
မီးလောင်မှု ဖြစ်တဲ့ကားပေါ်မှာ လူ ၅ ဦး လိုက်ပါလာတာဖြစ်ပြီး အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်မှု မရှိခဲ့ပေမယ့် ကားကတော့ တစီးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ပဲခူတိုင်း ၊ အုတ်တွင်းမြို့နယ် ဧရိယာထဲက မိုင်တိုင် ၁၄၃/၆ အနီးမှာ ဒီနေ့ မွန်းလွဲ တနာရီကျော်လောက်က Toyota Alphard ကားတစီးမီးလောင်မူဖြစ်ခဲ့ပါတယ်။
မီးလောင်တဲ့ ကားဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး တခြားကားတချို့ ရပ်ပြီး ကူညီပေးခဲ့ကြပေမယ့် အချိန်မမီခဲ့ဘူးလို့ ကားမီးလောင်ချိန်မှာ ကူညီခဲ့တဲ့ ခရီးသွား ကားသမားတဦးက ပြောပါတယ်။
“လူဘာမှ မဖြစ်တာပဲ တော်သေးတယ်။ မီးသတ်ကား ဘယ်အချိန် ရောက်လဲမသိဘူး။ တွေ့လိုက်တဲ့ အချိန်မှာ ကားတစီးလုံး ကုန်နေပြီ” လို့ ဆိုပါတယ်။
အဲဒီကားမှာ မောင်းလာနေရင်း အချက်ပြမီး လင်းလာလို့ ယာဥ်မောင်းဖြစ်သူက ရပ်တန့်စစ်ဆေးကြည့်တော့မှ အင်ဂျင်ခန်း မီးလောင်မှန်း သိရတာလို့ အသိပေးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မီးလောင်မှု ဖြစ်တဲ့ကားပေါ်မှာ လူ ၅ ဦး လိုက်ပါလာတာဖြစ်ပြီး အချိန်မီ ရှောင်ရှားနိုင်ခဲ့လို့ ထိခိုက်မှု မရှိခဲ့ပေမယ့် ကားကတော့ တစီးလုံး မီးလောင်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ကားမီးလောင်မှု ဖြစ်တာနဲ့ ပတ်သက်ပြီး ဗောဓိကုန်း အမြန်လမ်း မီးသတ်စခန်းက မီးငြိမ်းသတ်ယာဥ်တစီး စေလွှတ် ငြိမ်းသတ်ခဲ့တယ်လို့ မီးသတ်ဌာနကလည်း အသိပေးထားပါတယ်။
အမြန်လမ်း အသုံးပြုတဲ့ ယာဉ်မောင်းတွေ အနေနဲ့ ယာဉ်ကြံ့ခိုင်မှုကို လမ်းပေါ်မရောက်ခင် သေချာစွာ စစ်ဆေးဖို့ လိုအပ်သလို အိမ်စီးကားတွေ ၁၀၀ ကီလိုမီတာ၊ ကုန်တင်ယာဥ်၊ ပစ်ကပ်ယာဥ်တွေ ၆၀ ကီလိုမီတာ နှုန်းပဲ အများဆုံးမောင်းဖို့ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးထားပါတယ်။