အမေရိကန်စစ်တပ်က အီရန်ကို ထပ်မံတိုက်ခိုက် ၊ အမေရိကန် ရေနံစျေးတွေ ပြန်မြင့်တက်လာ

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ အရပ်ဘက်ကုန်တင်သင်္ဘော သုံးစင်းကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး တုံ့ပြန်တဲ့အနေနဲ့ အခုလို အီရန်အပေါ် တိုက်ခိုက်တာဖြစ်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

၈ ၊ ဇူလိုင်

အီရန်နိုင်ငံအပေါ် အမေရိကန်စစ်တပ်က စစ်ဆင်ရေးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးနောက်၊ မရေရာတဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။
ထို့အတူ ဇူလိုင် ၈ ရက် အစောပိုင်းစျေးကွက်မှာ အမေရိကန် ရေနံစျေးနှုန်းတွေဟာ ၃ ရာခိုင်နှုန်းနီးပါး ထပ်မံမြင့်တက်သွားခဲ့ပါတယ်။

ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်နေတဲ့ အရပ်ဘက်ကုန်တင်သင်္ဘော သုံးစင်းကို အီရန်ဘက်က တိုက်ခိုက်ခဲ့တာနဲ့ ပတ်သတ်ပြီး တုံ့ပြန်တဲ့အနေနဲ့ အခုလို အီရန်အပေါ် တိုက်ခိုက်တာဖြစ်တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က အင်္ဂါနေ့မှာ ပြောခဲ့ပါတယ်။

ဂရင်းနစ်စံတော်ချိန် ည ၁၀ နာရီ ၁၅ မိနစ်မှာ အမေရိကန် West Texas Intermediate (WTI) ရေနံစိမ်းစျေးနှုန်းဟာ ၁.၉၅ ဒေါ်လာ (ဒါမှမဟုတ်) ၂.၈ ရာခိုင်နှုန်း မြင့်တက်ကာ တစည်ကို ၇၂.၃၉ ဒေါ်လာ ဖြစ်လာခဲ့ပါတယ်။

အရပ်ဘက်ကုန်တင်သင်္ဘောတွေကို အီရန်က တိုက်ခိုက်ပြီးနောက် အီရန်ရေနံစိမ်း ရောင်းချခွင့်ပြုထားတဲ့ အထွေထွေလိုင်စင်ကို အမေရိကန်က ပြန်လည်ရုပ်သိမ်းလိုက်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွက် ကာတာနိုင်ငံက အီရန်ကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ကာတာရဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) တင်သင်္ဘောကြီးဖြစ်တဲ့ Al Rekayyat အပါအဝင် တခြားသင်္ဘောတွေ ထိခိုက်ပျက်စီးခဲ့ပြီး သင်္ဘောပေါ်ပါ အမှုထမ်းများအားလုံးကိုတော့ ဘေးကင်းရာရွေ့ပြောင်းထားတယ်လို့ သိရပါတယ်။

ဆော်ဒီအာရေဗျအလံလွှင့်ထူထားပြီး Wedyan လို့ ယူဆရတဲ့ အင်မတန်ကြီးမားတဲ့ ရေနံတင်သင်္ဘော တစင်းလည်း အိုမန်ကမ်းလွန်တွင် ပျက်စီးဆုံးရှုံးမှုအချို့ ရှိခဲ့ကြောင်း ရေကြောင်းလုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပေမယ့် အကြောင်းအရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အခုဖြစ်စဉ်တွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမယ်ံ ရေနံတင်သင်္ဘောတွေ သွားလာရေး အနှောက်အယှက်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာနေပါတယ်။

Ref – Reuters

#အမေရိကန် #ဟော်မုဇ်ရေလက်ကြား #အီရန်
#DeltaNewsAgency #DNA