ကလေးဦးခေါင်းနဲ့ နွားဦးခေါင်း ၂ မျိုးပါ နွားပေါက်ကလေး မွေးဖွားဆိုတဲ့ ဗွီဒီယိုဟာ AI နဲ့ဖန်တီးထားခြင်း သာဖြစ်

ကလေးဦးခေါင်းနဲ့ နွားဦးခေါင်း ၂ မျိုးပါ နွားပေါက်ကလေး မွေးဖွားဆိုတဲ့  ဗွီဒီယိုဟာ AI နဲ့ဖန်တီးထားခြင်း သာဖြစ် 

၂၀၂၆ ခုနှစ်၊ မတ်လ   ၃   ရက်

(Factcheck/ DNA / The Red Flag)

 

☑️အနှစ်ချုပ်

လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Tiktok နဲ့ Youtube တွေမှာ ကလေးဦးခေါင်းနဲ့ နွားဦး ခေါင်းပါ နွားငယ်တကောင်မွေးဖွားတယ်ဆိုတဲ့  ဗွီဒီယို ၁ ခု ပျံ့နှံ့နေတာကို တွေ့ရပြီး စိတ်ဝင်စားသူ၊ ကြည့်ရှု မှတ်ချက်ပေးသူများပြားနေတာကို တွေ့ရပါတယ်။

ဒီအကြောင်းအရာကို DNA က စစ်‌ဆေးကြည့်တဲ့အခါ ဗီဒီယိုအစစ်အမှန်မဟုတ်ဘဲ AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်မှာ “မာံအံင်ဇုး မေတာ”အမည်ရှိတဲ့ Facebook အကောင့်ကနေ “ မဆဲရဘူနော်

ဒ်ုဟုမာန်ပုဟ်လေဝ်”(မူရင်းအရေးအသားအတိုင်း)လို့ ရေးသားပြီး နွားသားပေါက်လေးခန္ဓာကိုယ်မှာ လူဦး ခေါင်းနဲ့ နွားဦးခေါင်း ၂ ခုပါတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ဆရာတော်ဉူးသုမင်္ဂလတရားတော်နောက်ခံအသံနဲ့အတူ ဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

အဲ့ဒီဗီဒီယိုဖိုင်ဟာ ဧပြီလ ၂ ရက်အထိ reaction 46.4 k, comment 518, share 7.9 k ထိရှိခဲ့ပြီး ပျံ့နှံ့မှုများ နေပါတယ်။

မာံအံင်ဇုး မေတာ https://shorturl.at/vl4sp 

 

အခြား လူမှုကွန်ရက်တွေဖြစ်တဲ့ Youtube,Tiktok နဲ့ Facebook တွေမှာပါ ထပ်ဆင့် မျှဝေနေလို့ လူအများ ကြည့်ရှုစိတ်ဝင်စားမှုများနေပါတယ်။

made.in.myanmar2027- https://shorturl.at/nj3pm 

RPL(Arakan-Myanmar)NewsYoutube- https://shorturl.at/WKX1r 

taryar168 tiktok – https://shorturl.at/pmhFn 

 Renityvaiahlylah ljlani – https://shorturl.at/SXytq 

 

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ အမှန်တကယ်ဖြစ်ပွားတဲ့ဖြစ်စဉ် မဟုတ်ဘဲ ထိုင်းနိုင်ငံက “นาฎลดา แฟนเพจ” အမည်ရှိ Natlada Fanpage ဆိုတဲ့ တိရစ္ဆာန်တွေနဲ့ ပစ္စည်းမျိုးစုံတွေကို AI Video တွေဖန်တီးပြီး ပို့စ်တင်လေ့ရှိတဲ့ AI Video Creator ရဲ့ အကောင့်ကနေ ကူးယူဖြန့်ဝေထားတဲ့ AI နဲ့ဖန်တီးထားတဲ့ သတင်းမှားတခုဖြစ်တယ် ဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

သဘာဝလွန်ပုံစံတိရစ္ဆာန်ပုံတွေနဲ့ ပစ္စည်းမျိုးစုံတွေကို AI နဲ့ အထူးအဆန်းတွေအဖြစ်ဖန်တီးလေ့ရှိသူ AI Video Creator တဦးဖြစ်တဲ့ ထိုင်းနိုင်ငံက Facebook သုံးစွဲသူ “นาฎลดา แฟนเพจ/Natlada Fanpage  ကနေ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက် ၁၅း၅၆ အချိန်မှာ ထိုင်းဘာသာနဲ့  “ โอ้โหไม่เคยเห็นมาก่อน #นี่คือคลิปAI #reels #ai” Iဝိုး၊ ဒီလိုမျိုး တစ်ခါမှ မမြင်ဖူးဘူး။ #ဒါက AI ဗီဒီယိုပါ။ #reels #ai” လို့ ရေးသားပြီး ပို့စ်တင်ခဲ့တာကို တွေ့ရပါတယ်။

นาฎลดา แฟนเพจ – https://shorturl.at/Bc5H8 

 

အဲဒီပို့စ်မှာ Reaction-16.3 k,comment 443,share 1.9 k ရရှိခဲ့ပြီး စတင်ပျံ့နှံ့ခဲ့ကာ ယင်း၏လူမှုကွန်ရက် တွင်လည်း AI နဲ့ဖန်တီးထားတဲ့ တိရစ္ဆာန်မျိုးစပ်ပုံတွေနဲ့ အရာဝတ္တုပစ္စည်းတွေစတဲ့ ပို့စ်တွေကိုသာ တင်လေ့ ရှိတာကို တွေရမှာ ဖြစ်ပါတယ်။

นาฎลดา แฟนเพจ/ Natlada Fanpage- https://shorturl.at/kZnzk  

 

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ ထိုင်းနိုင်ငံက “69ladyhunter” အမည်ရှိတဲ့ Tik Tok အကောင့်ကနေ “รื่องน่ารักของเด็กที่เริ่มยืนได้ ชมเด็กน้อยที่ยืนได้เป็นครั้งแรก เรียนรู้และสร้างความทรงจำสำคัญที่ไม่ควรพลาด!“ “မတ်တပ်ရပ်တတ်အောင် သင်ယူနေတဲ့ ကလေးငယ်လေးရဲ့ နှလုံးသား နွေးထွေးစရာ ဇာတ်လမ်း တပုဒ်။ ကလေးငယ်လေး ပထမဆုံးအကြိမ် မတ်တပ်ရပ်တာကို ကြည့်ရှုပြီး မမေ့နိုင်စရာအမှတ်တရတွေ ကိုသင်ယူပြီး ဖန်တီးလိုက်ပါ။”လို့ AI နဲ့ပြုလုပ်ထားတာဖြစ်တယ်ဆိုတဲ့စာသားနဲ့အတူ ရေးသားဖြန့်ဝေခဲ့တာ ကိုတွေ့ရမှာ ဖြစ်ပါတယ်။

69ladyhunter Tiktok- https://shorturl.at/Eoywh 

 

အလားတူပဲ မြန်မာနိုင်ငံက taryar168 Tik Tok က တင်ထားတဲ့ ဗွီဒီယိုမှာလဲ “ This is an AI-generated summary of the content, and is not intended to provide factual context. If you think it may contain an error, please report at: Feedback and help – Tik Tok” ဆိုပြီး AI နဲ့ပြုလုပ်ထားတာဖြစ် တယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ 

taryar168 Tiktok – https://shorturl.at/pmhFn 

 

၂၉.၃.၂၀၂၆ ရက်မှာ ထိုင်းနိုင်ငံက Facebook အသုံးပြုသူတဦးဖြစ်တဲ့ “ สมชาย ดวงดี”  ကနေ “ต้องให้โตกว่านี้แล้วดูหน้าเขาสิมันเหมือนใครบ้าง” “သူအသက်ကြီးလာတဲ့အထိစောင့်ပြီးမှ သူ့မျက်နှာကိုကြည့်ရမယ်။ သူက ဘယ်သူနဲ့ တူလဲ။” လို့ရေးသားပြီး အလားတူဗွီဒီယိုကို တင်ခဲ့တာကိုတွေ့ရပါတယ်။

สมชาย ดวงดีhttps://shorturl.at/mANxG 

 

☑️သုံးသပ်ချက် 

ဒီသတင်းမှားဟာ ထိုင်းနိုင်ငံမှာ ထိုင်းနောက်ခံစကားပြောနဲ့ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖြစ်ပြီး မူလ AI နဲ့ဖန်တီးထားတဲ့ Video ကို ထပ်မံကူးယူသူက နောက်ခံတရားဟောအသံထည့်ပြီး ဖြန့်ဝေခဲ့တဲ့သတင်းမှားသာ ဖြစ်ပါတယ်။

 

ယခု ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်နဲ့ပတ်သက်လို့ ပြည်တွင်း/ပသတင်းမီဒီယာများမှာလည်း ရေးသားဖော်ပြထားတာ ကို မတွေ့ရှိရပါဘူး။

 

လူနဲ့နွားဟာ မျိုးစိတ်(Species)လုံးဝမတူသလို DNA တည်ဆောက်ပုံလည်း အလွန်ကွာခြားပါတယ်။ သိပ္ပံ နည်းအရ လူမှာ ခရိုမိုဆုန်း ၄၆ ခု (၂၃ စုံ)ရှိပြီး နွားမှာတော့ ၆၀ (၃၀ စုံ)ရှိလို့ လုံးဝမတူညီသလို မျိုးစိတ် လည်းကွဲပြားတဲ့အတွက် သဘာဝအတိုင်းမျိုးစပ်မွေးဖွားလို့ မရပါဘူး။ မျိုးစပ်တဲ့အခါ ဖိုနဲ့မဆဲလ်တွေ ပေါင်း စပ်ဖို့အတွက် ခရိုမိုဆုန်း အရေအတွက်နဲ့ ပုံသဏ္ဌာန် ကိုက်ညီမှုရှိဖို့ လိုအပ်ပါတယ်လို့ ပညာရှင်တွေက ရေး သားထားပါတယ်။

The Tech Interactive- https://shorturl.at/CkWkP 

ကူးယူဖြန့်ဝေသူဖြစ်တဲ့ မာံအံင်ဇုးမေတာ ဟာ ထိုင်းမှာနေထိုင်ပြီး သူ့ရဲ့နေ့စဉ်တင်တဲ့ပို့စ်တွေမှာ reaction ၁၀ ဂဏန်းခန့်သာရရှိပေမဲ့ ဗွီဒီယိုသတင်းမှားမှာ reaction အများအပြားရရှိခဲ့သူဖြစ်တာကို တွေ့ရလို့ ဒီဗွီဒီယို ကို လူမှုကွန်ရက်မှာ ကြည့်ရှုသူ (Views) များစေဖို့ ရည်ရွယ်ကူးယူဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

မာံအံင်ဇုး မေတာ https://shorturl.at/huzzn 

 

AI နဲ့ပြုလုပ်ထားတဲ့ဗွီဒီယိုဖြစ်လို့ အနီးပတ်ဝန်းကျင်မှာ လူအများအပြားရှိပေမဲ့ ရိုက်ကူးတဲ့ ကင်မရာရှိရာ နေရာနဲ့နွားခြံအတွင်းကို ကြည့်ရှုမှုမရှိဘဲ အဝေးပြင်ပကိုသာကြည့်ရှုနေတာကို တွေ့ရတဲ့အပြင် မွေးခါစနွား ပေါက် ဦးခေါင်းဟာလဲ အဆမတန်ကြီးမားနေကာ အချို့အကောင့်တွေက AI နဲ့ဖန်တီးထားတာဖြစ်တယ်ဆို တဲ့ စာသားတွေကို မဖျက်ပဲ တင်ထားတာတွေ့ရတဲ့အတွက် ဒီဗွီဒီယိုဟာ AI နဲ့ဖန်တီးပြုလုပ်ထားတဲ့ အတုသာ ဖြစ်တာကို တွေ့ရှိရပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အပြင် AI နည်းပညာနဲ့ ခွဲခြားရခက်တဲ့ ဗီဒီယိုတွေကို ဖန်တီးနိုင် နေပြီဖြစ်လို့ အင်တာနက်ပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည် ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork