
မုန်တိုင်းအရှိန်ကြောင့် ဇူလိုင် ၂ ရက်ကနေ ၆ ရက်အတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသများမှာ မိုးများနိုင်ကြောင်း အဆိုပါအေဂျင်စီက သတိပေးထားပါတယ်။
၃ ၊ ဇူလိုင်
တောင်တရုတ်ပင်လယ်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့အပူပိုင်းမုန်တိုင်းငယ်ဟာ ထိုင်းနိုင်ငံအပေါ် တိုက်ရိုက်သက်ရောက်မှု မရှိနိုင်ပေမယ့် ဇူလိုင် ၂ ရက်ကနေ ၆ ရက်အတွင်း နိုင်ငံအနှံအပြားမှာ မိုးများနိုင်ကြောင်း ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးသက်သာစေရေးဦးစီးဌာန (DDPM) အောက်ရှိ အမျိုးသားဘေးအန္တရာယ် သတိပေးထုတ်ပြန်ရေးစင်တာက မိမိတို့အနေနဲ့ ထိုင်းမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန အပါအဝင် အခြားသော မိုးလေဝသခန့်မှန်းရေးအေဂျင်စီတွေရဲ့ အချက်အလက်တွေကို ဇူလိုင် ၂ ရက်နေ့ကတည်းက စောင့်ကြည့်လေ့လာနေခဲ့ကြောင်း ပြောပါတယ်။
အဆိုပါ မုန်တိုင်းငယ်ဟာ တောင်တရုတ်ပင်လယ်အလယ်ပိုင်းကို ဖြတ်ကျော်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေတယ်လို့ သိရပါတယ်။
အဆိုပါမုန်တိုင်းငယ်ဟာ ဟိုင်နန်ကျွန်းကို ဖြတ်ကျော်ကာ တရုတ်နိုင်ငံတောင်ပိုင်းကို ကုန်းတွင်းပိုင်းမဝင်ရောက်မီ ဇူလိုင် ၄ ရက်ကနေ ၆ ရက်အတွင်း အပူပိုင်းမုန်တိုင်း အဖြစ် အားကောင်းလာမယ်လို့ ခန့်မှန်းရပါတယ်။
ဒါပေမယ့် အဆိုပါမုန်တိုင်းဟာ ထိုင်းနိုင်ငံရဲ့ ရာသီဥတုအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာ မဟုတ်ဘူးလို့ DDPM က ဆိုပါတယ်။
မုန်တိုင်းအရှိန်ကြောင့် ဇူလိုင် ၂ ရက်ကနေ ၆ ရက်အတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသများမှာ မိုးများနိုင်ကြောင်း အဆိုပါအေဂျင်စီက သတိပေးထားပါတယ်။
ထိုင်းမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဇူလိုင် ၂ ရက်နေ့ကနေ ၃ ရက်အတွင်း ထိုင်းနိုင်ငံရဲ့ အချို့ဒေသများမှာ မိုးကြီးတာ ၊ မိုးသည်းသည်းမဲမဲရွာသွန်းတာနဲ့ ကပ္ပလီပင်လယ်အထက်ပိုင်းမှာ လှိုင်းလေပြင်းထန်နိုင်ကြောင်း သတိပေးထားပါတယ်။
မြောက်ပိုင်းနဲ့ အရှေ့မြောက်အထက်ပိုင်းကို ဖြတ်သန်းနေတဲ့ မုတ်သုံလေစီးကြောင်းနဲ့ အတူ ကပ္ပလီပင်လယ်ပြင် ၊ ထိုင်းနိုင်ငံနဲ့ ထိုင်းပင်လယ်ကွေ့တို့မှာ အတန်အသင့်အားကောင်းနေတဲ့ အနောက်တောင်မုတ်သုံလေတို့ရဲ့ လွှမ်းမိုးမှုကြောင့် အခုလို မိုးရွာတာဖြစ်တယ်လို့ ဆိုပါတယ်။
အများပြည်သူတို့အနေနဲ့ အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကို အနီးကပ်စောင့်ကြည့်ဖို့နဲ့ သတိပေးချက်တွေ ထုတ်ပြန်လာပါက ဘေးအန္တရာယ်ကင်းရှင်းရေး ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ DDPM က တိုက်တွန်းထားပါတယ်။
ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရသူ ဘယ်သသူမဆို ၂၄ နာရီပတ်လုံး ဖွင့်ထားတဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဟော့လိုင်းဖုန်းနံပါတ် ၁၇၈၄ သို့ ဆက်သွယ်အကြောင်းကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
Ref – THE NATION/ASIA NEWS NETWORK