
သေနတ်သမားဘယ်သူဆိုတာနဲ့ ဘာကြောင့် အခုလိုပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
၁၈ ၊ သြဂုတ်
ဒီကနေ့ ဩဂုတ်လ ၁၈ရက်နေ့က မနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းတခုမှာ သေနတ်ပစ်ခတ်မှုကြောင့် ၂ ယောက် သေဆုံးသွားခဲ့ပါတယ်။ အခုတော့ အခြေအနေကို ထိန်းချုပ်ထားနိုင်ပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ၂ လနီးပါးအတွင်း အခုလိုဖြစ်စဉ် ဒုတိယအကြိမ် ပေါ်ပေါက်လာတာပါ။
ပစ်ခတ်မှုဟာ ဇမ်ဘိုအန်ဂါ မြို့ တောင်ပိုင်းမှာရှိတဲ့ Ateneo de Zamboanga တက္ကသိုလ်နဲ့ တွဲရက်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။ မြို့တော်ဝန် ခိုင်မာ အာဒန် အိုလာဆို်က DZMM ရေဒီယိုကို ပြောရာမှာ သေဆုံးသွားတဲ့ ၂ ယောက်စလုံးဟာ ကျောင်းသားတွေဖြစ်ပြီး ၁ ယောက်ကတော့ သေနတ်သမားပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်ပါမောက္ခချုပ် အာနိုး အန်ဒါးလ် ကတော့ ပစ်ခတ်မှုတွေ ငြိမ်သွားပြီဖြစ်ပြီး နောက်ထပ် သေဆုံးသူ ဒါမှမဟုတ် ဒဏ်ရာရသူ မရှိတော့ကြောင်း အတည်ပြုခဲ့ပါတယ်။
“လောလောဆယ် သေဆုံးသူ ၂ ယောက်ရှိတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်။ နောက်ထပ် ပစ်ခတ်နေတဲ့ သေနတ်သမား မရှိတော့ပါဘူး” လို့ အန်ဒါးလ်က ပြောပါတယ်။
တက္ကသိုလ်အနေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး အချက်အလက်တွေ ရလာတာနဲ့အမျှ အသေးစိတ် ထပ်ပြောပြသွားမယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ဒီလိုကိစ္စမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး။ ကျောင်းသားတွေ အားလုံးရဲ့ ဘေးကင်းလုံခြုံရေးကိုပဲ ဦးစားပေးချင်ပါတယ်” လို့လည်း သူက ပြောသွားခဲ့ပါတယ်။
သေနတ်သမားဘယ်သူဆိုတာနဲ့ ဘာကြောင့် အခုလိုပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တာကလိုဘန်မြို့က အစိုးရအထက်တန်းကျောင်းတစ်ခုမှာ ကျောင်းသား ၂ ယောက်က ကျောင်းဝင်းအတွင်း သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ကျောင်းသား ၃ ယောက် သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရခဲ့ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ ၁၀ရက်ကလည်း ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက် အနီးက ကျောင်းတကျောင်းမှာ အသက် ၁၄နှစ်အရွယ် ကျောင်းသားတယောက်က သေနတ်နဲ့ ပစ်ခတ်လို့ လူ၉ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
Ref – Reuters
#ဖိလစ်ပိုင် #သေနတ်ပစ်ခတ် #စာသင်ကျောင်း #သေဆုံး
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်