
မီးရထား တိုင်းအမှတ် ၉ မှာ ဟင်္သာတ-ပုသိမ် ၊ ဟင်္သာတ-ကြံခင်း အစုန်၊အဆန် ခရီးစဉ်တွေ ရှိပေမယ့် အခုတော့ မီးရထားဌာနက ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း အကုန်လုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
၄၊ ဩဂုတ်။
လေးမျက်နှာမှာ ငဝန်ရေကာတတာ ကျိုးပေါက်ပြီး ၅ ရက်မြောက်နေ့မှာ ပုသိမ်-ကြံခင်း ရထားလမ်းပိုင်းအတွင်း ဇရပ်လှဘူတာနဲ့ ဒိုက်ပျက်ဘူတာအကြား မိုင်တိုင်အမှတ် ၁၃၄/၇ ကနေ ၁၃၄/၁၅ အကြား ရေကျော်နစ်မြုပ်နေပြီဖြစ်လို့ မီးရထားပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီ ဖြစ်ပါတယ်။
“၄ ရက်နေ့ကနေ စပိတ်ထားပါတယ်။ ဟုတ်ပါတယ်၊ ပုသိမ်ကနေ ကြံခင်းတိ တောက်လျှောက်ပိတ်ထားတာပါ” လို့ ပုသိမ်ဘူတာက ၀န်ထမ်းတဦးက ပြောပါတယ်။
လေးမျက်နှာမြို့တည့်တည့် ငဝန်မြစ်တာဘောင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့ညကတည်းက ကျိုးပေါက်သွား ခဲ့တာဖြစ်ပြီး လေးမျက်နှာမြို့နယ်တခုလုံး ရေမြုပ်နေပြီး မနေ့ကစကာ ရေကြည်၊ ကျုံပျော်မြို့နယ်တွေထိ ရေ တက်လာခဲ့တာပါ။
လက်ရှိမှာ ရေကြီးနေတာ ငါးရက်မြောက်ရှိပြီဖြစ်ပေမယ့် ရေပြန်မကျသေးဘဲ ဆက်တက်နေတာဖြစ်ပြီး ရေကြီးမှု ဒဏ် ရက်ရှည်ခံရနိုင်တယ်လို့ ဒေသတွင်း သက်ကြီးပိုင်းတွေနဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
“သံလမ်းက မပေါ်တော့ဘူး၊ ရေမြုပ်နေတယ်။ မနေ့က ညနေကတည်းက ရေတက် လာတာ။ အဲဒါကြောင့် ရထားမဆွဲဘဲ နားထား မယ်လို့ သိရတယ်။ ရေပြန်ကျမှပဲ ပြန်ဆွဲလို့ရမယ်ထင်တယ်။ ဒီအ တိုင်းဆို ရေဆက်တက်အုံးမယ်ထင်တယ်” လို့ ဒေသခံလူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ပုသိမ်-ကြံခင်း မီးရထားလမ်းပိုင်းဟာ ဧရာဝတီတိုင်းရဲ့ မြောက်ဘက်စွန်းကနေ တိုင်းမြို့တော် ပုသိမ်အထိ ပြေးဆွဲတဲ့ လမ်းပိုင်းဖြစ်ပြီး မီးရထားတိုင်းအမှတ် ၉ ရဲ့ ရုံးစိုက်ရာမြို့က ဟင်္သာတမြို့ ဖြစ်ပါတယ်။ အခုလက်ရှိ ရေကျော်နေတဲ့ နေရာတွေက ဟင်္သာတနဲ့ ပုသိမ်ဘူတာ အကြားမှာ ရှိနေတာပါ ။မီးရထား တိုင်းအမှတ် ၉ မှာ ဟင်္သာတ-ပုသိမ် ၊ ဟင်္သာတ-ကြံခင်း အစုန်၊အဆန် ခရီးစဉ်တွေ ရှိပေမယ့် အခုတော့ မီးရထားဌာနက ပုသိမ်-ဟင်္သာတ-ကြံခင်း လမ်းပိုင်း အကုန်လုံးကို ပိတ်လိုက်တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရေကြီးနေတာ ငါးရက်မြောက်ရှိပြီဖြစ်ပေမယ့် ရေပြန်မကျသေးဘဲ ဆက်တက်နေတာဖြစ်ပြီး ရေကြီးမှု ဒဏ် ရက်ရှည်ခံရနိုင်တယ်လို့ ဒေသတွင်း သက်ကြီးပိုင်းတွေနဲ့ လူမှုကူညီရေးလုပ်နေသူတွေက ပြောကြပါတယ်။
“ရေက ထိန်ငူတုန်းကလို တလကျော်၊ နှစ်လထိ ကြာမယ်။ အနိမ့်ပိုင်းတွေဖြစ်တဲ့ ငသိုင်းချောင်း၊ ကျုံပျော်တို့၊ ရေ ကြည်တို့လည်း ဂရုစိုက်ကြဖို့လိုတယ်” လို့ ဟင်္သာတဒေသခံ လူမှုကူညီရေးလုပ်နေသူတဦးက ပြောပါတယ်။
ရေကြီးမှုကြောင့် ရထားလမ်းပိုင်း ရေမြုပ်တဲ့အပြင် မနေ့က ဩဂုတ်လ ၃ ရက်နေ့ကလည်း လေးမျက်နှာ – ရေ ကြည်လမ်းပေါ် အိုင်သပြုအနီး ကရင်လက်သမားရွာတံတားလည်း ရေစီးကြောင့် ကျိုးပျက်သွားခဲ့ပါတယ်။
ရေးကြီးနေတဲ့ လေးမျက်နှာ၊ အိုင်သပြုကျေးရွာတဝိုက်တို့မှာ ဖုန်းလိုင်းအချို့နဲ့ လျှပ်စစ်မီးတို့ ပြတ်တောက် နေတာ ကြောင့် နေအိမ်တွေထဲ ပိတ်မိနေသူတွေအတွက် အကူအညီတောင်းဖို့အခက်အခဲရှိနေကြတယ်လို့ ဆိုပါတယ်။
#ဧရာဝတီတိုင်း #ပုသိမ် #ကြံခင်း #ရထားလမ်း #ရေကျော်
#DeltaNewsAgency #DNA