အပ်စတိန်းရဲ့ပေါက်ကြားလာတဲ့ဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေတယ်ဆိုတဲ့ သတင်းမှား

အပ်စတိန်းရဲ့ပေါက်ကြားလာတဲ့ဖိုင်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေတယ်ဆိုတဲ့ သတင်းမှား

ဖေဖော်ဝါရီ၊ ၆၊ ၂၀၂၆။

(Fact-check _DNA)

 

လိင်မှုကိစ္စကျူးလွန်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ထောင်ထဲမှာပဲ ကြိုးဆွဲချသတ်သေခဲ့တဲ့ ဂျက်ဖရီ အပ်စတိန်းနဲ့  သက်ဆိုင်တဲ့ စာရွက်စာတမ်း သုံးသန်းကို အမေရိကန် တရားရေးဌာန (DOJ)ကနေ ပြီးခဲ့တဲ့ ဇန်နဝါရီလ၊ ၃၀ရက်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲ့ဒီဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်နေတယ်ဆိုတဲ့ သတင်းမှားတခု လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။

 

အဲဒီအကြောင်းအရာကို စစ်တပ်လက်အောက်ခံ လော်ဘီချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေချန်နယ်ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ၊ ၃ရက်နေ့က “အပ်စတိန်းရဲ့ ဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါ။ (မူရင်းအတိုင်း)” ရေးသားဖြန့်ဝေထားပြီး ကြည့်ရှုသူ ၂၂,၁၈၈ဦးထိရှိနေပြီး ပျံ့နှံ့မှုအားကောင်းနေပါတယ်။

သတင်းမှားလင့် – https://archive.ph/OFXCs 

 

ပျံ့နှံ့လာတဲ့အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီး MFCN အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check ကနေ စစ်ဆေးကြည့်တဲ့အခါမှာတော့ လုပ်ကြံဖန်တီးပြီး အပုပ်ချတိုက်ခိုက်ထားတဲ့ သတင်းအမှားဆိုတာကို တွေ့ရှိရပါတယ်။ 

 

သတင်းစိစစ်ချက်

 

၂၀၂၄ ခုနှစ်အစောပိုင်းမှာ အမေရိကန်တရားရုံးကနေ အက်ပ်စတိန်းနဲ့ ပတ်သက်ဆက်နွှယ်သူတွေရဲ့ အမည်စာရင်းတွေပါဝင်တဲ့ မှတ်တမ်းစာမျက်နှာ ၉၀၀ကို ဖွင့်ပြခဲ့ပါတယ်။

 

မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ရက် ၂၀၂၅ခုနှစ်မှာ “အပ်စတိန်းဖိုင်များပွင့်လင်းမြင်သာရေး အပ်ဥပဒေ”ကို လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် အမေရိကန်တရားရေးဌာန (DOJ)ကနေ  ဒီဇင်ဘာ၊ ၁၉ရက်မှာ အသစ်ပြဌာန်းထားတဲ့ ဥပဒေအရ ဖိုင်ပေါင်း ၄ထောင်ကျော်ကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ၊ ၃၀၊ ၂၀၂၆မှာ စာမျက်နှာ ၃.၅သန်း၊ ရုပ်သံဖိုင် ၂,၀၀၀နဲ့ ရုပ်ပုံပေါင်း တသိန်းရှစ်သောင်းပါတဲ့ မှတ်တမ်းတွေကို ထုတ်ပြန်ခဲ့ပါတယ်။

 

ဇန်နဝါရီလ၊ ၂၀၂၄က ထုန်ပြန်ခဲ့တဲ့ မှတ်တမ်းစာမျက်နှာ ၉၀၀ကျော်ပါတဲ့ မှတ်တမ်း >>> https://bit.ly/45LKzDu 

ဒီဇင်ဘာ၊ ၁၉၊ ၂၀၂၅ က ထုတ်ပြန်ခဲ့တဲ့ ဖိုင်ပေါင်း ၄၀၀၀ကျော်ပါတဲ့ မှတ်တမ်း>>> https://bit.ly/45TsPWN 

ဇန်နဝါရီလ၊ ၃၀၊ ၂၀၂၆ က ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၃.၅သန်း၊ ရုပ်သံပေါင်း ၂,၀၀၀နဲ့ ရုပ်ပုံပေါင်း တသိန်းရှစ်သောင်းပါတဲ့ မှတ်တမ်း >>>

https://bit.ly/45Qp04H 

 

အဲ့ဒီလို သိန်းနဲ့ချီတဲ့စာမျက်နှာတွေပါဝင်တဲ့ မှတ်တမ်းတွေထဲမှာ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဩဇာရှိသူတွေအများကြီးပါဝင်ပေမယ့် လက်ရှိအမေရိကန်တရားရေးဌာန (DOJ)ကနေ  ထုတ်ပြန်ထားတဲ့ မှတ်တမ်းတွေအ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နာမည်ပါဝင်လာခြင်း မရှိတာကိုတွေ့ရပါတယ်။

 

ဂျက်ဖရီအပ်စတိန်းရဲ့ လျှို့ဝှက်မှတ်တမ်းမှာ ပါဝင်ခဲ့တဲ့ နာမည်ကြီး စီးပွားရေးပညာရှင်တွေနဲ့ ဩဇာအာဏာရှိသူတွေအကြောင်း ရေးသားထားတဲ့ သတင်းလင့်များ >>> 

ဂျက်ဖရီအက်ပ်စတိန်း – သြဇာရှိသူတွေနဲ့ ဆက်နွှယ်ခဲ့တဲ့ အမေရိကန် ငွေကြေးလုပ်ငန်းရှင် လိင်မုဆိုး-BBC Burmese – https://bbc.in/4bB9ywZ 

အက်ပ်စတိန်းရဲ့ မှတ်တမ်းဖိုင်အသစ်တွေမှာ ထိပ်တန်းပုဂ္ဂိုလ်တွေ ပါဝင်လာ – Myanmar Now >>> https://bit.ly/4bEYlvf 

အပ်စတိန်းဖိုင်တွေမှာ ဖော်ပြထားတဲ့ ဩဇာအရှိဆုံးအမျိုးသားများစာရင်း (အီလွန်မက်စ်ကနေ မင်းသားအန်ဒရူးအထိ) – PBS-News >>> https://to.pbs.org/4a2H662 

အပ်စတိန်းဖိုင်တွေမှာ ဘီးလ်ဂိတ်စ်၊ အီလွန်မက်စ် အပါအဝင် နာမည်ကြီးတွေပါဝင် – CBS News >>>

https://cbsn.ws/4qqO6yv 

 

သုံးသပ်ချက်

အမေရိကန် တရားရေးဌာန (DOJ)ကနေ ဂျက်ဖရီအပ်စတိန်းနဲ့  သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေကို ဖွင့်ပြခဲ့ပြီးတဲ့နောက် အဲ့ဒီမှတ်တမ်းဖိုင်တွေထဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့လို ဩဇာကြီးမားတဲ့ လူပုဂ္ဂိုလ်များစွာပါဝင်လာခဲ့ပြီးတဲ့နောက် အက်ပ်စတိန်းရဲ့ မှတ်တမ်းဖိုင်ကို လူစိတ်ဝင်စားမှု မြင့်တက်လာပြီး မှတ်တမ်းဖိုင်အကြောင်း ပြောဆိုမှု များပြားနေတာပါ။ 

 

အဲ့ဒီလို လူစိတ်ဝင်စားမြင့်တက်နေတာကို အသုံးပြုပြီး စစ်တပ်လော်ဘီတွေကနေ အက်ပ်စတိန်းရဲ့မှတ်တမ်း ဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါဝင်နေတယ် ဆိုတဲ့ အကြောင်းအရာကို ရည်ရွယ်ချက်ရှိရှိရေးသားဖြန့်ဝေလာတာပါ။

 

MFCN အချက်အလက်စစ်ဆေးသူတွေကနေ စစ်ဆေးကြည့်တဲ့အခါမှာ အက်ပ်စတိန်းရဲ့ တရားဝင် မှတ်တမ်းဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ မှတ်တမ်းအကြောင်းအရာမျိုးမတွေ့ရတာကြောင့် “အပ်စတိန်းရဲ့ ဖိုင်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်းပါ။” ဆိုတဲ့အကြောင်းအရာဟာ  လုပ်ကြံဖန်တီးပြီး ရေးသားထားတဲ့ ဝါဒဖြန့်အကြောင်းအရာသာဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck@gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Epstein #Aung_San_Suu_Kyi #အက်ပ်စတိန်း #လိင်ပိုင်းဆိုင်ရာရာဇဝတ်မှု #လိမ်လည်ဖြားယောင်း