာဖွေ ထိန်းချုပ်ရေးတွေအတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။
ကျန်းမာရေးဌာနတွေက ပြည်သူတွေကို စိုးရိမ်တကြီး မဖြစ်ကြဖို့ တိုက်တွန်းထားပြီး ရောဂါဖြစ်နေတဲ့ ဒေသတွေကို သွားမယ့်သူတွေအနေနဲ့ အစားအသောက်နဲ့ ရေကို အထူးဂရုစိုက်ကြဖို့၊ ဖြစ်နိုင်ရင် ဝမ်းရောဂါကာကွယ်ဆေး ကြိုထိုးထားကြဖို့ အကြံပြုထားပါတယ်။
ပြန်လာလို့ ပြင်းထန်ဝမ်းပျက်တာ၊ အန်တာတွေ ဖြစ်ရင်တော့ ခရီးသွားရာဇဝင်ကို အတိအကျပြောပြီး ဆေးကုသမှု ချက်ချင်းခံယူသင့်တယ်လို့ ဆိုပါတယ်။
ထိုင်းကျန်းမာရေးဝန်ကြီးဌာနက နယ်စပ်ဂိတ်တွေမှာ စောင့်ကြည့်စစ်ဆေးတာ ပိုတင်းကြပ်ထားပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ဓာတ်ခွဲခန်းနဲ့ ကွင်းဆင်းအဖွဲ့တွေ ပြင်ဆင်တာ၊ ရွှေ့ပြောင်းလုပ်သားအသိုင်းအဝိုင်းနဲ့ စုဝေးနေထိုင်တဲ့ ဧရိယာတွေမှာ သန့်ရှင်းရေး စစ်ဆေးတာ စတဲ့ အရေးပေါ် နည်းလမ်း ၆ ချက်ကို ထုတ်ပြန်ထားပါတယ်။
DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မွန်သီယမ် ကာနာဆာဝတ်ရဲ့ အဆိုအရ မြန်မာနိုင်ငံရဲ့ တရားဝင်သတင်းတွေနဲ့ ဒေသတွင်းသတင်းတွေမှာ ဩဂုတ် ၉ ရက်ကစပြီး ရန်ကုန်က ဆေးရုံတွေမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော လူနာ ၅၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ရောဂါဖြစ်တဲ့သူ အများစုက စားသောက်ဆိုင်တွေနဲ့ လမ်းဘေးအစားအစာ ဆိုင်တွေအများကြီးရှိတဲ့ ရန်ကုန်မြို့လယ်ကောင်မှာ ဖြစ်ပွားနေတာပါ။ မြန်မာအာဏာပိုင်တွေဘက်ကလည်း အစားအသောက်နဲ့ ရေအရည်အသွေးတွေကို စစ်ဆေးတာ၊ ရေပေးဝေရေးစနစ်တွေကို ဆေးကြောတာ၊ ကလိုရင်းခတ်တာ တိုးလုပ်တာ၊ လူနာတွေရဲ့ အိမ်တွေကို ပိုးသတ်တာတွေ လုပ်နေသလို စိုးရိမ်ရတဲ့ လမ်းဘေးအစားအစာ ရောင်းချတာတွေကိုလည်း ယာယီပိတ်ခိုင်းထားပါတယ်။
နောက်ဆုံးရထားတဲ့ သတင်းတွေအရ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတုန်းပဲ ဆိုပေမဲ့ ဆေးရုံတက်ရတဲ့ လူနာသစ် အရေအတွက်ကတော့ နည်းသွားပြီလို့ သိရပါတယ်။
ကိုးကား – The Nation Thailand
#ရန်ကုန် #ဝမ်းရောဂါ #ထိုင်း #နယ်စပ်တင်းကြပ်
#DeltaNewsAgency #DNA
#ရန်ကုန် #ပဲခူး #ဧရာဝတီ