
ထရမ့်ရဲ့ နိုင်ငံရေးမဟာမိတ်တွေကို ဆုချမယ့် တရားမဝင်လာဘ်ထိုးငွေအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင်ခံခဲ့ရပါတယ်။
၃၀၊ မေ။
အစိုးရက “လက်နက်သဖွယ် အသုံးချခြင်း” ခံရသူတွေကို လျော်ကြေးပေးဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့
ဒေါ်လာ ၁.၈ ဘီလီယံနီးပါးရှိရန်ပုံငွေတရပ် ထူထောင်မယ့် အစီအစဉ်ကို အမေရိကန်တရားသူကြီး တဦးက မေလ ၃၀ ရက်၊ သောကြာနေ့မှာ ယာယီပိတ်ပင်လိုက်ပါတယ်။
ဗာဂျီးနီးယားအရှေ့ပိုင်းခရိုင်ရဲ့ အမေရိကန်ခရိုင်တရားသူကြီး လီယွန်နီ ဘရင်ကီမာရဲ့ အမိန့်အရ အဆိုပါ ရန်ပုံငွေ ထူထောင်တာ ၊
လည်ပတ်တာတွေနဲ့ပတ်သက်ပြီး ဆက်မလုပ်ဖို့ ထရမ့်အစိုးရကို တားမြစ်လိုက်တာပါ။
အမိန့်ဟာ အနည်းဆုံး ဇွန်လ ၁၂ရက်နေ့အထိ အသက်ဝင်မှာဖြစ်ပါတယ်။
တရားရေးဝန်ကြီးဌာနဟာ ပြီးခဲ့တဲ့ သီတင်းပတ်က “လက်နက်သဖွယ် အသုံးချမှုဆန့်ကျင်ရေး ရန်ပုံငွေ” ထူ
ထောင်ကြောင်း ကြေညာခဲ့တာပါ။
ဒါဟာ ထရမ့်ရဲ့ အခွန်ဆိုင်ရာ မှတ်တမ်းတွေ ပေါက်ကြားမှုနဲ့ပတ်သက်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကို တရားစွဲဆိုထားမှုကို ကျေအေးပေးမယ့် သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတခုအနေနဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အဖွဲ့ဝင် ငါးဦးပါဝင်တဲ့ ကော်မရှင်ကနေ ကြီးကြပ်မယ့် ဒေါ်လာ ၁.၇၇၆ ဘီလီယံတန် ရန်ပုံငွေဟာ “lawfare” ဥပဒေကို အလွဲသုံးစားလုပ်ပြီး တိုက်ခိုက်တာနဲ့
“weaponization” လက်နက်သဖွယ် အသုံးချတာ ခံခဲ့ရကြောင်း သက်သေပြနိုင်သူတွေကို ငွေကြေးခွဲဝေပေးဖို့ ထူထောင်ထားတာဖြစ်သလို အဆိုပါ အသုံးအနှုန်းတွေကို ထရမ့်နဲ့ သူ့ရဲ့မဟာမိတ်တွေက သူတို့အပေါ် စွဲဆိုတဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ရာဇဝတ်မှုခင်းတွေကို ဖော်ပြဖို့ သုံးလေ့ရှိပါတယ်။
သောကြာနေ့က ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဟာ ထရမ့်-ဗန့်စ် အစိုးရရဲ့အတွေးအခေါ်ပိုင်း ဒါမှမဟုတ် နိုင်ငံရေးအရ အတိုက်အခံတွေအဖြစ် ပစ်မှတ်ထားခံရတယ်လို့ ပြောဆိုထားတဲ့ အဖွဲ့တဖွဲ့က တရားစွဲဆိုမှုကြောင့် ထွက်ပေါ်လာတာပါ။
တရားစွဲဆိုခဲ့တဲ့ ထရမ့်ဆန့်ကျင်ရေးအဖွဲ့ဖြစ်တဲ့ Democracy Forward ရဲ့အကြီးအကဲ စကိုင်း ပယ်ရီမန်က “ဒါဟာ ပွင့်လင်းမြင်သာမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ အမေရိကန်ပြည်သူတွေအတွက် အောင်ပွဲတခုပဲ” လို့ ပြောခဲ့ပါတယ်။ “ဘယ်အစိုးရမှာမှ ပြည်သူ့ဘဏ္ဍာကို နိုင်ငံရေးအရ ဆုလာဘ်ပေးတဲ့အစီအစဉ်အတွက် သုံးစွဲပိုင်ခွင့် အခွင့်အာဏာ မရှိပါဘူး”လို့လည်း ဆိုပါတယ်။
တရားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ တဦးကတော့ ဝန်ကြီးဌာနအနေနဲ့ အဆိုပါ ရန်ပုံငွေရဲ့ တရားဝင်မှုအပေါ် အပြည့်အဝ ယုံကြည်မှုရှိနေဆဲပဲလို့ ပြောပါတယ်။
ယာယီရှေ့နေချုပ် တော့ဒ် ဘလန့်ချ်ကလည်း လျော်ကြေးရဖို့ အရည်အချင်းသတ်မှတ်ချက်မှာ ဘယ်ပါတီဖြစ်ရမယ်ဆိုတဲ့ ပါတီစွဲ လိုအပ်ချက်တွေ မရှိပါဘူးလို့ ပြောထားပါတယ်။
“ဥပဒေကို အလွဲသုံးစားလုပ်ပြီး တိုက်ခိုက်တာ ခံရတဲ့ သားကောင်တွေကိုနစ်နာကြေးပေးဖို့ ကျွန်တော်တို့ ကြိုးပမ်းနေတာကို တရားသူကြီးတွေရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ မူဝါဒဦးစားပေးမှုတွေကြောင့် အနှောင့်အယှက်ဖြစ်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူး” လို့ တရားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။
အဆိုပါ ရန်ပုံငွေဟာ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီထဲက လွှတ်တော်အမတ်အချို့အပါအဝင် ဝေဖန်ကန့်ကွက်မှုတွေ မြင့်တက်ခဲ့ပြီး
သူတို့က ၂၀၂၁ ခုနှစ်ဇန်နဝါရီ ၆ ရက်နေ့မှာ အမေရိကန်လွှတ်တော်အဆောက်အအုံကို တိုက်ခိုက်ခဲ့သူတချို့ဟာ အခွန်ထမ်းပြည်သူတွေရဲ့ ငွေတွေကို ရရှိနိုင်ခြေအပေါ် ဒေါသတကြီး ဖော်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ထရမ့်ရဲ့ နိုင်ငံရေးမဟာမိတ်တွေကို ဆုချမယ့် တရားမဝင်လာဘ်ထိုးငွေအဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် လှောင်ပြောင်ခံခဲ့ရပါတယ်။
Democracy Forward ရဲ့ တရားစွဲဆိုမှုဟာ အဆိုပါ ရန်ပုံငွေ ထူထောင်မှုကိုကန့်ကွက်ထားတဲ့ အနည်းဆုံး တရားစွဲဆိုမှု သုံးခုထဲက တခုဖြစ်ပါတယ်။
တရားသူကြီး ဘရင်ကီမာကတော့ ရန်ပုံငွေအပေါ် ယာယီတားဆီးပိတ်ပင်မိန့်ထုတ်ပေးဖို့ တရားလိုတွေရဲ့ တောင်းဆိုချက်ကို မစဉ်းစားခင်မှာ လက်ရှိအခြေအနေကို ထိန်းသိမ်းထားဖို့နဲ့ ရန်ပုံငွေတွေကို ပြန်လည်ရယူလို့မရအောင် လွှဲပြောင်းပေးလိုက်တာမျိုးမဖြစ်အောင် တားဆီးဖို့အတွက် အခုယာယီအမိန့်ဟာ လိုအပ်တယ်လို့ ပြောပါတယ်။
တရားစွဲဆိုထားတဲ့ အဖွဲ့ထဲမှာ ဇန်နဝါရီ ၆ ရက် ရုန်းရင်းဆန်ခတ်မှုမှာ ပါဝင်သူတွေကို တရားစွဲဆိုခဲ့တဲ့ တရားရေးဝန်ကြီးဌာနရဲ့ ရှေ့နေဟောင်းတဦးနဲ့လူဝင်မှုကြီးကြပ်ရေး ဝင်ရောက်စီးနင်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ကယ်လီဖိုးနီးယားက ပါမောက္ခတဦးတို့ ပါဝင်နေပါတယ်။
အစိုးရရှေ့နေတွေက ရန်ပုံငွေထဲကို ဘာပိုက်ဆံမှ မရွှေ့ရသေးပါဘူးလို့ တရားလိုတွေကို ကတိပေးခဲ့ပေမယ့် ဘယ်လိုငွေလွှဲမှုမဆို မလုပ်ခင် ၂၄ နာရီထက်ပိုပြီး ကြိုတင်အကြောင်းရမယ်ဆိုတဲ့ အချက်ကို ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာဆုံးဖြတ်ချက် ထွက်လာတာပါ။
ဝန်ကြီးဌာနအနေနဲ့ ဘလန့်ချ်က ခန့်အပ်မယ့် ကော်မရှင်နာ ငါးဦးထဲက ဘယ်သူ့နာမည်ကိုမှ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
တရားရေးဝန်ကြီးဌာနကတော့ မေလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး ရက်ပေါင်း ၆၀အတွင်း ရန်ပုံငွေထဲကို ငွေတွေရွှေ့ဖို့ စီစဉ်ထားတယ်လို့ ပြောထားပါတယ်။
Ref – Reuters