
တောင်ကိုရီးယားဟာ အီရန်ကို “နျူကလီးယားဖျက်သိမ်းရေး” ကိစ္စမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သူရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။
၁၇ ၊ ဩဂုတ်
အီရန်စစ်ပွဲထဲ တောင်ကိုရီးယား မပါဝင်ခဲ့တာကြောင့် အမေရိကန်က တောင်ကိုရီးယားနဲ့ လုပ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လျှော့ချသွားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ပြောလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နဲ့ သူနဲ့ကြားထဲမှာ “အရမ်းကောင်းတဲ့ ဆက်ဆံရေး” ရှိတာကြောင့် တောင်ကိုရီးယားနဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို “အတော်လေး လျှော့ချသွားမယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တောင်ကိုရီးယားဟာ အီရန်ကို “နျူကလီးယားဖျက်သိမ်းရေး” ကိစ္စမှာ အမေရိကန်နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တယ်လို့လည်း သူရဲ့ Truth Social မှာ ရေးသားခဲ့ပါတယ်။
“ဒီစစ်ရေးလေ့ကျင့်မှုတွေက ကုန်ကျစရိတ် များလွန်းတယ်။ ဒီကုန်ကျစရိတ် အများစုကို အမေရိကန်ကပဲ စိုက်ထုတ်ပေးနေရတာပါ။ ဒါတင်မကဘဲ ဒါဟာ လုံးဝ မသင့်တော်သလို ရန်လိုတဲ့ မက်ဆေ့ချ်မျိုး ပေးနေတာဖြစ်တယ်” လို့ ထရန့်က ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယား ကတော့ အမေရိကန်နဲ့ စစ်ရေးလေ့ကျင့်မှုတွေကို လျာထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ ပြောထားပါတယ်။ မြောက်ကိုရီးယား ကတော့ ဒီအပေါ် ဘာမှ မှတ်ချက်မပေးသေးပါဘူး။ မြောက်ကိုရီးယားက ကုလသမဂ္ဂက ပိတ်ပင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုတွေကို ဒီလထဲမှာမှ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဒီဖြစ်စဉ် ဖြစ်လာတာပါ။
တနင်္ဂနွေနေ့က တင်ခဲ့တဲ့ သူ့ရဲ့ ပို့စ်မှာတော့ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ တနင်္လာနေ့မှာ အစဉ်အလာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ စတော့မှာမို့လို့ “ဖျက်သိမ်းဖို့ သိပ်နောက်ကျသွားပြီ” လို့ ထရန့်က ဆိုပါတယ်။
အဲ့ဒီနောက် “ကျနော် မကြာသေးခင်ကမှ တောင်ကိုရီးယားသမ္မတကို အီရန်အစ္စလာမ္မစ် သမ္မတနိုင်ငံရဲ့ နျူကလီးယား ဖျက်သိမ်းရေးမှာ ကျနော်တို့နဲ့ ပူးပေါင်းမလားလို့ မေးခဲ့တာ။ သူတို့က ‘မလုပ်ပါဘူး၊ ကျေးဇူးပါ’ လို့ ငြင်းခဲ့တယ်” လို့ ထပ်ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့အပတ်က အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်ခေါင်းဆောင်တွေဟာ Ulchi Freedom Shield စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်ဆိုပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ကြပါသေးတယ်။
၁၁ ရက်ကြာမယ့် ဒီပွဲမှာ တောင်ကိုရီးယားစစ်သား ၁၈,၀၀၀ လောက် ပါဝင်မှာဖြစ်ပြီး အရင်နှစ်တွေက ပမာဏအတိုင်းပဲ ရှိလိမ့်မယ်လို့ ဆိုပါတယ်။
သောကြာနေ့တုန်းကတော့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို “ကျူးကျော်စစ်အတွက် လေ့ကျင့်မှု” ဆိုပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
Ref – BBC
#အမေရိကန် #အီရန် #တောင်ကိုရီးယား #မြောက်ကိုရီးယား
#DeltaNewsAgency #DNA
#ဧရာဝတီ #ပဲခူး #ရန်ကုန်