
ရီပတ်ပလစ်ကန် သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ အစိုးရယန္တရားတွေ ရပ်ဆိုင်းနေတာ ၃၅ ရက်မြောက် ရှိလာပါပြီ။
၆၊ နိုဝင်ဘာ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီမိုကရက်တွေဟာ တိုင်းပြည်ကို ဖျက်ဆီးဖို့ ပြင်ဆင်နေတယ် “ကာမီကာဇေ (အသေခံတဇောက်ကန်း)” တွေလို့ နိုဝင်ဘာလ ၅ရက်နေ့မှာ စွပ်စွဲ ပြောဆို လိုက်ပါတယ်။
ရီပတ်ပလစ်ကန် သမ္မတဒေါ်နယ်ထရမ့်လက်ထက်မှာ အစိုးရယန္တရားတွေ ရပ်ဆိုင်းနေတာ ၃၅ ရက်မြောက် ရှိလာပါပြီ။
ဒါဟာသမိုင်းတလျောက် Government Shutdown ကာလ အရှည်ကြာဆုံး ဖြစ်ပါတယ်။
အစိုးရဆက်လက်လည်ပတ်ဖို့လိုအပ်တဲ့ ရန်ပုံငွေဥပဒေကြမ်းကို လွှတ်တော်မှာ သဘောတူညီမရလို့ အောက်တိုဘာ ၁ ရက် မနက်အစောပိုင်းကစပြီး သမ္မတထရမ့်ပ်အစိုးရရဲ့ လုပ်ငန်းလည်ပတ်မှုတွေ ရပ်ဆိုင်းထားရတာပါ။
လာမယ့် ဘဏ္ဍာနှစ် အသုံးစရိတ်မှာ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်တွေကို သမ္မတ ထရမ့်က ဖြတ်တောက်တာနဲ့ ပတ်သတ်ပြီး ဒီမိုကရက်နဲ့ ရီပတ်ပလစ်ကန်အကြား လွှတ်တော်မှာ သဘောထားကွဲလွဲတာတွေကြောင့် အခုလိုရပ်ဆိုင်းထားရတာဖြစ်ပါတယ်။
အစိုးရဲ့ ဖက်ဒရယ်အေဂျင်စီတွေ ရပ်လု နီးပါးဖြစ်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ အမေရိကန်နိုင်ငံသား သန်းချီအတွက် စားနပ်ရိက္ခာ အကူအညီပေးတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။
လေကြောင်းထိန်းချုပ်ရေးဝန်ထမ်းတွေအပြင် ပန်းခြံထိန်းသိမ်းစောင့်ရှောက်ရေးအထိ ဖက်ဒရယ်ဝန်ထမ်း ၁.၄ သန်းခန့်ဟာ မဖြစ်မနေ ခွင့်ယူရတာ ဒါမှမဟုတ် လစာမရဘဲ အလုပ်လုပ်နေရတဲ့ အခြေအနေ ရှိနေပါတယ်။
တချို့တရားရုံးတွေကတော့ အရေးပေါ်ရန်ပုံငွေတွေကို အသုံးပြုပြီး ဖွင့်လှစ်ထားပေမဲ့ အစိုးရ လုပ်ငန်း ရပ်ဆိုင်းမှု ကြာမြင့်လာရင် လုပ်ငန်းလည်ပတ်မှု နှေးကွေးသွားနိုင်တယ်လို့ သတိပေးထားပါတယ်။
အစိုးရလုပ်ငန်းရပ်ဆိုင်းမှုတွေ ရက်သတ္တပတ် ခြောက်ပတ်မြောက်ကို ရောက်ရှိလာချိန်မှာ အသက် ၇၉ နှစ်အရွယ် သမ္မတ ထရမ့်က သမ္မတအိမ်ဖြူတော်အတွင်း ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ်တွေနဲ့ မနက်စာစားပွဲမှာ “ကျွန်တော် ဂျပန်ကနေ အခုမှပြန်ရောက်တာပါ”လို့ ပြောပါတယ်။
ဒါ့အပြင် “ကျွန်တော် ကာမီကာဇေ လေယာဉ်မှူးတွေအကြောင်း ပြောခဲ့တယ်။ ဒီလူတွေဟာ ကာမီကာဇေတွေပဲလို့ ကျွန်တော်ထင်တယ်”လို့ ဒီမိုကရက်တွေကို ရည်ညွှန်းပြီး ပြောကြားသလို “လိုအပ်ရင် သူတို့က နိုင်ငံကို ဖျက်ဆီးပစ်လိမ့်မယ်”လို့လည်း စွပ်စွဲထားပါတယ်။
Ref – Reuters