မုံရွာမှာ ခရီးသည်တင်ယာဥ်တစီးကို PDF တွေ ပစ်ခတ်ခဲ့လို့ ယာဥ်မောင်းသေဆုံးဆိုတဲ့သတင်းမှား

မုံရွာမှာ ခရီးသည်တင်ယာဥ်တစီးကို PDF တွေ ပစ်ခတ်ခဲ့လို့ ယာဥ်မောင်းသေဆုံးဆိုတဲ့သတင်းမှား

 

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ  ၂၅   ရက်

(Factcheck/ DNA / The Red Flag)

 

☑️အနှစ်ချုပ်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်မှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်ဘုရားအနီးမှာ ခရီးသည်တင်ယာဉ် တစီးကို PDF တွေ ပစ်ခတ်ခဲ့လို့ ယာဉ်မောင်းတဦးသေဆုံးခဲ့တယ် ဆိုတဲ့သတင်းမှားတခု လူမှုကွန်ရက်မှာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး DNA က အချက်အလက်စစ်ဆေးထား ပါတယ်။ 

 

☑️ဖြန့်ဝေတဲ့အကြောင်းအရာ

စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ View Of Sue ကနေ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ ဓါတ်ပုံ ၄ ပုံနဲ့အတူ “ မုံရွာမှာ ခရီးသည်တင်ယာဥ်တစီး pdf တွေ ပစ်ခတ်ခံရလို့ ယာဥ်မောင်းသေဆုံး “ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားဖြန့်ဝေခဲ့တာကို တွေ့ရပါတယ်။

View of Sue- https://archive.ph/FgYVx 

 

ဒီအကြောင်းအရာကို ၂၀၂၆ ခုနှစ်၊  ဖေဖော်ဝါရီ ၂၄ ရက်အထိ ဝင်ရောက်ကြည့်ရှုသူ  ၂,၇၉၈  ဦး၊ React ပေး သူ ၆၅ ဦး၊  မျှဝေသူ ၉ ဦးရှိတာကို တွေ့ရပါတယ်။

 

ဒီသတင်းကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Delta News Agency က စစ်ဆေး ကြည့်တဲ့အခါ ခရီးသည်တင်ယာဉ်ကို PDF က ပစ်ခတ်ခဲ့လို့ ယာဉ်မောင်းသေဆုံးခဲ့တယ်ဆိုတာမမှန်ကန်ပဲ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့လို့ ခရီးသည်တင်ယာဉ်မောင်းသေဆုံးခဲ့တာကို လိမ်လည်ဝါဒဖြန့် ရေးသားခဲ့ တဲ့ သတင်းမှားဆိုတာကို စိစစ်သိရှိရပါတယ်။

 

☑️ သတင်းစိစစ်ချက်

“ရွှေပီနောင်းယာဉ်ငယ်အသင်းက ခရီးသည် ၄ ဦး၊ ယာဉ်မောင်းနဲ့ ယာဉ်အကူ ၁ ဦးပါခရီးသည်တင်ကားဟာ သမုန်းကုန်းလမ်းခွဲကနေ ပေါက်ငယ်တောအတက်မြောက်နဲ့တောင် မှားကွေ့မိလို့ သာစည်ထောင်ရှေ့ ရောက် သွားချိန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်မှာ မုံရွာမြို့၊ သာစည်ထောင်က စခတွေ မစစ်ဆေးပဲ ပစ်ခတ်လို့ ယာဉ်မောင်း ဆားလင်းကြီးရွာသား အမျိုးသားတဦး သေဆုံးသွားပြီး ခရီးသည်ကား ဖြစ်တာကို သိချိန်မှာ တောင် ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ထုရိုက်ကြတယ်လို့ သိရပါတယ်” ဆိုပြီး မုံရွာမြို့နယ်သတင်းမှန် ပြန်ကြားရေး နဲ့ Monywa Revolution-MR တို့က ရေးသားထားတာကို တွေ့ရပါတယ်။

မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး – https://shorturl.at/35Tsm 

Monywa Revolution-MR – https://shorturl.at/vOnX8 

“ဖေဖော်ဝါရီ ၂၁ ရက် ည ၈ နာရီ ၄၀ မိနစ်အချိန်မှာ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ သာစည်အကျဉ်းထောင် အနားကို လမ်းမှားလာတဲ့ ရွှေပီနောင်း ယာဉ်ငယ်အသင်းက ခရီးသည် ၄ ဦး၊ ယာဉ်မောင်းနဲ့ ယာဉ်အကူ ခြောက်ဦးပါ ခရီးသည်ယာဉ်တစီးကို စစ်ကော်မရှင်တပ်က စစ်ဆေးမှုမပြုလုပ်ဘဲ ပစ်ခတ်ခဲ့လို့ ယာဉ်မောင်း သေဆုံးခဲ့ပြီး ခရီးသည်တဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။”လို့ Mizzima နဲ့ မြေလတ်အသံ တို့က ရေးသားထားတာကိုတွေ့ရပါတယ်။

Mizzima – https://shorturl.at/GviJI 

မြေလတ်အသံ- https://shorturl.at/ajakp 

 

“စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဖေဖော်ဝါရီ ၂၁ ရက် ညဦးပိုင်းက မုံရွာသာစည်ထောင်ရှေ့မှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်လို့ လမ်းမှားဝင်လာတဲ့ လူ ၆ ဦးပါ မုံရွာ-ဗန်းမော်ပြေးဆွဲနေတဲ့ ခရီးသည် တင်ယာဥ်ငယ်လိုင်းက ဆားလင်းကြီးရွာဇာတိလို့ သိရတဲ့ ယာဥ်မောင်း တယောက် သေဆုံးသွားခဲ့ပြီး ကား ပေါ်ပါတဲ့ ခရီးသည်တွေထဲကလည်း တချို့ ဒဏ်ရာရကြသေးတယ်။ ထောင်ရှေ့လုံခြုံရေးစစ်သားတွေက ပစ်ပြီးတော့ကို ကားကို သေနတ်ဒင်တွေနဲ့ လာထုသွားကြသေးတဲ့အပြင် ကားပေါ်က ခရီးသည်တွေကိုလည်း ခေါ်သွားပြီးတော့ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှ ပြန်လွှတ်ပေးလိုက်တာ”လို့ DVB နဲ့ People’s Spring ကရေး သားထားတာကိုတွေ့ရပါတယ်။

DVB- https://shorturl.at/fOBR6 

People’s Spring- https://shorturl.at/cBGCh 

 

ရွှေပီနောင်းယာဉ်ငယ်အသင်းမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ခရီးသည် ၄ ဦး စုစု‌ပေါင်း ၆ ဦးပါခရီး သည်တင်ယာဉ်ဟာ ဖေဖော်ဝါရီ ၂၁ ရက်က သမုန်းကုန်းလမ်းခွဲအနီးတွင် လမ်းမှားကွေ့မိပြီး မုံရွာမြို့ရှိ သာစည်ထောင်အနီးရောက်သွားလို့ စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့ရာ ဆားလင်းကြီးရွာသား ယာဉ်မောင်း အမျိုးသားတဦး သေဆုံးခဲ့တယ်”လို့ သံလွင်ခက် နဲ့ ရွှေဖီမြေ တို့ကရေးသားထားတာကိုတွေ့ရပါတယ်။

သံလွင်ခက်- https://bit.ly/40w3rD6 

ရွှေဖီမြေ- https://shorturl.at/hYds0 

 

ဒါအပြင် အခြားစစ်ကော်မရှင် လော်ဘီချန်နယ်တွေမှာတော့ “မုံရွာမှာ ခရီးသည်တင်ယာဥ်တစီး ပစ်ခတ်ခံရ လို့ ယာဥ်မောင်းသေဆုံး” ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားပြီး PDF ပစ်တယ်ဆိုတာကို ထည့်သွင်းရေးသား ထားခြင်းမရှိတာကို တွေ့ရပါတယ်။

Kyaw Swar-  https://archive.ph/xz0y0 

Ko Chit (MDY)- https://archive.ph/rswit 

Thazin Oo- https://archive.ph/1dJKp 

ကိုလှရွှေ(သတင်းမှန်) – https://archive.ph/5wRAO 

 

☑️သုံးသပ်ချက် 

ဒီသတင်းမှားဟာ “Voice of Myanmar -VOM ကရေးသားထားတဲ့ အကြောင်းအရာကို စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရန်ချန်နယ်တခုဖြစ်တဲ့ View Of Sue ကနေ “မုံရွာမှာ ခရီးသည် တင်ယာဥ်တစီး pdf တွေ ပစ်ခတ်ခံရလို့ ယာဥ်မောင်းသေဆုံး”ဆိုတဲ့ ခေါင်းစဉ်ပြုပြင်ပြီး လိမ်လည်ရေးသား ဖြန့်ဝေထားတာ ဖြစ်တာ ကို တွေ့ရှိရပါတယ်။  မူရင်းဖော်ပြထားတဲ့ မန္တလေးအခြေစိုက် VOM သတင်းဌာနရဲ့ သတင်းထဲမှာ ဆိုရင် လည်း PDF ကပစ်ခတ်တယ်ဆိုတဲ့ အကြောင်းအရာမျိုး လုံးဝ မပါရှိပါဘူး။ 

VOM- https://bit.ly/4kUAYAn 

 

ဒါအပြင် မုံရွာမြို့တွင်းနဲ့ မြို့တွင်းရှိ  သာစည်အကျဉ်းထောင်ဟာ  PDF တွေ စိုးမိုးအထိုင်ချထားတဲ့ နေရာ မဟုတ်ဘဲ စစ်ကော်မရှင်တပ်က လုံခြုံရေးယူအထိုင်ချထားတဲ့နေရာသာ ဖြစ်လို့ PDF တွေပစ်ခတ်လို့ ယာဉ်‌ မောင်းသေဆုံးတယ်ဆိုတာ ဖြစ်နိုင်ဖွယ်ရာမရှိတာကို  တွေ့ရှိရပါတယ်။

ဒါကြောင့် လမ်းကြောင်းမှား ဝင်လာတဲ့ ခရီးသည်တင်ယာဉ်ကို စစ်ကော်မရှင်လုံခြုံရေးတာဝန်ကျ တပ်ဖွဲ့ဝင် တွေက စူးစမ်းလေ့လာ စုံစမ်းမေးမြန်းခြင်းမရှိဘဲ ကြောက်လန့်တကြားပစ်ခတ်ခဲ့လို့ ယာဉ်မောင်း သေဆုံးခဲ့ တာဖြစ်စဉ်အမှန်ဖြစ်ပါတယ်။

အခြားစစ်ကော်မရှင် လော်ဘီချန်နယ်တွေမှာတော့ “မုံရွာမှာ ခရီးသည်တင်ယာဥ်တစီး ပစ်ခတ်ခံရလို ယာဥ် မောင်းသေဆုံး”ဆိုတဲ့ခေါင်းစဉ်နဲ့ရေးသားထားပြီး PDF ပစ်ခတ်ခဲ့တယ်လို့ ရေးသားထားခြင်းမရှိတာကို တွေ့ရပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကို ဒီနေရာ (dnafactcheck@ gmail.com)ကနေ ဝင်ရောက် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ မေးမြန်းနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Web – https://myanmarfactcheckingnetwork.org/

Fb – https://www.facebook.com/myanmarfactcheckingnetwork