တနေ့ နှစ်နာရီသာ အိပ်တဲ့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိ


တာကာအိချိဟာ ဂျပန်ရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး သူဟာ နိုင်ငံအတွက် အလုပ် ကြိုးစားမယ်လို့ ကတိပေးခဲ့ပါတယ်။

၁၅ ၊ နိုဝင်ဘာ။

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက သူဟာ တညကို နှစ်နာရီကနေ လေးနာရီခန့်သာ အိပ်တယ်
လို့ ပြောခဲ့ပြီးနောက် နိုင်ငံထဲမှာ ပင်ပန်းနွမ်းနယ်နေတဲ့ ဝန်ထမ်းတွေအကြား ပိုမိုကောင်းမွန်တဲ့ အလုပ်နဲ့ဘဝ မျှတမှုဆိုတဲ့ သူ့ရဲ့ ကတိကဝတ်အပေါ် စိုးရိမ်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။

တာကာအိချိဟာ ဘဏ္ဍာရေးဆိုင်ရာ ဘတ်ဂျက် ကော်မတီ ကြားနာပွဲအတွက် သူမရဲ့ လုပ်ဖော်ကိုင် ဖက်တွေကို ရုံးခန်းဆီ မနက် ၃ နာရီမှာ ခေါ်ယူခဲ့လို့ အတော်လေးဂယက် ရိုက်ခတ်ခဲ့ပါတယ်။

ဂျပန်မှာ ရှည်လျားတဲ့ အလုပ်ချိန်တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ မေးခွန်း အမေးခံရပြီးနောက် တာကာအိချိက သူ့မျက်လုံးအောက်က မျက်အိတ်တွေကို လက်ညှိုးထိုးပြရင်း သူဟာ နိုင်ငံရေးမှာ အားကျရတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့ မာဂရက် သက်ချာနဲ့ တူညီစွာ အိပ်ချိန်အနည်းငယ်နဲ့ပဲ ရှင်သန် နေရတယ်ဆိုတဲ့အကြောင်း လွှတ်တော်အမတ်တွေကို ပြောပြခဲ့ပါတယ်။

တာကာအိချိဟာ ဂျပန်ရဲ့ ပထမဆုံးအမျိုးသမီးခေါင်းဆောင်ဖြစ်ပြီး သူဟာ နိုင်ငံအတွက် အလုပ် ကြိုးစားမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီလို ကတိပေးပြီး မကြာခင် သီတင်းပတ်အနည်းငယ်အကြာမှာပဲ အခုလို မနက် ၃ နာရီမှာ သူ့လက်ထောက်တွေကို အစည်းအဝေးခေါ်ခဲ့လို့ လူအများကြားမှာ ပြောစရာဖြစ်ခဲ့ပါတယ်။

“အခုဆိုရင် ကျွန်မ နှစ်နာရီလောက် အိပ်ပါတယ်။ အများဆုံး လေးနာရီလောက်ပါပဲ”လို့ သူက အခုတပတ်အတွင်း ကျင်းပတဲ့ ဥပဒေပြုကော်မတီအစည်း အဝေးမှာ လွှတ်တော်အမတ်တွေကို ပြောခဲ့ပြီး “ဒါက ကျွန်မရဲ့ အသားအရေအတွက် မကောင်းဘူးထင်ပါတယ်”လို့လည်း အရွှန်းဖောက်ခဲ့ပါတယ်။

ဂျပန်မှာ ဝန်ထမ်းတွေဟာ အလုပ်ချိန်ရှည်ကြာစွာ လုပ်ရုံသာမက ညဘက်မှာပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အချိန်ပေးပြီး လူမှုဘဝကို ပုံမှန်လိုဖြတ်သန်းနေရတဲ့ လုပ်ငန်းခွင် ယဉ်ကျေးမှုကြောင့် အဆိုပါ ယဉ်ကျေးမှုကို ပြောင်းလဲဖို့ ရုန်းကန်နေရပါတယ်။

ပြင်းထန်တဲ့ အလုပ်ချိန်တွေရဲ့ နောက်ဆက်တွဲအနေနဲ့ သေဆုံးတာတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကြောင့် အိမ်ထောင်သည် ဇနီးမောင်နှံတွေဟာ ကလေးမွေးဖွားမှု နိမ့်ကျလာတဲ့အပေါ် မြှင့်တင်ဖို့ ခက်ခဲလာတဲ့အပေါ် အပြစ်တင်ခံနေရပါတယ်။

ဝန်ကြီးချုပ်တာကာအိချိကတော့ နိုင်ငံ့ စီးပွားရေးတိုးတက်မှုကို မြှင့်တင်ဖို့အတွက် ဝန်ထမ်းတွေကို အချိန်ပိုအလုပ်လုပ်ဖို့ မျှော်လင့်နေတာကြောင့် စိုးရိမ်နေမှုတွေရှိလာပြီး လက်ရှိမှာလည်း သူ့ရဲ့ အစိုးရအဖွဲ့ဟာ အချိန်ပိုလုပ်ခ ကန့်သတ်ချက်တွေကို မြှင့်တင်ဖို့ ဆွေးနွေးနေပါတယ်။

ဒါပေမဲ့ အလုပ်အခြေအနေ ပြောင်းလဲမှုမှန်သမျှဟာ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ဦးစားပေး ဆောင်ရွက်သွားဖို့သာ ရည်ရွယ်ထားတယ်လို့ သူက ဆိုပါတယ်။

“လူတွေက သူတို့ရဲ့ ဆန္ဒအတိုင်း ကလေးထိန်းကျောင်း ပြုစုစောင့်ရှောက်တဲ့ တာဝန်တွေကို သင့်လျော်မျှတအောင် ထိန်းညှိနိုင်ပြီး အလုပ်လည်းလုပ်နိုင်၊ အပန်းဖြေချိန်တွေကိုလည်း ပျော်ရွှင်စွာဖြတ်သန်းနိုင်၊ အနားယူနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးနိုင်မယ်ဆိုရင် ဒါဟာ အကောင်းဆုံးပါပဲ”လို့ သူက မှတ်ချက်ပြုခဲ့ပါတယ်။

မတ်လ ကမ္ဘာ့အိပ်စက်ခြင်းနေ့မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတစ်ခုအရဂျပန်နိုင်ငံသားတွေဟာ ရက်သ တ္တပတ်ရဲ့ အလုပ်ရက်တွေမှာ ပျမ်းမျှ ၇ နာရီ ၁ မိနစ် သာ အိပ်ချိန်ရှိပြီး ဒါဟာနိုင်ငံတကာပျမ်းမျှအိပ်စက် ချိန်ထက် ၃၈ မိနစ် လျော့နည်းပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ကနေဒါနိုင်ငံတွေထက် ပိုမိုနည်းပါးနေပါတယ်။

Ref – theguardian

#ဂျပန်ဝန်ကြီးချုပ် #တာကာအိချိ #နှစ်နာရီသာအိပ် #DeltaNewsAgency #DNA